Sunday, November 6, 2011

" ခုမှပဲ ရှင်းတော့တယ်…"




တစ်ခါတုန်းက

မော်လမြိုင်မြို့၊ထင်းရှုးကျေးရွာရဲ့

တစ်ခုသော မိုးတွင်းကာလမှာ

မိုးတွေကသဲသဲမဲမဲရွာနေတယ်။

လျှစ်စီးတွေလည်း အဆက်မပြတ်လက်နေတယ်။

မိုးခြိမ်းသံကိုလည်း ကြားနေရတယ်။

အဖွားဖြစ်သူဒေါ်နှင်းသုန်က

ရန်ကုန်မှလာလည်တဲ့ မြေးလေးတင်မောင်ဝင်းကို လှမ်းကြည့်တယ်။

ပြီးတော့

အဖွားဖြစ်သူဒေါ်နှင်းသုန်က

ခြောက်တန်းကျောင်းသားဖြစ်တဲ့မြေးလေးတင်မောင်ဝင်းကိုမေးလိုက်တယ်။

“အဖွားဟာ ပထမလျှပ်စီးလက်တာကို မြင်တယ်။

နောက်မှ မိုးခြိမ်းသံကိုကြားရတယ်။

အဲဒါဘာကြောင့်လဲ။

သိပ္ပံနည်းကျကျ အဖွားကိုရှင်းပြစမ်းကွယ်”



တင်မောင်ဝင်းက ချက်ချင်း ပြန်ဖြေလိုက်တာက...

"ရှင်းရှင်းလေးပဲ အဖွားရယ်။

အဖွားရဲ့မျက်လုံးတွေက အရှေ့မှာရှိပြီး

နားက နောက်မှာရှိတယ်လေ”


1 comment:

ကိုတူး said...

ဟားဟားးး ကျွန်တော်လည်း ခုမှပဲရှင်းတော့တယ် ဆရာရေ ...

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com