Friday, May 4, 2012
Thursday, May 3, 2012
“ လုပ်အားတန်ဖိုး ချစ်မြတ်နိုး…”
တစ်ခါတုန်းက
ကွန်ပျူတာတင်ထာတဲ့ စားပွဲရှေ့မှာ
စာရေးမနှစ်ယောက်ထိုင်နေကြတယ်။
မနှင်းဆီဆိုသူတစ်ယောက်ကပြောတယ်။
“ ယူ သိလား၊
ဒီကွန်ပျူတာကလေးဟာ ယောက်ျားဆယ်ယောက်ရဲ့
လုပ်အားကို အစားထိုးနိုင်သတဲ့ ”
မခွာညိုဆိုသူ အမျိုးသမီးပြန်ပြောလိုက်တာက...
“ ယူ ပြောတာ မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်၊
ဒါပေမယ့် အိုင်ကတော့ ဘာဘဲပြောပြော
ယောက်ျားရဲ့လုပ်အားကိုပဲ ပိုကြိုက်တယ် ”
Wednesday, May 2, 2012
"သူရဲကောင်းဆိုတာ ဘာလဲ…"
ကျနော် အလုပ်ပင်ပန်းတဲ့အချိန်၊ အလုပ်အားရက်တစ်ရက်မှာ
စိတ်အပန်းဖြေတဲ့အနေနဲ့
နိုင်ငံခြားရုပ်ရှင်ကားတစ်ကားကို ကြည့်ဖြစ်ခဲ့တယ်။
အဲဒီကားက ထရွိုင်(Troy)
ဆိုတဲ့ဇာတ်ကား။
သမိုင်းနောက်ခံထားတဲ့ကားတစ်ကားပါ။
အာခီးလိဆိုတဲ့လူစွမ်းကောင်းအဖြစ်
ကမ္ဘာကျော်ရုပ်ရှင်မင်းသားအဖြစ် ဘရတ်ပစ်တ်( Brad Pitt)က
ပီပီပြင်ပြင် သရုပ်ဆောင်ထားတယ်။
အလွန်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။
ဇာတ်ကားကောင်းတို့မည်သည်
တစ်ခါကြည့်ရုံနဲ့မလုံလောက်ပါဘူး။
နောက်ပိုင်း စိတ်အလေ့အကျင့်ကောင်းတွေရဖို့အကြိမ်ကြိမ်အထပ်ထပ်
ကြည့်ဖြစ်ခဲ့ပါတယ်။
+++++++++++++++++++++++++++
အလွန်ချောမောလှပတဲ့ ဟယ်လင်မင်းသမီးကို
ပဲရစ်ဆိုတဲ့ ထရွိုင်(Troy) မင်းသားငယ်က လှေပေါ်တင်ပြီး
ခိုးပြေးတယ်။မင်းသားကြီး
ဟက်တာက လမ်းတစ်ဝက်ရောက်မှ သိရတော့ ဘာမှလုပ်လို့မရတော့ဘူး။
အဲဒီဟယ်လင်မင်းသမီးကိုအကြောင်းပြုပြီး
ထရွိုင်(Troy)နဲ့ ဂရိတွေ စစ်ဖြစ်ကြတယ်။
စစ်သဘောင်္ အစီးပေါင်း
ထောင်ကျော်နဲ့ ထရွိုင်(Troy)ကို
လာဝိုင်းထားတယ်။
အဲဒီစစ်သဘောင်္တွေထဲမှာ လူစွမ်းကောင်း အာခီလိပါလာတယ်။
အာခီလိဟာ သူနဲ့ဘယ်သူပြိုင်ပြိုင်
