Wednesday, August 12, 2009

မြတ်ဗုဒ္ဓ၏အဆုံးအမ



မကောင်းမှုရှောင်၊

ကောင်းမှုဆောင်၊
ဖြူအောင်စိတ်ကိုထား။
ပြောပြုတွေးလျှင်သတိယှဉ်
ဆင်ခြင်ဥာဏ်ရှေ့သွား။
စိတ်ထားဖြောင့်မှန်၊
ခွင့်လွှတ်ရန်၊
သည်းခံမေတ္တာထား။
လုံ့လနှင့်ဇွဲ၊မလျော့ဘဲ၊
အမြဲတင်းတင်းထား။
အရာရာတွင်...
အသုံးဝင်...
အောင်မြင်ကြောင်းတရား။
(ချမ်းမြေ့ဆရာတော်)

သင်းချိုင်းလေးတစ်ခုရဲ့အုတ်ဂူလေးမှာရေးထားသည့်စာ



မိတ်ဆွေ.....

ငါ့အနားကဖြတ်သွားတဲ့အခါ...
သတိပြုလိုက်စမ်းပါ။
ငါလည်းပဲ တစ်ချိန်တုန်းက
သင့်လိုပဲ အသက်ရှင်ခဲ့ဘူးတာပဲ။
သင်လည်းပဲ တစ်နေ့ကျရင်...
အခုငါ့လိုဖြစ်လာမှာပါ။
ပြင်ဆင်စရာရှိသမျှ
ပြင်ဆင်ပြီးရင်...
ငါ့နောက်လိုက်ခဲ့ပေါ့။

Monday, August 10, 2009

အချိန်ဆိုတာ.....




အချိန်ဆိုတာ....
စောင့်ဆိုင်းနေသူအတွက်

နှေးကွေးလွန်းလှပါတယ်။

အချိန်ဆိုတာ.....
ကြောက်ရွံ့နေသူအတွက်

မြန်ဆန်လွန်းလှပါတယ်။

အချိန်ဆိုတာ.....
ဝမ်းနည်းပူဆွေးနေသူအတွက်

ရုည်ကြာလွန်းလှပါတယ်။

အချိန်ဆိုတာ.....
ပျော်ရွှင်ကြည်နူးနေသူအတွက်

တိုတောင်လွန်းလှပါတယ်။
အချိန်ဆိုတာ.....
ချစ်နေကြသူတွေအတွက်ကတော့

ထာဝရပါပဲကွယ်။

Thursday, August 6, 2009

တားမရဘူး


တစ်နေကွယ်...
သေနယ်သို့တစ်ခါကူး
မေ့လျော့ကာမသေဘူး
မထင်ပါလေနှင့်၊
နေကွယ်တာကြိမ်ဖန်များလျှင်ဖြင့်
သေနယ်ရွာအမှန်သွားရလိမ့်မယ်
တားမရဘူး......။

Tuesday, August 4, 2009

“ ရိုးသားမှုဆိုတာ......”

ကျနော် ငယ်ငယ်က ပုံပြင် နားထောင်ရတာကို အလွန်နှစ်သက်ခဲ့ပါတယ်၊
ကျနော်ကြားဖူးနားဝပုံပြင်တစ်ချို့ကို မျှဝေပေးလိုက်တာပါ၊
ဘယ့်သူ့ကိုမှထိခိုက်စေတဲ့စေတနာမရှိပါဘူး၊
လူသားတွေအားလုံး ရီမောပျော်ရွှင်နိုင်ကြပါစေ။



