Monday, December 13, 2010

“ မိသားစုကောင်းတစ်ခုရဲ့ အရိပ်အာဝါသ…”



မကြာသေးမီက

ကောလိပ်ကျောင်းတက်နေတဲ့ကျောင်းသားတစ်ဦးဟာ

စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်အတွင်း

အိမ်ကို ဆိုင်းမဆင့်၊ဗုံမဆင့်ရောက်လာခဲ့ပါတယ်။

မမျှော်လင့်ဘဲ ရောက်လာခဲ့တဲ့အတွက် ဘာများအကြောင်းထူးသလဲလို့

မိဘများက စိတ်ထဲမှာ အမျိုးမျိုးဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် မိဘတွေကတော့ ရောက်လာတဲ့သားကို

အေးအေးသာသာ ကြိုဆိုခဲ့ပြီး ရောက်လာတဲ့အတွက် ပျော်ကြပါတယ်။


သားဟာအိမ်ကကောလိပ်ကို ပြန်သွားပြီး

တစ်ရက်၊နှစ်ရက်အကြာမှာတော့

သားဆီက စာတစ်စောင်ရရှိပါတယ်။


သားရဲ့စာထဲမှာ

သားပြန်လာတဲ့အတွက် ဖေဖေ၊မေမေတို့အံ့သြနေမယ်ဆိုတာ သားသိပါတယ်။

ဒါပေမယ့် သားအိမ်ကို ပြန်ကိုပြန်ရမယ်လို့ခံစားမိလို့သားပြန်ခဲ့တာပါ။

သားကျောင်းမှာနေရတာ စိတ်အခန့်မသင့်တာ၊

စိတ်အနှောင့်အယှက်ဖြစ်တာတွေ တော်တော်တွေ့ရပါတယ်။

သားရဲ့ခံစားယုံကြည်မှုတွေကို အကြောင်းတစ်ခုကြောင့် ဂယက်ထစေခဲ့ပါတယ်။

ဒါကြောင့် အိမ်ပြန်လာပြီး၊ အိမ်ပတ်ဝန်ကျင်မှာ နေခြင်းဖြင့်အားလုံးအေးငြိမ်းပြီး

အနယ်ထိုင်မယ်ဆိုတာ သားသိခဲ့ပါတယ်။

ဒါကြောင့် အိမ်ကို ပြန်လာတာပါ။

ပြန်လာတော့ သားထင်တဲ့အတိုင်း အားလုံးအဆင်ပြေခဲ့ပါတယ်

လို့ စာထဲမှာရေးသားဖော်ပြခဲ့ပါတယ်။

“ မီးရှို့သူ မဖြစ်ပါစေနဲ့ …”




တစ်နေ့မှာတော့

လယ်တီဆရာတော်ကြီးဆီကို

မြန်မာနိုင်ငံ တစ်နံတစ်လျှား

ဟိုးဟိုးကျော်နေတဲ့ ဇာတ်မင်းသားကြီး ဦးဖိုးစိန်က

လာရောက်ဖူးပါတယ်။

လယ်တီဆရာတော်က

ကန်တော့တာ ဘယ်သူပါလိမ့်

လို့ မေးလိုက်ပါတယ်။


ဦးဖိုးစိန်က

တပည့်တော် ဇာတ်မင်းသားဖိုးစိန်ပါ အရှင်ဘုရား

လို့လျှောက်ထားပါတယ်။

လယ်တီ ဆရာတော်က

သြော် ဒါဖြင့် မြန်မာတစ်ပြည်လုံးကို

မီးလှည့်ရှို့နေတာ ဒကာကြီးကိုး

လို့ ပြောလိုက်ပါတယ်။


ဆရာတော်ဘုရားက

လောဘမီး၊

ဒေါသမီးဆိုတဲ့

ကိလေသာမီးတွေ ကို ဆိုလိုတာဖြစ်ပါတယ်။

ပြည်သူပြည်သားတွေရဲ့ရင်ထဲ၊ နှလုံးသားထဲမှာ

ကိလေသာမီးတွေ လောင်မြိုက်အောင်

လုပ်နေတာကို ဆိုလိုဟန်တူပါတယ်။

ဘယ်သူမဆို

သတိထားဆင်ချဉ်သင့်တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။

ကိုယ်ဖန်တီးတဲ့ အနုပညာနဲ့စာပေ၊ စကား ဟာ

အခြားသူတွေ အတွက်

ကိလေသာလောင်မြိုက်စေတဲ့အပြုအမူနဲ့

အရေးအသား၊

အပြောအဆို

မဖြစ်စေဖို့အရေးကြီးလှပါတယ်။


လူမိုက်တစ်သောင်း၊

ချီးမွှမ်းရှောင်းလည်း

လူကောင်းတစ်ယောက်၊

ပြစ်တင်ကြောက်လော့

“ မငြင်းနဲ့…”