သူကနိုင်တာချည်းပါပဲ။
+++++++++++++++++++++++++++
တစ်နေ့တော့ အာခီလိအရမ်းချစ်ရတဲ့ညီဝမ်းကွဲဟာ
ဟက်တာပစ်လိုက်တဲ့လှံနဲ့
သေဆုံးသွားတာကို အာခီလိက သိတော့
ဒေါသထွက်တယ်။
ဒီတော့ တစ်ယောက်ချင်းစိန်ခေါ်ဖို့ ထရွိုင်မြို့ရိုးနားကို ကပ်ပြီး
အော်တယ်။
“ဟေ့ကောင်…ဟက်တာ၊ သတ္တိရှိရင် ထွက်ခဲ့”လို့
အကြိမ်ကြိမ်အော်တယ်။
အာခီလိကိုယှဉ်ပြိုင်ရဲတဲ့သူမရှိပါဘူး။
ယှဉ်ပြိုင်တဲ့သူတိုင်း ရှုံးတာချည်းပါပဲ။ သေတာချည်းပါပဲ။
ဒါကို ဟက်တာက သိတယ်။ဘုရင်ကြီးလည်းသိတယ်။
မြှားသည်တော်တွေက အာခီလိကို ဝိုင်းပစ်မယ်လုပ်တော့
မင်းသားကြီးဟက်တာက တားတယ်။
“ထရွိုင် ရဲ့သမိုင်းကို အမည်းကွက်မစွန်းထင်စေချင်ဘူး။
သူစိန်ခေါ်နေတာက ငါ့ကို ဖြစ်တဲ့အတွက် ငါကိုယ်တိုင်ပဲ ထွက်တိုက်မယ်”
လို့ပြောပြီးထွက်တိုက်တယ်။
ထရွိုင်ရဲ့ဘုရင်ကြီးကလည်း သူ့သားရှုံးနိုင်တယ်ဆိုတာ သိတယ်။
ဒါပေမယ့် သူရဲကောင်းဆိုတာ စစ်မြေပြင်မှာသာ ကျဆုံးရတာ ဓမ္မတာမို့
မတားဘူး။
တကယ်တန်းထွက်တိုက်တော့ အတော်ကိုကြည့်ကောင်းတဲ့ပြိုင်ပွဲပါပဲ။
နောက်ဆုံးတော့ မင်းသားကြီးဟက်တာ ဟာ အာခီလိပစ်လိုက်တဲ့လှံနဲ့ပဲ
ကျဆုံးသွားတယ်။
အာခီလိဟာ ဒေါသထွက်နေတာမို့ ဟက်တာရဲ့ခြေထောက်ကို ကြိုးနဲ့တုတ်ပြီး
သူရဲ့စစ်ရထားနောက်မှာ ချည်နှောင်ပြီး
သူရဲ့စစ်စခမ်းကို ထရွှတ်တိုက်ဆွဲလာခဲ့တယ်။
မြို့ရိုးပေါ်က
တိုက်ပွဲကိုကြည့်နေတဲ့ဘုရင်မိသားစုတွေ ရင်ကွဲပက်လက်ဖြစ်ကျန်ခဲ့ကြတယ်။
+++++++++++++++++++++++++++
အဲဒီည
အာခီလိ ဒါးသွေးနေတဲ့အချိန်မှာ ခေါင်းကို မိုးကာခေါင်းဆောင်းနဲ့အုပ်ထားတဲ့
အဖိုးကြီးတစ်ယောက် စစ်စခမ်းရဲ့တဲနန်းထဲဝင်လာတယ်။
မိုးကာခေါင်းဆောင်းကို ဖွင့်လိုက်ပြီးတော့
လူစွမ်းကောင်း အာခီလိရဲ့လက်အစုံကို နမ်းတယ်။
အာခီလိက
"ခင်ဗျား ဘယ်သူလဲ" လို့မေးတော့...