“ ရိုးသားမှုဆိုတာ......
တစ်ခါတုံးက...အလွန်ရိုးသားတဲ့သစ်ခုတ်သမားတစ်ယောက်ရှိတယ်၊ ရိုးသားသလောက်လည်း ဆင်းရဲရှာပါတယ်၊ ဆင်းရဲရှာတော့ တောထဲသွားပြီး သစ်ခုတ်ရပါတယ်၊
တစ်နေ့တော့ မြစ်ကမ်းနဘေးမှာ သစ်ခုတ်နေတုံး သူ့ရဲ့ပေါက်ဆိန်ဟာအရှိန်လွန်ပြီး မြစ်ထဲကျသွားပါလေရော၊ သူ့ရဲ့ပေါက်ဆိန်ကိုနှမြောတာလား၊
သူ့မိန်းမ ဆူမှာကြောက်တာလား၊ မပြောတတ်ပါဘူး၊
ကြံရာမရဖြစ်ပြီး ထိုင်ငိုနေတော့တာပဲ။
အဲဒီအချိန်မှာပဲ မမျှော်လင့်ပဲ နတ်သားတစ်ပါးဟာ ဘွားကနဲပေါ်လာပါတယ်၊“ ဘာဖြစ်လို့ငိုနေတာလဲ” လို့မေးတာပေါ့၊ အဖြစ်မှန်ကိုသိတော့ မြစ်ထဲက ရွှေပေါက်ဆိန်တစ်ခုကို ဆယ်ပြီး ပေးလိုက်ပါတယ်၊ သစ်ခုတ်သမားက“သူ့ပေါက်ဆိန်မဟုတ်ဘူး” လို့ငြင်းလိုက်ပါတယ်၊ ဒါနဲ့ဘဲ နတ်သားက နောက်တစ်ကြိမ် ငွေပေါက်ဆိန်ကို ဆယ်ပေးပြန်တယ်၊ သစ်ခုတ်သမားက“ သူ့ဟာမဟုတ်ဘူး” ငြင်းပြန်ပါတယ်၊ နောက်ဆုံးအကြိမ်မှာတော့ သံပေါက်ဆိန်ကို ဆယ်ပေးပါတယ်၊ ဒီအကြိမ်မှာတော့ သစ်ခုတ်သမားဟာ သူ့ပေါက်ဆိန်ဆိုပြီးယူလိုက်ပါတယ်၊ နတ်သားဟာ သစ်ခုတ်သမားရဲ့ ရိုးသားမှုကို သဘောကျပြီး ပေါက်ဆိန် သုံးခုစလုံးကိုပေးလိုက်ပါတယ်။
ဒါနဲ့ဘဲ ကာလအတန်ကြာသွားတဲ့ တစ်ချိန်မှာတော့ သစ်ခုတ်သမားနဲ့ သူ့ရဲ့မိန်းမ ၀၀တုတ်တုတ် ဟာ မြစ်ကူးတံတားကဖြတ်လျှောက်သွားတုံး ဖြူန်းကနဲ မိန်းမဟာ မြစ်ထဲပြုတ်ကျသွားရောတဲ့၊ သစ်ခုတ်သမားဟာ ထုံစံအတိုင်း ထိုင်ငိုနေပါတယ်၊ နတ်သားဟာလည်း ထုံစံအတိုင်းရောက်လာပြန်ပါတယ်၊ အကျိုးအကြောင်းကို မေးပြန်ပါတယ်၊ မိန်းမဟာမြစ်ထဲကကျသွားလို့ငိုနေတာသိတော့ မြစ်ထဲက သက်မွန်မြင့် လိုအလွန်ချော အလွန်လှတဲ့မိန်းမတစ်ယောက်ကိုဆယ်ပေးပြီး“ ဒါ မင်းမိန်းမလား”လို့မေးသတဲ့၊ သစ်ခုတ်သမားဟာ “ဟုတ်တယ် ”ဆိုပြီး ယူထားလိုက်ပါတယ်။ ဒီတော့နတ်သားက မင်း ပေါက်ဆိန်ကျသွားတုံးက ရိုးသားတယ်၊ ခုမိန်းမ ကျသွားတော့ မရိုးသားဘူး၊ လို့ပြောတော့ သစ်ခုတ်သမားရဲ့ ပြန်ပြောတဲ့စကားက..
“.အသင်နတ်သား ကျနော် မရိုးသားတာမဟုတ်ပါဘူး၊ ကျနော်က မဟုတ်ဘူးလို့ပြောရင် နောက်အလွန်လှပတဲ့ မော်ဒယ်ဂဲလ်နဲ့တူတဲ့မိန်းမ တစ်ယောက် ကိုဆယ်ပေးအုံးမယ်၊
နောက်ဆုံးကျမှ ကျနော်ရဲ့မိန်းမ ကိုဆယ်ပေးပြီး ရိုးသားတယ်ဆိုပြီး အဲဒီ မိန်းမတွေ အားလုံးကို ပေးရင်အခုလိုခေတ်ကြတ်ကြီးမှာ မိန်းမ သုံးယောက်ကိုရှာမကျွေးနိုင်လို့ အရင်ဆုံးပေးတဲ့ မိန်းမကို ယူလိုက်ရတာပါ ”လို့ပြောလိုက်ပါတယ်။

