Tuesday, August 4, 2009

ခြင်္သေ့လား....?.ကြွက်လား.....?




ခြင်္သေ့ဟာတောရဲ့ဘုရင်ဖြစ်တယ်။
တိရစ္ဆာန်တွေကြားမှာ အငြင်းပွားမှုတစ်ခုဖြစ်နေတယ်။
ဒါနဲ့ပဲ တိရ စ္ဆာန်တွေ က သူတို့ရဲ့ ဘုရင်ခြင်္သေ့ကို
မေးခွန်းတစ်ခုကို ဝိုင်းမေးပါတယ်။

“ကြောင်မည်းတစ်ကောင် ဖြတ်သွားရင်
ကံဆိုးမိုးမှောင်ကျမယ့် နိမိတ်လို့ဆိုကြတယ်။
အဲဒါ ဟုတ်ပါသလား? ခြင်္သေ့မင်း”

“ဒါက ခင်ဗျားဟာ ခြင်္သေ့လား၊
ဒါမှမဟုတ်
ကြွက်လားဆိုတဲ့ အပေါ်မှာ တည်ပါတယ်။”

နိမိတ်ဆိုးကို ယုံကြည်ခြင်းဟာ အယူသည်းမှု သက်သက်သာဖြစ်တယ်။
အယူသည်းတာဟာ အသိဉာဏ်နည်းပါးခြင်း လက္ခဏာတစ်ခုဖြစ်တယ်။
ဉာဏ်ရှိရင် သိနိုင်ပါတယ်။
လူတိုင်းဉာဏ်နဲ့ယှဉ်ပြီးဝေဖန်ပိုင်းခြားတတ်ကြပါစေ။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com