“ဒီကမ္ဘာမြေကြီးပေါ်မှာ ဘယ်လိုလူမျိုးမှ သီးခံနိုင်စွမ်းမရှိတဲ့
ခံစားမှုတွေနဲ့လူတစ်ယောက်ပါပဲ၊
ငါ့သားကိုသတ်တဲ့လူရဲ့လက်အစုံကို ငါ နမ်းရှုတ်ဂုဏ်ပြုပါတယ်”
အာခီလိက
“ဒီလိုဆို ခင်ဗျားဟာ ဘရီယာန်ဘုရင်ကြီးပေါ့၊
ခင်ဗျားဘယ်လို
လုပ်ပြီးဒီကိုရောက်နေတာလဲ၊
ဒါဟာ စစ်စခမ်းပဲ”
ဘရီယာန်ဘုရင်ကြီးက
ဘရီယာန်ဘုရင်ကြီးက
“ ဒါဟာ ငါပိုင်တဲ့နယ်မြေပဲ။ ငါ့မြေအကြောင်း ရန်သူဂရိတွေထက်
ငါပိုသိတာပေါ့”
အာခီလိကပြန်ပြောတယ်။
အာခီလိကပြန်ပြောတယ်။
“ခင်ဗျားဟာ တော်တော်သတ္တိကောင်းလှပါလား၊ ဒါပေမယ့်
လက်တစ်ပြစ်အတွင်းမှာ
ခင်ဗျားခေါင်းကိုဖြတ်ပြီး တိုင်ပေါ်ချိတ်ထားလိုက်ရင်
ခင်ဗျားသတ္တိတွေ အလကားဖြစ်သွားမှာပေါ့”
ပရီယာန်ဘုရင်ကြီးက...
“မင်းက ငါ့ကို သေခြင်းနဲ့ချိန်းခြောက်တာလား၊
ငါ့သားကြီးသေဆုံးပြီးနောက် ငါ့အဖို့ အရာအားလုံးသေဆုံးသွားပါပြီ၊
ဘာဆိုဘာမှ
မရှိတော့ပါဘူး။
မင်း ငါ့သားကို သတ်ခဲ့တယ်၊ငါ့သားအလောင်းကို
မင်းမြေကြီးပေါ်မှာ ဒရျွတ်တိုက်ဆွဲခဲ့တယ်။ ငါ့မြင်ခဲ့တယ်။
ငါ့သားရဲ့အလောင်းကို ပြန်ပေးပါကွာ၊သူဟာ အခမ်းအနားနဲ့သင်္ဂြုလ်ထိုက်တဲ့သူပါ”
အာခီလိက
“သူက ကျုပ်ရဲ့ညီကို သတ်ခဲ့တယ်လေ”
ပရီယာန်ဘုရင်ကြီးက...
“မင်းညီမှန်းသိလို့ရွေးသတ်ခဲ့တာလား၊
ဒါဟာ စစ်ဖြစ်နေတာလေ။ညီတွေ၊အကိုတွေ၊တူတွေ၊ဦလေးတွေ၊
အဖေတွေ မရွေးနိုင်ဘူး။
လူစွမ်းကောင်း အာခီလိအခေါ်ခံရဖို့ ညီတွေ၊အကိုတွေ၊
ဦးလေးတွေ၊ အဖေတွေ ဘယ်လောက်များများ သတ်ခဲ့ပြီးပြီလဲဆိုတာ မင်းစဉ်းစားပါအုန်း၊
အေး…ငါ့မှာတော့
မင်းဖျက်ဆီးလိုက်တဲ့အတွက် အရာအားလုံး ပျက်စီးသွားပြီး။
ငါ့ရဲ့အနာဂတ်၊
ငါ့ထီးနန်းကို
ဆက်ခံမယ့်သူ၊
ငါ့တိုင်းပြည်ကို ကာကွယ်မယ့်သူ ငါ့သားတော်ကြီး
မရှိတော့ဘူးကွ၊ငါ့ကို လူတွေက ဘုရင်ကြီးလို့ဘယ်လောက်ခေါ်ခေါ်
အဲဒီဘုရင်ကြီးဟာ သူဖြစ်ချင်တာတွေ ဘာမှမဖြစ်တော့တဲ့၊
ပြောင်းလွဲနိုင်စွမ်းမရှိတော့တဲ့ဘုရင်အိုကြီး
ဖြစ်သွာပြီလေ။
