Tuesday, August 4, 2009

“ အရက်ပဲ သောက်ကြမလို့ လား?”



လေယာဉ်ခရီးစဉ်တစ်ခုတွင်တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်ဖြစ်ပါတယ်။

လေယာဉ်ဟာပြေးလမ်းပေါ်တက်ပြီး အမြင့်ပေတစ်သောင်းကို ရောက်တော့မှ

လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် တစ်ရာအနက် လေးဆယ်အတွက်သာ

ကျွေးစရာ အစားအစာ ပါလာကြောင်း သိလိုက်ရတယ်။

ထိုအခါလေယာဉ်မယ်ကမိုက်ကရိုဖုန်းကတစ်ဆင့် ကြေညာတယ်။


“ လေးစားအပ်တဲ့ ခရီးသည်များရှင့်

တခြားခရီးသည်တွေ စားပါစေ ဆိုတဲ့ စေတနာနဲ့

ကိုယ့်နေ့လယ်စာကို စွန့်လွှတ်တဲ့ခရီးသည်ကို

ခရီးစဉ်တစ်လျှောက်လုံး ကြိုက်ရာအရက်ကို အခမဲ့တိုက်မယ် ဖြစ်ပါတယ်ရှင့်”


နောက်တစ်နာရီအကြာတွင် မိုက်ကရိုဖုန်းမှ အသံမြည်လာပြန်တယ်။


“ခရီးသည်တွေထဲက စိတ်ပြောင်းတဲ့သူများ ရှိမယ်ဆိုရင်

လူ ၃၀-စာကျွေးစရာ ကျန်ပါသေးကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်”

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com