တစ်နေ့မှာတော့

ကျောင်းသားနှစ်ယောက် ငြင်းခုန်ပြီး စကားများကြသဖြင့်

ဆရာတော်ရှေ့မှောက်ကို ရောက်လာကြတယ်။

ဆရာတော်က

မင်းတို့ဘာတွေ ငြင်းနေကြတာလဲ

လို့မေးပါတယ်။

ကျောင်းသားတစ်ယောက်က

တပည့်တော်တို့ သာသနာနှစ် လေးထောင်နဲ့ ငါးထောင်

ဘယ်ဟာ မှန်၊ မမှန် ငြင်းနေကြတာပါဘုရား

လို့ ပြန်ဖြေပါတယ်။

ဆရာတော်က

အေးဒီလိုဆို လေးထောင်သမားပြန်တော့၊

ငါးထောင်လို့ပြောတဲ့ကျောင်းသားနေရစ်ခဲ့…”

လို့မိန့်တော်မူပါတယ်။

ပြီးတော့ သာသနာနှစ် ငါးထောင်ဘက်က ငြင်းတဲ့ကျောင်းသားကို

ကြိမ်နဲ့ ဆုံးမတော်မူပါတယ်။

ရိုက်ပြီးတဲ့အခါမှာတော့ အရိုက်ခံရတဲ့ကျောင်းသားက

သာသနာနှစ် ငါးထောင်လို့ တပည့်တော်ပြောတာ မှားလို့လားဘုရား

လို့ မရဲတရဲ မေးပါတယ်။

ဆရာတော်က

မမှားဘူး၊

မှန်တယ်။

သာသနာနှစ် ငါးထောင်ဆိုတာ

ဗုဒ္ဓဘာသာဝင်တိုင်းလိုလို သိနေကြတယ်။

အဲဒီတော့ သာသနာနှစ် ငါးထောင်လောက်ကိုမှ

မသိတဲ့လူဖျင်းလူအနဲ့ အဖက်တန်မှန်းမသိ၊

အဖက်မတန်မှန်းမသိဘဲ သွားငြင်းတဲ့အတွက်

မင်းကို ရိုက်ရတာပဲ

လို့ ဆုံးမတော်မူပါတယ်။

*********************************************************

အငြင်းအခုန်အားသန်တဲ့ ဒကာတစ်ယောက်နဲ့ပတ်သက်ပြီး

ပထမ မစိုးရိမ်ဆရာတော်ဘုရားကြီးက

အေး မဟုတ်တိုင်းသာ ခွန်းတုံ့ပြန်ပြီး စကားများရန်ဖြစ်မယ်ဆိုရင်

မင်းတစ်လောကလုံးနဲ့ လှည့်ပြီး ရန်ဖြစ်နေပေတော့၊

ဘာဖြစ်လို့လည်းဆိုတော့

လောကကြီးမှာ

ဟုတ်တာထက် မဟုတ်တာတွေက ပိုများနေတယ်

လို့ ဆုံးမတော်မူပါတယ်။

“ ပိုပြီးလိုအပ်တဲ့အရာ…”



ထိုင်းနိုင်ငံမှာ

မိန်းမယူမယ့်သားကို မင်္ဂလာလက်ဆောင်အဖြစ်

ကိုအောင်ကိုဝင်းက ပိုက်ဆံ တစ်သိန်း ပေးလိုက်တယ်။

နှစ်ပတ်ကြာတဲ့အခါမှာတော့ သားကိုမေးတယ်။


ငါပေးတဲ့ ပိုက်ဆံကို မင်း ဘာလုပ်လိုက်သလဲ

သားကောက်ကောက်က

လက်ပတ်နာရီ ဝယ်လိုက်တယ်

ပြောပါတယ်။


ကိုအောင်ကိုဝင်းက စိတ်ဆိုးစွာ အော်တယ်။

ဟေ့ကောင်၊

နာရီမဝယ်ရဘူး၊

သေနတ်ဝယ်ရတယ်ကွ


သားက

ဘာဖြစ်လို့လဲ အဖေ

ပြန်မေးပါတယ်။


ကိုအောင်ကိုဝင်းက

ဆိုကြပါစို့။

တစ်နေ့အိမ်ကို မင်းပြန်လာတဲ့အခါ

အိပ်ခန်းထဲမှာ မင်းမိန်းမကို အခြားယောက်ျားနဲ့တွေ့တယ်။

မင်းဘာလုပ်မလဲ။

အဲဒီအကောင်ကို နှိုးပြီး

ဘယ်အချိန်ရှိပြီလဲဆိုတာ မသိချင်ဘူးလားခင်ဗျာ

လို့ မင်း မေးမလားကွဟေ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com