အေး…မင်းအဖေကို ငါသိတယ်။ မင်းအဖေဟာလေ အရွယ်မတိုင်ခင်မှာ
သေသွားတာ၊
မင်းအဖေဟာ သိပ်ကံကောင်းတယ်ကွာ၊ မင်းအဖေဟာ
သူ့သားကျဆုံးသွားတာကို ဘယ်တော့မှ မြင်မသွားရဘူး။
ငါ့ကျတော့ အဲဒီလိုမဟုတ်ဘူး။ ငါ့သားတော်ကြီး
ကျဆုံးသွားတာကို မြင်ရတယ်။
ငါ့လောက်ကံဆိုးတဲ့အဖေ ရှိဦးမလားကွာ၊
ငါ့သားကို ငါသိပ်ချစ်တာ၊
သူ့မျက်လုံးအစုံ
ပွင့်တဲ့အချိန်ကစပြီး မင်းသတ်လို့ သူ့မျက်လုံးအစုံ ပိတ်တဲ့အချိန်အထိ
ငါ မနားတမ်း ချစ်ခဲ့တာပါကွာ၊
သူ့အလောင်းကို ပြန်ပေးပါကွာ၊ သူ့ရဲ့အလောင်းကို
ဆေးကြောသုတ်သင်ပေးပါရစေ၊
သူ့ရဲ့မျက်လုံးအစုံဟာ ရွှေဒင်္ဂါးနှစ်ပြားကပ်ပြီး
ဘဝကူးကောင်းအောင် ဆုတောင်းပေးပါရစေ၊
မင်း ငါ့ကို အဲဒီအခွင့်အရေးကိုတော့ ပေးပါကွာ”
အာခီလိက...
“ကျုပ် တစ်ရေးအိပ်လိုက်လို့ ပြန်နိုးလာတဲ့အချိန်မှာ
ကျုပ်ရန်သူဟာ ကျုပ်ရန်သူပါပဲ။
ခင်ဗျားရဲ့သားအလောင်းကို ပြန်ပေးလိုက်လို့လဲ
ခင်ဗျားဟာ ကျုပ်ရဲ့ရန်သူပါပဲ။
ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ”
ပရီယာန်ဘုရင်ကြီးက...
“ ငါက ညအိပ်ရာမဝင်ခင်ကထဲကိုက မင်းဟာ ငါ့ရန်သူပါပဲ၊
ဒါပေမယ့် ရန်သူဟာလည်း လူပဲ။ လူဆိုတာ ဂါဝရတရားရှိရတယ်။
လူဆိုတာ လေးစားထိုက်တဲ့အရာကို လေးစားရတယ်။
ငါ မင်းရဲ့သတ္တိကို လေးစားတယ်။ငါ့သားကို ပြန်ပေးပါ”
အာခီလိက
“ခင်ဗျား သားရဲ့အလောင်းကို ပြန်ပေးမယ်၊ ခင်ဗျား
တဲအပြင်ကစောင့်နေပါ။
ကျုပ်ရင်ဆိုင်ရတဲ့ရန်သူတွေထဲမှာ ခင်ဗျားသားဟာ
အတော်ဆုံးပါပဲ၊
ခင်ဗျားသားကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ကစပြီး
၁၂-ရက်အတွင်းမှာ စစ်ပြေငြိမ်းထားလိုက်ပါ့မယ်
ဒါးတစ်ချောင်း၊လှံတစ်စင်းမှ ခင်ဗျားတို့ဆီမကျရောက်စေရဘူး၊
ဒါဆိုရင် ကျုပ်က ခင်ဗျားသားကို လေးစားရာ ရောက်ပြီးပေါ့နော်”
+++++++++++++++++++++++++++
ဒီဇာတ်ကားကို ကြည့်ပြီးအတွေးပေါင်းများစွာကို တွေးမိပါတယ်။
သူရဲကောင်းဆိုတာ ဘာလဲ...?
