Saturday, April 28, 2012

"စိတ်ချမ်းသာမယ်ဆိုရင်...(၂၁)..."





ကိုယ်ကိုယ်တိုင် ဖတ်ဖို့…(၂၁)

စိတ်ချမ်းသာတဲ့သူတွေမှာ  ရှိတတ်တဲ့ အချက် (၆)ချက်မှ အဆက်…

Happiness is loving what you do, and knowing it matters.
စိတ်ချမ်းသာမှုဆိုတာ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်တာ၊
ကိုယ်အလုပ်ဟာ အရေးပါတယ်။ အကျိုးပြုတယ်လို့ သိနေတာ။
ကိုယ့်အလုပ်ကို ကိုယ် ချစ်တဲ့သူဟာ  စိတ်ချမ်းသာတယ်။
ကိုယ့်အလုပ်ဟာ အရေးပါတယ်။ ထိရောက်တယ် အကျိုးပြုတယ်လို့ သိရတာ
စိတ်ချမ်းသာတယ်။

+++++++++++++++++++++++++++

ငွေရဖို့ပဲ လုပ်ရင် ကျွန်ခံနေရတာနဲ့တူတယ်။
ဥာဏ်ကို မသုံးရတဲ့အလုပ်၊
ပျင်းစရာကောင်းတဲ့အလုပ်ကို လုပ်ရင် စိတ်ဓာတ်ပျက်ဆီးတယ်။

 +++++++++++++++++++++++++++

Anything you like to do isn’t tiresome.
လုပ်ရတာ နှစ်သက်တဲ့အလုပ် ဘယ်အလုပ်မဆို ပင်ပန်းစရာ၊
ငြီးငွေ့စရာကောင်းတဲ့အလုပ် မဟုတ်ဘူး။

+++++++++++++++++++++++++++


လုပ်ချင်တာကို လုပ်ရရင် စိတ်မပင်ပန်းဘူး။
မငြီးငွေ့ဘူး။ လုပ်ရတာ ပျော်နေရင် အချိန်ကုန်မှန်းတောင် မသိဘူး။
အဲဒီအလုပ်မျိုးဟာ ကျန်းမာရေးကို ကောင်းမွန်စေတယ်။
အကျိုးပြုနိုင်တဲ့သူ ဖြစ်ရတာ သိပ်ကျေနပ်စရာကောင်းတယ်။

+++++++++++++++++++++++++++

People are happier and more productive when they are respected, cared about, and involved.
ကိုယ့်ကို လေးစားတယ်။ တန်ဖိုးထားတယ်။ ကိုယ့် နေရေး ထိုင်ရေး အဆင်ပြေဖို့ကို အထူး အလေးပေးတယ်။
ကိုယ့်ရဲ့အကြံဥာဏ်ကို လိုလိုလားလားတန်ဖိုးထားတယ် ဆိုရင် အလုပ်လုပ်ရတာ ပိုပျော်တယ်။
အလုပ်ကို ပိုလုပ်တယ်။
(ဒီအချက်ဟာ သုတေသနပြုလို့ တွေ့ရတဲ့အချက်ဖြစ်တယ်။)

+++++++++++++++++++++++++++

ကိုယ့်ကို မလေးစားဘူး။ ကိုယ့်အကြံဥာဏ်ကို တန်ဖိုးမထားဘူး။
ကိုယ့်စားဝတ်နေရေး အဆင်ပြေဖို့ကို အလေးမပေးဘူးဆိုရင်
ဘယ်သူက အလုပ်လုပ်ရတာ ပျော်မလဲ။
ကိုယ့်ကို ကျွန်လို သဘောထားပြီး ခိုင်းရင် မလုပ်ချင်ပဲ လုပ်မယ်။
ငွေရဖို့ပဲ အဓိကထားမယ်။
ပိုကောင်းအောင် မလုပ်ဘူး။

+++++++++++++++++++++++++++

ဒါကြောင့် တိုင်းသူပြည်သားတွေကို အလေးထားရင်…
တိုင်းသူပြည်သားတွေရဲ့ စား ဝတ်နေရေးကို အဆင်ပြေဖို့ကို အထူးအလေးပေးရင်…
တိုင်းသူပြည်သားတွေရဲ့ အကြံဥာဏ်ကို လိုလိုလားလား တန်ဖိုးထားရင်…
တိုင်းသူပြည်သားတွေ စိတ်ချမ်းသာမယ်။ အလုပ်ပိုလုပ်မယ်။
အဲဒီနိုင်ငံဟာ တိုးတက်မယ်။

+++++++++++++++++++++++++++


Affirm the work that others do.
သူတစ်ပါးလုပ်တဲ့အလုပ်ကို အသိအမှတ်ပြုပါ။
အသိအမှတ်ပြုတာခံရရင် စိတ်ချမ်းသာတယ်။
စိတ်ချမ်းသာရင် အလုပ်ကို ပိုကောင်းအောင် လုပ်တယ်။

+++++++++++++++++++++++++++

စက်တစ်ခုမှာ မူလီတိုင်းဟာ သူ့နေရာနဲ့သူ အရေးပါတယ်။
လူ့အသိုင်းအဝိုင်းထဲမှာ လူတိုင်းဟာ သူ့နေရာနဲ့သူ အရေးပါတယ်။
ငါတို့ပဲ အရေးပါတယ်။ မင်းတို့က ဘာအရေးပါလဲလို့ သဘောထားရင်
ပူးပေါင်း ဆောင်ရွက်မှုကို မရနိုင်တော့ဘူး။

+++++++++++++++++++++++++++

ကိုယ့်ကို လေးစားတာ လိုချင်ရင် လူတွေကို လေးလေးစားစား ဆက်ဆံပါ။
ကိုယ့်အလုပ်ကို အသိအမှတ်ပြုတာ လိုချင်ရင် သူများအလုပ်ကို အသိအမှတ်ပြုပါ။
စိတ်ချမ်းသာမှုကို လိုချင်ရင် လူတွေကို စိတ်ချမ်းသာအောင် တတ်နိုင်တဲ့နည်းနဲ့ လုပ်ပါ။

+++++++++++++++++++++++++++

စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော် ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++





No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com