Tuesday, October 16, 2012

"အမေ့ထံသို့ ပေးစာများ-၅၇..."






 
သို့
ချစ်တဲ့အမေ
သား သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အမေ နေကောင်းလား။
ပြီးခဲ့တဲ့အကြောင်းအရာကို အမေ့ကို ဆက်ပြောပြရဦးမယ်။
ကျနော်တို့လင်မယား ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲက အပြန်မှာ
သတင်းဋ္ဌာနတစ်ခုက ကျနော့်ကို အင်တာလာ ဗျူးပါတယ်။
ကျနော်က "ငါဟာ အင်္ဂလိပ်စကားကို နည်းနည်းသာပြောနိုင်တာမို့
ငါထက် ငါ့မိန်းမကို မေးတာက ပိုကောင်းမယ်ထင်တယ်" လို့ ပြောလိုက်ပါတယ်။
ဒီတော့ ယုံယုံကို အင်တာဗျူးပါတယ်။
“ဒီကိုဘာကြောင့် လာပြီး ပြန်တော့ ဘာတွေရလိုက်သလဲ” လို့ မေးပါတယ်။
ယုံယုံက
“ငါတို့ရဲ့လေးစားတဲ့ခေါင်းဆောင်တစ်ယောက်ကို လေးစားတဲ့စိတ်နဲ့
လာတွေ့တာပါ။တွေ့ရတဲ့အတွက်လည်း ဂုဏ်
ယူဝမ်းမြောက်မိပါတယ်။ ဒီကိုလာတဲ့အတွက်
စိတ်တွေလှုပ်ရှားပြီး အရမ်းပျော်ရွှင်မိပါတယ်။
ငါတို့ခေါင်းဆောင်ရဲ့စကားကြောင့်
ငါတို့အဖို့ ဘာဆက်လုပ်ရမယ်ဆိုတာကိုလည်း သိသွားပါတယ်။
ဒီအတွေ့အကြုံဟာ ငါတို့အတွက် သားစဉ်မြေးဆက် ပြောလို့
ကောင်းတဲ့အတွေ့အကြုံတစ်ခုလို့ ငါပြောချင်ပါတယ်”
အင်တာဗျူးပြီးတော့လူတွေ တော်တော်ရှင်းသွားပါတယ်။
အပြန်မှာ အလုပ်လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ခဲ့ဖူးတဲ့ မိတ်ဆွေတစ်ယောက်နဲ့တွေ့ပါတယ်။
သူ့ရဲ့အကျိုးဆောင်မှုကြောင့် ဖို့ဝိန်းမြို့မှာ ရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်း သုံးကျောင်းကို
ရောက်ခဲ့ပါတယ်။ အဲဒီ ဘုန်းတော်ကြီးကျောင်းတွေဟာ မြန်မာယဉ်ကျေးမှုကို တတ်နိုင်သလောက်
ထိန်းသိမ်း စောင့်ရှောက်နေတာကို တွေ့ရပါတယ်။
အဲဒီဘုန်းတော်ကြီးကျောင်းတွေကိုလည်း သံဃိက အလှူငွေတွေ ပေးလှူပြီး ပြန်ခဲ့ပါတယ်။
အပြန်လမ်းမှာ ကားမောင်းရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောတဲ့စကားတွေကို
စဉ်းစားဖြစ်ခဲ့ပါတယ်။
“နာမည်ကြီးတာ ဘာများကောင်းလို့လဲ။
နာမည်ကြီးတာ အရေးမကြီးပါဘူး။
လိပ်ပြာလုံဖို့သာ အရေးကြီးတာပါ။
ဖေဖေ (ဗိုလ်ချုပ်အောင်ဆန်း) ပြောခဲ့ဖူးတယ်။
လိပ်ပြာခုံးရုံးရှေ့မှာ မားမားမတ်မတ် ရပ်ရဲလားလို့ ကိုယ့်ကိုယ်ကို မေးကြည့်စမ်းပါ။
ကျုပ်ကတော့ လိပ်ပြာခုံးရုံးရှေ့မှာ မားမားမတ်မတ် ရပ်ရဲတယ်လို့ ပြောခဲ့တယ်။