နိုင်တဲ့လူကမှ သူရဲကောင်းလား...?
ရှုံးတဲ့လူရော သူရဲကောင်းမဖြစ်နိုင်ဘူးလား...?
အနိုင်၊အရှုံးဆိုတာ ဘာလဲ...?
အမြဲတမ်း နိုင်တဲ့သူရော ရှိလား...?
အမြဲတမ်း ရှုံးတဲ့သူရော....?
သတ္တိဆိုတာ ဘာလဲ...?
အဖေဆိုတာ ဘာလဲ...?
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲ...?
ဘာလဲ....?
လဲ... ? လဲ....?
Tuesday, May 1, 2012
"တစ်ခါတုန်းက..."
တစ်ခါတုန်းက ရွာတစ်ရွာမှာတောရဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။
အဲဒီတောရကျောင်းမှာမကြာခဏဆိုသလို တရားစခမ်းတွေ ဖွင့်လေ့ရှိတယ်။
အဲဒီမှာ တရားစခမ်းဝင်သူတွေက“ဒုက္ခ…ဒုက္ခ..ဒုက္ခ” လို့ ပါးစပ်က ရွတ်ကြတယ်။
အဲဒီကျောင်းဝင်းထဲမှာရှိတဲ့သစ်ပင်တစ်ပင်မှာ မျောက်တွေထဲက မျောက်တစ်ကောင်က
“ဒုက္ခ” ဆိုတာကိုမကြာခဏကြားနေရတော့ “ဒုက္ခဆိုတာ ဘာလဲ”လို့သိချင်တယ်။
ဒါနဲ့ပဲ သစ်ပင်အောက်ကွပ်ပစ်မှာ ကပ္ပိယကြီး လာထိုင်ချိန်မှာ
မျောက်ကမေးတယ်။
“ဒုက္ခဆိုတာဘာလဲ” ပေါ့။
ကပ္ပိယကြီးကတော့ "မသိချင် စမ်းပါနဲ့"လို့ပြောလိုက်တယ်။
ဒါပေမယ့် မျောက်ကအလျော့မပေးပါဘူး။ ခဏခဏမေးပါတယ်။
ခဏခဏ မေးဖန်များတော့မျောက်ကိုပြောတယ်။
"မင်း ငါ ပြောတဲ့အတိုင်းလုပ်မလား"ပေါ့လေ။
မျောက်က "လုပ်မယ်"လို့ကတိပေးတယ်။
"ဒါဆိုရင် ဒုက္ခကို ငါပြမယ်"လို့ပြောလိုက်တယ်။
တစ်နေ့တော့ မျောက်ကိုကြိုးနဲ့ချီထားတဲ့
အထုပ်ကြီးတစ်ထုပ်ကပေးလိုက်တယ်။
ပြီးတော့ ကပ္ပိယကြီးပြောတာက
“ ဒီအထုပ်ကို သစ်ပင်နဲ့ဝေးတဲ့ကွင်းပြင်ရောက်တော့မှ ကြိုးကို ဖြေလိုက်ပါ၊
အဲဒါဆိုရင် မင်းသိချင်တဲ့ဒုက္ခကိုတွေ့လိမ့်မယ်”လို့ပြောလိုက်တယ်။
မျောက်ကလည်း သူသိချင်တဲ့ဒုက္ခကိုသိရတော့မှာမို့ ပျော်နေတာပေါ့။
ကပ္ပိယကြီးပြောတဲ့အတိုင်းသစ်ပင်နဲ့ဝေးရာ ကွင်းပြင်ကို အထုပ်ကို ထမ်းလာတယ်။
ပြီးတော့ အထုပ်ကိုဖြေလိုက်တော့ထွက်လာတာက ခွေးကြီးတစ်ကောင်ဖြစ်နေတယ်။
ခွေးကလည်း သူ့ကိုအထုပ်ထဲကြိုးချီပြီးထည့်ထားတော့ ဒေါသကထွက်နေတယ်။
အထုပ်ဖြေလိုက်တော့မျောက်ကိုတွေ့တော့ ဒေါသထွက်ထွက်နဲ့မျောက်ကို ခုန်ကိုက်တာပေါ့။
မျောက်ကလည်း ရှောင်တာမြန်ပေလို့ပေါ့။