“ အရက်ပဲ သောက်ကြမလို့ လား?”



လေယာဉ်ခရီးစဉ်တစ်ခုတွင်တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်ဖြစ်ပါတယ်။

လေယာဉ်ဟာပြေးလမ်းပေါ်တက်ပြီး အမြင့်ပေတစ်သောင်းကို ရောက်တော့မှ

လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် တစ်ရာအနက် လေးဆယ်အတွက်သာ

ကျွေးစရာ အစားအစာ ပါလာကြောင်း သိလိုက်ရတယ်။

ထိုအခါလေယာဉ်မယ်ကမိုက်ကရိုဖုန်းကတစ်ဆင့် ကြေညာတယ်။


“ လေးစားအပ်တဲ့ ခရီးသည်များရှင့်

တခြားခရီးသည်တွေ စားပါစေ ဆိုတဲ့ စေတနာနဲ့

ကိုယ့်နေ့လယ်စာကို စွန့်လွှတ်တဲ့ခရီးသည်ကို

ခရီးစဉ်တစ်လျှောက်လုံး ကြိုက်ရာအရက်ကို အခမဲ့တိုက်မယ် ဖြစ်ပါတယ်ရှင့်”


နောက်တစ်နာရီအကြာတွင် မိုက်ကရိုဖုန်းမှ အသံမြည်လာပြန်တယ်။


“ခရီးသည်တွေထဲက စိတ်ပြောင်းတဲ့သူများ ရှိမယ်ဆိုရင်

လူ ၃၀-စာကျွေးစရာ ကျန်ပါသေးကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်”

ခြင်္သေ့လား....?.ကြွက်လား.....?




ခြင်္သေ့ဟာတောရဲ့ဘုရင်ဖြစ်တယ်။
တိရစ္ဆာန်တွေကြားမှာ အငြင်းပွားမှုတစ်ခုဖြစ်နေတယ်။
ဒါနဲ့ပဲ တိရ စ္ဆာန်တွေ က သူတို့ရဲ့ ဘုရင်ခြင်္သေ့ကို
မေးခွန်းတစ်ခုကို ဝိုင်းမေးပါတယ်။

“ကြောင်မည်းတစ်ကောင် ဖြတ်သွားရင်
ကံဆိုးမိုးမှောင်ကျမယ့် နိမိတ်လို့ဆိုကြတယ်။
အဲဒါ ဟုတ်ပါသလား? ခြင်္သေ့မင်း”

“ဒါက ခင်ဗျားဟာ ခြင်္သေ့လား၊
ဒါမှမဟုတ်
ကြွက်လားဆိုတဲ့ အပေါ်မှာ တည်ပါတယ်။”

နိမိတ်ဆိုးကို ယုံကြည်ခြင်းဟာ အယူသည်းမှု သက်သက်သာဖြစ်တယ်။
အယူသည်းတာဟာ အသိဉာဏ်နည်းပါးခြင်း လက္ခဏာတစ်ခုဖြစ်တယ်။
ဉာဏ်ရှိရင် သိနိုင်ပါတယ်။
လူတိုင်းဉာဏ်နဲ့ယှဉ်ပြီးဝေဖန်ပိုင်းခြားတတ်ကြပါစေ။

Tuesday, July 14, 2009

" ကျန်းမာရေးအတွက် လမ်းလျှောက်ပါ..."