တကယ်တန်းဆိုရင် လုပ်ရဲတာ သတ္တိ မဟုတ်ပါဘူ။
ခံရဲတာမှ သတ္တိလို့ပြောချင်ပါတယ်”
တဲ့အမေ။

“ စိတ်ဓာတ်အင်အား ရှိမှ နိုင်ငံအင်အား ရှိမယ်။
တကယ့်တော်လှန်ရေးဆိုတာ စိတ်ဓာတ်တော်လှန်ရေးကို ခေါ်တာပါ”
တဲ့အမေ။

“နေရာယူဖို့ အဓိက မဟုတ်ပါဘူး။
တာဝန်ယူဖို့ကသာ အဓိက”
တဲ့အမေ။

အပြန်လမ်းမှာတော့ စိတ်ဓာတ်အင်အား အပြည့်နဲ့ပြန်လာရသလိုမျိုး
ခံစားမိတယ်။
စိတ်ဓာတ်အင်အားကောင်းတဲ့သူနဲ့တွေ့တော့ စိတ်ဓာတ်ခွန်အားတွေ
ကူးစက်လာတတ်တဲ့သဘောမျိုးလို့ ထင်မိတယ်။



+++++++++++++++++



ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ခရီးစဉ်အတွင်းမှာ
အမေရိကန်နိုင်ငံရဲ့သမ္မတ အိုဘားမားနဲ့တွေ့ဆုံခဲ့သလို
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့တွေ့ခဲ့သလို
ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ နယူးယောက်မြို့မှာ ရောက်နေတဲ့
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ပြီးတော့ အမေရိကန်နိုင်ငံကိုအကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေကြတဲ့မြန်မာမိသားစုတွေနဲ့တွေ့ဆုံခဲ့သလို
အမေရိကန်နိုင်ငံရဲ့စီးပွားရေးပညာရှင်တွေ၊ အသိပညာရှင် ၊အတတ်ပညာရှင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရေး(Yale) တက္ကသိုလ်သွားခဲ့သလို
ဟာဘတ်ဒ် (Harvard) တက္ကသိုလ်ကိုလည်း သွားခဲ့ပြီးပညာရှင်မျိုးစုံတွေနဲ့တွေ့ဆုံစကားပြောခဲ့ပါတယ်။
အမေးအဖြေ လုပ်ခဲ့တယ်။
မြန်မာလိုမေးရင် မြန်မာလိုဖြေခဲ့သလို 
အင်္ဂလိပ်လိုမေးရင် အင်္ဂလိပ်လို ရှင်းရှင်းလင်းလင်း တိတိကျကျ ဖြေဆိုနိုင်ခဲ့တယ်။
ပြီးတော့ အမေရိကန်နိုင်ငံက အရပ်သားတွေကို ချီးမြှင့်တဲ့အမေရိကန် လွှတ်တော်ရဲ့အမြင့်ဆုံး
ရွှေတံဆိပ်ဆုကိုလည်း လက်ခံယူခဲ့သလို အခြားဆုများကိုလည်း လက်ခံရယူခဲ့ပါတယ်။
မြန်မာနိုင်ငံသူ/သားအနေနဲ့ တကယ့်ကိုဂုဏ်ယူစရာပါအမေ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်ခရီးစဉ်ဟာ (၁၆)ရက်သာကြာပေမယ့်
မြန်မာနိုင်ငံအတွက် ရလာတဲ့ရလာဒ်ကတော့ မရေမတွက်နိုင်ပါဘူး။