ပြီးတော့ ခွေးမှန်းသိတော့ထွက်ပြေးတာပေါ့။
ခွေးကလည်း နောက်ကဟောင်ပြီးလိုက်တယ်။
ကွင်းပြင်ဆိုတော့သစ်ပင်ကမရှိဘူး။
မျောက်က အားကုန်ပြေးရတာပေါ့။
ခွေးကလည်း မှီလုမှီခင်လိုက်တယ်။
မျောက်နဲ့ခွေးရှေ့နောက် ပြေးနေတာ အကြာကြီးပါပဲ။
နောက်ဆုံးတော့မျောက်က အနီးဆုံးသစ်ပင်တစ်ပင်ကို ရောက်တော့ သစ်ပင်ပေါ်ခုန်တက်လိုက်တယ်။
မျောက်က သစ်ပင်ပေါ်ရောက်တော့မောလွန်းလို့ လျှာကိုထွက်နေတယ်။
အသက်ကို မနဲရှုရတယ်။
အမောပြေလောက်မှမျောက်ပြောလိုက်တာက
“အော်….ဒုက္ခ ဆိုတာဒါပါလား”တဲ့။
+++++++++++++++++++++++++++
ကျနော်တို့ ငယ်ငယ်တုန်းကအမေပြောခဲ့ဖူးတဲ့ပုံပြင်ပါ။
အထက်ကြီးစိတ် တစ်ခွဲသားနဲ့အမေရိကန်ကိုရောက်လာတယ်။
ကိုယ်အထင်ကြီးသလိုလည်းမဟုတ်မှန်းသိတော့ ခရီးကတော်တော်လွန်နေပြီ။
ကွင်းပြင်အလယ်လောက်ရောက်နေတဲ့မျောက်လိုဖြစ်နေတယ်။
ပြေးဖို့ကလွဲလို့ရွေးစရာ လမ်းမရှိဘူး။
ဒုက္ခကို သိချိန်မှာလျှာက တစ်လံလောက်ထွက်နေပြီ။
နောက်ဆုံးတော့"သိချင်အုန်းဟဲ့ ဒုက္ခ"လို့သာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။
သစ်ပင်ပေါ်ရောက်ရင်တော့အမောပြေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ရီမိမလားတော့ မသိဘူး။
ခုတော့ မရီနိုင်သေးဘူး။
ပြေးနေရတုန်း...။
Saturday, April 28, 2012
"စိတ်ချမ်းသာမယ်ဆိုရင်...(၂၁)..."
ကိုယ်ကိုယ်တိုင်
ဖတ်ဖို့…(၂၁)
စိတ်ချမ်းသာတဲ့သူတွေမှာ
ရှိတတ်တဲ့ အချက် (၆)ချက်မှ အဆက်…
Happiness is loving what you do, and knowing it matters.
စိတ်ချမ်းသာမှုဆိုတာ
ကိုယ်လုပ်တဲ့အလုပ်ကို ချစ်တာ၊
ကိုယ်အလုပ်ဟာ အရေးပါတယ်။
အကျိုးပြုတယ်လို့ သိနေတာ။
ကိုယ့်အလုပ်ကို
ကိုယ် ချစ်တဲ့သူဟာ စိတ်ချမ်းသာတယ်။
ကိုယ့်အလုပ်ဟာ
အရေးပါတယ်။ ထိရောက်တယ် အကျိုးပြုတယ်လို့ သိရတာ
စိတ်ချမ်းသာတယ်။
+++++++++++++++++++++++++++
ငွေရဖို့ပဲ လုပ်ရင်
ကျွန်ခံနေရတာနဲ့တူတယ်။
ဥာဏ်ကို မသုံးရတဲ့အလုပ်၊
ပျင်းစရာကောင်းတဲ့အလုပ်ကို
လုပ်ရင် စိတ်ဓာတ်ပျက်ဆီးတယ်။
+++++++++++++++++++++++++++
Anything you
like to do isn’t tiresome.