ကုသတာထက် ကာကွယ်တာကပိုကောင်းတယ်ဆိုတဲ့စကားဟာ အမြဲမှန်ကန်ပါတယ်။
လမ်းလျှောက်တာဟာ ကျန်းမာရေးအတွက် ကာကွယ်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လမ်းလျှောက်ပြီးကျန်းမာရေးကောင်းအောင်လုပ်တာဟာ
အကုန်အကျလည်းသက်သာပါတယ်။
နံက်စောစော ထပြီးလမ်းလျှောက်တာဟာ
အလွန်နှစ်လိုဖွယ်ကောင်းတဲ့အပြုအမူတစ်ခုလည်းဖြစ်ပါတယ်။
အလေ့အကျင့်မရှိခဲ့ရင်
စောစောထဖို့ဆိုတာ ခက်ခဲတတ်ပါတယ်။
အလေ့အကျင့်ဖြစ်သွားပြီဆိုရင်တော့ ဒါဟာလည်းအလေ့အကျင့်ကောင်းတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။
လေကောင်းလေသန့်ရနိုင်တဲ့နေရာကိုရွေးချယ်နိုင်ရင်တော့
အဲဒီနေရာဘက်ကိုလျှောက်သင့်ပါတယ်။
ထို့ထက်ပိုပြီး
လှပတဲ့ရှုခင်းရှိတဲ့နေရာမျိုးဆိုရင်တော့
ကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။
ဘာကြောင့်ဆိုတော့ တစ်ချက်ခုတ်လိုက်ပေမဲ့
နှစ်ချက်မကပြတ်သွားလို့ပါဘဲ။

တစ်ချက်ကတော့
ခပ်သွက်သွက်လေးလမ်းလျှောက်မယ်၊ လမ်းလျှောက်ချိန်ကလည်းနာရီဝက်ဝန်းကျင်လောက်ရှိမယ်ဆိုရင် ချွေးစို့လာပါလိမ့်မယ်။
ဒါဟာသွေးလည့်ပတ်မှု
ကိုသိသိသာသာကောင်းလာစေပါလိမ့်မယ်။
ကိုယ်အလေးချိန်ကိုလည်းထိမ်းသိမ်းပြီးသားဖြစ်စေပါတယ်။

နောက်တစ်ချက်ကတော့
သာယာလှပတဲ့ရှုခင်းကစိတ်ချမ်းသာစေပါတယ်။
စိတ်ကြည်လင်လန်းဆန်းစေပါတယ်။
တစ်နေ့တာကိုအကောင်းဆုံးစတင်လိုက်တာနဲ့တူပါတယ်။
ဒါကြောင့် ခွန်းအားအပြည့်နဲ့ နေ့တစ်နေ့ကိုဖြတ်ကျော်ချင်ရင်တော့
လမ်းလျှောက်ပါလို့တိုက်တွန်းချင်ပါတယ်။

လမ်းလျှောက်တဲ့အကျိုးတရားတွေကတော့လူတိုင်းသိနေမှာပါ။
သိနေရုံနဲ့မလုံလောက်ပါဘူး။
တကယ်လုပ်ဖို့လို
အပ်ပါတယ်။
တကယ်လုပ်လိုက်တဲ့အခါမှသာ သိနေတဲ့အကျိုးတရားတွေကိုခံစားရမှာပါ။

လူသားတွေအားလုံး ကျန်းမားရေးနဲ့ပြည့်စုံကြပါစေ။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com