+++++++++++++++++++++++++


ကျနော်တို့ မစ်ချီဂန်မှာတော့ ရာသီတွေ သိသိသာသာ ပြောင်းလဲလာတယ်။
အေးလိုက်တာ မပြောပါနဲ့တော့။
ဒီလိုအအေးမျိုးကိုတော့ မခံစားဖူးဖူး။
အပြင်ထွက်ရင် ခြစ်ထားတဲ့ရေခဲအမှုန်နဲ့ မျက်နှာကို လှမ်းပက်လိုက်သလို
မျိုးခံစားမိတယ်။
နေပူပေမယ့် နေရဲ့အပူဓာတ်ကို မရသလိုမျိုးပဲ။
မြန်မာပြည်က အနွေးထည်တွေနဲ့မလုံလောက်တဲ့အတွက်
အနွေးထည်တွေလည်း ထပ်ဝယ်ရတယ်။
မြန်မာပြည်မှာက အရိပ်အောက်မှာနေရင် အေးပေမယ့်
နေထွက်လာလို့ နေပူထဲမှာ နေဆာလှုံရင် နွေးလာတယ်။
ဒီမှာက ဒီလိုမဟုတ်ဘူး။
ဒီမှာရှိတဲ့ အဆောက်အဦးတိုင်းကတော့ အပူပေးစက်တွေ
တပ်ဆင်ထားတော့ နေသာပါတယ်။
အိမ်မှာလည်း အိမ်မို့လို့ နွေးပါတယ်။
အလုပ်ခွင်မှာလည်း အလုပ်မို့လို့ နွေးပါတယ်။
အပြင်ကို ထွက်မှသာ အေးတာ။
ကားမှာလည်း အပူပေးစက်ကို ဖွင့်ရပြီ။
စက်ဆီကို ချွေတာလို့ မဖြစ်တော့ဘူး။
နေ့တာလည်း တိုသထက်တိုလာတယ်။
ည ၇း၀၀နာရီ မထိုးခင်ကို မိုးချုပ်နေပြီ။
ညတာကတော့ ရှည်သထက် ရှည်လာတယ်။
သစ်ပင်တွေ အရောင်ပြောင်းလာတယ်။
သစ်ရွက်တွေက အစိမ်းရောင်ကနေ
အချို့က အဝါရောင်။
အချို့က အနီရောင်။
တစ်ပင်လုံး အဝါရောင်တို့၊ အနီရောင်တို့ပြောင်းသွားတော့
သစ်ရွက်နဲ့မတူတော့ပဲ ပန်းပွင့်နဲ့တူနေတယ်။
သဘာဝ အရောင်တွေက တော်တော်လှတာပဲ။
လမ်းတစ်ဖက်တစ်ချက်မှာ ရောင်စုံတွေ ဖြစ်နေတော့
ပတ်ဝန်ကျင်က ပိုလှလာသလို ခံစားမိတယ်။
အခုထိတော့ ဆီးနှင်းတွေ ကျတာ မတွေ့ရသေးဘူး။
ပတ်ဝန်ကျင်အသစ်မှာ အတွေ့အကြုံသစ်တွေ ရတယ်လို့
သဘောထားလိုက်တော့ သဘာဝရဲ့အလှကို ပိုမြင်လာတယ်။ ပိုသိလာတယ်။
 ပိုပြီးခံစားလို့ရလာတယ် အမေ။
အမေရဲ့စကားကို နားလည်သဘောပေါက်ပြီး လိုက်နာလိုက်လေတိုင်း
အကျိုးရှိလာတာကို သိလာတော့ 
အမေ့ကို အထူးပဲ ကျေးဇူးတင်မိပါတယ်။
အမေရေ..အလုပ်သွားရဦးမှာမို့
ဒီလောက်နဲ့ပဲ ရပ်လိုက်ဦးမယ်နော်။

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။
၁၀-၁၆-၂၀၁၂



Tuesday, October 9, 2012

"ကိုယ့်မှာရှိတာကို တွေးပြီး ပျော်အောင်နေ..."







If your major pursuits are wealth, honor and pleasure.
သင်အဓိက ရှာနေတာတွေဟာ ဓန ဂုဏ် အပျော်အပါးဆိုရင်
You may miss the only real treasure
တကယ့်ရတနာကို သင် လက်လွတ်သွားလိမ့်မယ်။
One beyond all earthly measure
အဲဒီရတနာက လောကအတိုင်းအတာနဲ့ တိုင်းလို့ မရဘူး။
You happiness and peace of mind, a most priceless treasure.
အဲဒီရတနာက တန်ဖိုးဖြတ်လို့မရတဲ့ သင့်စိတ်ချမ်းသာမှုနဲ့ ငြိမ်းချမ်းမှုပဲ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



TODAY
Yesterday is just a memory.
Tomorrow we may never see.
There’s beauty all around us, life can be so pleasant.
Today is like a gift.
That’s why it’s called the present.