လုပ်ရတာ နှစ်သက်တဲ့အလုပ်
ဘယ်အလုပ်မဆို ပင်ပန်းစရာ၊
ငြီးငွေ့စရာကောင်းတဲ့အလုပ်
မဟုတ်ဘူး။
+++++++++++++++++++++++++++
လုပ်ချင်တာကို
လုပ်ရရင် စိတ်မပင်ပန်းဘူး။
မငြီးငွေ့ဘူး။
လုပ်ရတာ ပျော်နေရင် အချိန်ကုန်မှန်းတောင် မသိဘူး။
အဲဒီအလုပ်မျိုးဟာ
ကျန်းမာရေးကို ကောင်းမွန်စေတယ်။
အကျိုးပြုနိုင်တဲ့သူ
ဖြစ်ရတာ သိပ်ကျေနပ်စရာကောင်းတယ်။
+++++++++++++++++++++++++++
People are
happier and more productive when they are respected, cared about, and involved.
ကိုယ့်ကို လေးစားတယ်။
တန်ဖိုးထားတယ်။ ကိုယ့် နေရေး ထိုင်ရေး အဆင်ပြေဖို့ကို အထူး အလေးပေးတယ်။
ကိုယ့်ရဲ့အကြံဥာဏ်ကို
လိုလိုလားလားတန်ဖိုးထားတယ် ဆိုရင် အလုပ်လုပ်ရတာ ပိုပျော်တယ်။
အလုပ်ကို ပိုလုပ်တယ်။
(ဒီအချက်ဟာ သုတေသနပြုလို့
တွေ့ရတဲ့အချက်ဖြစ်တယ်။)
+++++++++++++++++++++++++++
ကိုယ့်ကို မလေးစားဘူး။
ကိုယ့်အကြံဥာဏ်ကို တန်ဖိုးမထားဘူး။
ကိုယ့်စားဝတ်နေရေး
အဆင်ပြေဖို့ကို အလေးမပေးဘူးဆိုရင်
ဘယ်သူက အလုပ်လုပ်ရတာ
ပျော်မလဲ။
ကိုယ့်ကို ကျွန်လို
သဘောထားပြီး ခိုင်းရင် မလုပ်ချင်ပဲ လုပ်မယ်။
ငွေရဖို့ပဲ အဓိကထားမယ်။
ပိုကောင်းအောင်
မလုပ်ဘူး။
+++++++++++++++++++++++++++
ဒါကြောင့် တိုင်းသူပြည်သားတွေကို
အလေးထားရင်…
တိုင်းသူပြည်သားတွေရဲ့
စား ဝတ်နေရေးကို အဆင်ပြေဖို့ကို အထူးအလေးပေးရင်…
တိုင်းသူပြည်သားတွေရဲ့
အကြံဥာဏ်ကို လိုလိုလားလား တန်ဖိုးထားရင်…
တိုင်းသူပြည်သားတွေ
စိတ်ချမ်းသာမယ်။ အလုပ်ပိုလုပ်မယ်။
အဲဒီနိုင်ငံဟာ
တိုးတက်မယ်။
+++++++++++++++++++++++++++
Affirm the
work that others do.