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

Yesterday is just a memory. မနေ့က ဆိုတာ အမှတ်သညာမျှပဲ။
မှတ်မိနေတာပဲ ရှိတော့တယ်။ တကယ်ဖြစ်ခဲ့တဲ့ကိစ္စတွေက မရှိတော့ဘူး။
မှတ်မိတယ် ဆိုတာလည်း ပြန်ပြီး စိတ်ကူးနဲ့ဖော်ယူမှ ရတယ်။
မဖော်ယူရင် မရှိဘူး။
မရှိတာကို ပြန် အသက်သွင်းယူရတာပါ။
အတိတ်ကို ပြန်တွေးပြီး ပျော်တာ ရှိပါတယ်။
ဒါလည်း ပင်ကိုယ်က ပျော်နေတဲ့စိတ်အခံရှိမှ ပျော်တာ။
ဝမ်းနည်းနေတဲ့သူဟာ အတိတ်က ပျော်ခဲ့တာကို ပြန်တွေးမိရင် ဝမ်းနည်းတယ်။
မပျော်ဘူး။ အတိတ်ဟာ ဘယ်လောက်ပဲ ပျော်စရာကောင်းခဲ့ ကောင်းခဲ့ အတိတ်ကို တွေး
နေတာဟာ ပစ္စုပ္ပန်ကို တန်ဖိုးမထားတာပဲ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

အတိတ်က ဖြစ်ခဲ့တာတွေကို ပြန်တွေးပြီး ပျော်ရတာထက် ပစ္စုပ္ပန်မှာပျော်အောင်နေတာက
ပိုပြီး အသက်ဝင်ပါတယ်။
ပစ္စုပ္ပန်မှာ ပျော်နေတဲ့သူဟာ အတိတ်က အကြောင်းတွေကို ကြာကြာ မတွေးဘူး။
အတိတ်ကို တွေးနေရင် ပစ္စုပ္ပန်ဟာ အသက်မဝင်ဘူး။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

Tomorrow we may never see.
မနက်ဖန်ဆိုတာ တွေ့ချင်မှ တွေ့ရမှာပါ။
ဘယ်တော့မှ မတွေ့ရတော့တာ ဖြစ်ချင်ဖြစ်မယ်။မသေချာဘူး။
မနက်ဖန်ကို တွေးပြီး ပျော်တာလည်း ရှိမယ်။ စိတ်ညစ်တာလည်း ရှိချင်ရှိမယ်။
အနာဂတ်ကို တွေးပြီး စိတ်ညစ်ရတာ တော်တော်ဆိုးပါတယ်။
ဘာမှ မသေချာတာကိုတွေးပြီး ပူခဲ့တာတွေ၊ ကိုယ်ထင်သလို မဖြစ်ခဲ့တာတွေ ဘယ်လောက်များသလဲ။
ဒါပေမယ့် ဒီခေတ်မှာ အနာဂတ်အတွက် စိတ်မအေးတဲ့သူတွေ ပိုများလာတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



There’s beauty all around us, life can be so pleasant.
ကိုယ့်အနားမှာ အလှအပတွေ ရှိပါတယ်။
ဘဝဟာ အင်မတန် နှစ်သက်စရာ ကောင်းနိုင်ပါတယ်။
ကလေးတွေကို ကြည့်ပါ။
သူတို့ဟာ သူတို့အနားမှာ ရှိတာတွေကို စိတ်ဝင်စားတယ်။
ဒါကြောင့် သူတို့ ပျော်တယ်။
ကလေးတစ်ယောက်ဟာ သူ့အနားမှာ ရှိတာတွေကို စိတ်မဝင်စားတော့ဘူး။
မရှိတာကိုတွေးပြီး မပျော်နိုင်တော့ဘူးဆိုရင် အဲဒီကလေးဟာ စိတ်ဆင်းရဲတော့မယ်။
အဲဒီလိုဖြစ်တာဟာ လူကြီးတွေဆီက ကူးစက်တာပဲ။
မရှိတာကိုတွေးပြီး မပျော်တာဟာ ကူးစက်ရောဂါတစ်မျိုးပါ။
ကြေငြာတွေက အဲဒီရောဂါ ကူးစက်အောင် လုပ်ပေးတယ်။
စိတ်ချမ်းသာချင်ရင် ကိုယ့်မှာရှိတာကို တွေးပြီး ပျော်အောင်နေပါ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


တိမ်တွေကို ကြည့်ပြီး ပျော်သလား။
ကလေးတွေဟာ တိမ်တွေကိုကြည့်ပြီး ပျော်တတ်တယ်။
ငှက်တွေကို ကြည့်ပြီး ငှက်သံတွေကို နားထောင်ပြီး ပျော်သလား။
သစ်ရွက်နုလေးတွေ ထွက်လာတာကို ကြည့်ပြီး ပျော်သလား။
လေညှင်းလေးတွေ တိုက်တာကို ခံစားပြီး ပျော်သလား။
ခွေးကလေးတွေ ကြောင်ကလေးတွေကို ကြည့်ပြီး ပျော်သလား။
ငယ်ငယ်တုန်းက ကလေးတိုင်း ဒါတွေကို ခံစားပြီး ပျော်ခဲ့ပါတယ်။
ဒါတွေကို ပျော်စရာလို့ မခံစားတတ်ရင်တော့ ဒုက္ခတော့ ရောက်ပြီ။
ပျော်စရာဆိုတာ သူ့ကို ဒုက္ခခံပြီး ရှာနေရရင် ကြာလေ ဒုက္ခများလေ ဖြစ်လာတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



Today is like a gift.
That’s why it’s called the present.
ဒီနေ့ဟာ လက်ဆောင် လိုပါပဲ။
အဲဒါကြောင့် သူ့ကို present လို့ခေါ်တယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

လက်ဆောင်ကောင်း တစ်ခုကို ရရင် ပျော်တယ်။
ဘာကြောင့် ပျော်တာလဲ။
မမျှော်လင့်ပဲရတာ ဖြစ်လို့ ပျော်တာ ဖြစ်မယ်။
လက်ဆောင်ရမယ်လို့ သိပေမယ့်လည်း ဘာလက်ဆောင်ဆိုတာ မသိသေးဘူး။
ရတဲ့အခါကျမှ သိရတယ်။
သိရတဲ့အခါမှာ ရတာကို ကိုယ်က တန်ဖိုးထားနိုင်ရင် ပျော်တယ်။
ပြီးတော့ ပေးတဲ့သူက ကိုယ့်ကိုချစ်လို့ပေးတာ ဆိုတော့
အဲဒါလည်း ပျော်တဲ့အကြောင်း တစ်ခုပဲ။
ချစ်တဲ့သူက ပေးတာ၊
ချစ်လို့ပေးတာ၊ ပျော်စရာကောင်းတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဒီနေ့ဆိုတာကို အခုပစ္စုပ္ပန်ကို လက်ဆောင်လို့ သဘောထားနိုင်ရင်
ပျော်စရာ ကောင်းလာမှာပေါ့။
ဒီနေ့ဆိုတာကို ရဖို့ ဘယ်လောက်ပေးပြီး ဝယ်ရသလဲ။
ဘာမှ မပေးရပါဘူး။
ဒါကြောင့် အဲဒါ လက်ဆောင်ပေါ့။ မဟုတ်ဘူးလား။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၁၆…





Monday, October 8, 2012

“ လိုချင်တာရမယ်ဟေ့..ဒါပေမယ့်…”




 တစ်ခါတုန်းက အမေရိကန်နိုင်ငံကို
ဆယ်နှစ်ကျော်ကတည်းက  ရောက်နေပြီး ဖြစ်တဲ့
သူငယ်ချင်းတစ်ယောက်က ပြောတယ်။
“အမေရိကန်လူမျိုးတွေဟာ ဈေးရောင်းအလွန်တော်ကြတယ်။
သူများ ပိုက်ဆံအိတ်ထဲက ပိုက်ဆံကို ထွက်လာအောင်
နည်းမျိုးစုံကြော်ငြာပြီးရောင်းကြတယ်ကွ”

ကျနော်က “ဘယ်လိုကြော်ငြာမျိုးလဲ” လို့မေးလိုက်တဲ့အခါမှာတော့
သူငယ်ချင်းက ကြော်ငြာတစ်ခုကို လိုက်ပြပါတယ်။
အဲဒီကြော်ငြာကတော့ ဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာ
ချိတ်ဆွဲထားတဲ့ဆိုင်းဘုတ်တစ်ခုဖြစ်ပါတယ်။

“ယောက်ျားမှ လွဲ၍
မိန်းမသုံး ပစ္စည်းတွေ အားလုံး ရမယ်”

တဲ့ဗျာ။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com