သူတစ်ပါးလုပ်တဲ့အလုပ်ကို
အသိအမှတ်ပြုပါ။
အသိအမှတ်ပြုတာခံရရင်
စိတ်ချမ်းသာတယ်။
စိတ်ချမ်းသာရင်
အလုပ်ကို ပိုကောင်းအောင် လုပ်တယ်။
+++++++++++++++++++++++++++
စက်တစ်ခုမှာ မူလီတိုင်းဟာ
သူ့နေရာနဲ့သူ အရေးပါတယ်။
လူ့အသိုင်းအဝိုင်းထဲမှာ
လူတိုင်းဟာ သူ့နေရာနဲ့သူ အရေးပါတယ်။
ငါတို့ပဲ အရေးပါတယ်။
မင်းတို့က ဘာအရေးပါလဲလို့ သဘောထားရင်
ပူးပေါင်း ဆောင်ရွက်မှုကို
မရနိုင်တော့ဘူး။
+++++++++++++++++++++++++++
ကိုယ့်ကို လေးစားတာ
လိုချင်ရင် လူတွေကို လေးလေးစားစား ဆက်ဆံပါ။
ကိုယ့်အလုပ်ကို
အသိအမှတ်ပြုတာ လိုချင်ရင် သူများအလုပ်ကို အသိအမှတ်ပြုပါ။
စိတ်ချမ်းသာမှုကို
လိုချင်ရင် လူတွေကို စိတ်ချမ်းသာအောင် တတ်နိုင်တဲ့နည်းနဲ့ လုပ်ပါ။
+++++++++++++++++++++++++++
စိတ်ချမ်းသာဖို့လိုရင်းပါ
(ဆရာတော် ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++
Friday, April 27, 2012
"တစ်နာရီ မိုင်လေးဆယ်တဲ့ ရှင်..."
တစ်ခါတုန်းက တာချီလိတ်မြို့တွင် ရံပုံငွေရှာဖွေချိန်ရောက်လာတဲ့အတွက်
မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးပါတယ်။
တာချီလိတ်ကလည်း မော်တော်ဆိုင်ကယ်
အလွန်များပြားလှတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
တစ်ချိန်တုန်းကတော့ အကြောင်းအမျိုးမျိုးနဲ့ ရံပုံငွေ ရှာရပါတယ်။
(ယခုတော့ အဲဒီလို မဟုတ်တော့ဘူးလို့ထင်ပါတယ်)
မော်တော်ဆိုင်ကယ်ကလည်း အပြစ်ရှာရအလွန်လွယ်ကူတဲ့ပစ်မှတ်ဖြစ်နေပါတယ်။
တစ်နေ့မှာ တစ်နေရာတွင် မော်တော်ဆိုင်ကယ် စီးလာတဲ့အမျိုးသမီးကို
တစ်နေ့မှာ တစ်နေရာတွင် မော်တော်ဆိုင်ကယ် စီးလာတဲ့အမျိုးသမီးကို
ယာဉ်ထိန်းရဲက တားလိုက်ပါတယ်။
ဆိုင်ကယ်ဦးထုတ်ဆောင်းလာတဲ့အတွက် အခြားအကြောင်းအရာကိုရွေးချယ်ပြီး
“ခင်ဗျား တစ်နာရီကို
မိုင်လေးဆယ်နဲ့မောင်းတယ်” လို့ပြောလိုက်တယ်။
ပြီးတော့ ဒဏ်ရိုက်ဖို့အတွက်ေ
ပြစာစာအုပ်ကို ထုတ်လိုက်တယ်။
“ တစ်နာရီ မိုင်လေးဆယ်
ဟုတ်လား၊
ကျမ အိမ်က ထွက်လာတာ တစ်နာရီတောင် မပြည့်သေးဘူး”
လို့ပြန်ပြောလိုက်တယ်။
ဒီတော့ ယာဉ်ထိန်းရဲက
ခေါင်းကို ကုတ်ပြီး ပြန်ပြောလိုက်တာက…
“ဆောရီးပဲ၊
အဲဒါကို ကျနော် မသိလို့ပါ။
ဆက်သွားနိုင်ပါတယ်”
အဲဒါကို ကျနော် မသိလို့ပါ။
ဆက်သွားနိုင်ပါတယ်”
Subscribe to:
Posts (Atom)