Sunday, November 14, 2010

“ ခွေးမည်းကြီးက အားကောင်းတယ်…”



အမေရိကန် ရက်အင်ဒီးယန်းလူငယ်တစ်ဦးဟာ

သူ့စိတ်ထဲမှာ ဖြစ်ပျက်နေမှုကို

အမှန် အောက်ပါအတိုင်းပြောပြခဲ့ပါတယ်။


“ သူငယ်ချင်းတို့ရာ

ငါ့စိတ်ထဲမှာ ခွေးနှစ်ကောင်ကိုက်နေသလို ငါ ခံစားရပါတယ်။

တစ်ကောင်က ခွေးကောင်း၊

ဖြူဖြူဖွေးဖွေးလှလှပပပါဘဲ။

အဲဒီခွေးက ငါ့အကျိုးအတွက် အကောင်းဆုံးဖြစ်အောင်

အမြဲစောင့်ကြည့်နေပါတယ်။


နောက်တစ်ကောင်ကတော့ ခွေးမည်းကြီး။

အဲဒီခွေးကြီးက ခွေးဆိုးကြီး။

အဲဒီခွေးကြီးကတော့

ငါ ဖြစ်စေချင်တာ၊

မြင်ချင်တာတွေ အားလုံးကို ပျက်စီးအောင်

ဖျက်နေတော့တာပါပဲကွာ။


ဒီခွေးနှစ်ကောင်ဟာ ငါ့ကို သိပ်ဒုက္ခပေးတယ်ကွ။

သူတို့နှစ်ကောင်ဟာ အချိန်တိုင်းလိုလို အမြဲရန်ဖြစ်နေကြတယ်လေ ”

လို့ ပြောပြခဲ့ပါတယ်။


ကြားနေရတဲ့သူငယ်ချင်းက

“ ဘယ်ခွေးက နိုင်သလဲ ”

လို့မေးကြည့်ပါတယ်။


အဲဒီအခါ ရက်အင်ဒီးယန်းလူငယ် ပြောလိုက်တာက

“ ခွေးမည်းကြီးက အားကောင်းတယ်ကွ ”

တဲ့။

“ တစ်ခုတည်းသော ဆန္ဒ…”



တစ်ခါတုန်းက

စက်ရုံလုပ်သား၊ ရုံးစာရေးနှင့် ငတက်ပြားတို့ဟာ

ကန်ဘေးထိုင်ပြီး ငါးမျှားနေကြတယ်။


ဖော့တုံးမြုပ်သွားတာကို တွေ့တာနဲ့

စက်ရုံလုပ်သားဟာ ငါးမျှားတံကို ဆွဲတင်လိုက်တယ်။

ရွှေငါးလေးတစ်ကောင်ပါလာတယ်။


ရွှေငါးလေးက ပြောတယ်။

“ ကျနော့်ကို လွှတ်ပေးပါ၊

ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးပါ့မယ် ”


ငါးကို စက်ရုံလုပ်သား လွှတ်ပေးလိုက်ပြီးပြောတယ်။

“ ငါ့အိမ်မှာ ပိုးဟပ် သိပ်များတယ်၊

တစ်ကောင်မှ မကျန်အောင် လုပ်ပေးပါ ”


ရွှေငါးလေးကပြန်ပြောတာက

“ ဟောဒီ ပိုးဟပ် သေးသေးလေးတစ်ကောင်ကို ယူသွားပါ။

အိမ်ရောက်ရင် လွှတ်ပေးလိုက်ပါ။

ဒီကောင် အိမ်မှာရှိတဲ့ ပိုးဟပ်အားလုံးကို စားပစ်မယ်။

အဲဒီနောက်မှာ သူကိုယ်တိုင် သေသွားလိမ့်မယ် ”


ရုံးစာရေးဟာ

နောက်မိနစ်အနည်းငယ်အကြာတွင်

ငါးတွတ်တာကို မြင်တဲ့အတွက်

မိမိရဲ့ ငါးမျှားတံကို ဆွဲတင်လိုက်တယ်။

အဲဒီ ရွှေငါးလေးပင် ပါလာတယ်။


ရွှေငါးလေးက အသနားခံပြန်တယ်။

“ ကျနော့်ကို လွှတ်ပေးပါခင်ဗျာ၊

ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးပါ့မယ် ”


ငါးကို လွှတ်ပေးလိုက်ပြီး ရုံးစာရေး ပြောတယ်။

“ ငါ့တစ်အိမ်လုံးမှာကြမ်းပိုးတွေ တအားများနေတယ်၊

ကူညီစမ်းပါ ”


ရွှေငါးလေးကပြောတယ်။

“ ဟောဒီ ကြမ်းပိုးသေးသေးလေးတစ်ကောင်ကို ယူသွားပါ။

အိမ်ရောက်ရင် လွှတ်ပေးလိုက်ပါ။

ရှိသမျှ ကြမ်းပိုးတွေကို ဒီကောင် စားပစ်မယ်။

အဲဒီနောက် ဒင်းကိုယ်တိုင်လည်း သေသွားလိမ့်မယ် ”


နောက်ခဏအကြာမှာ သူခိုးကြီး ငတက်ပြားဟာ

ငါးတွတ်တဲ့အတွက် ငါးမျှားတံကို ဆွဲတင်လိုက်တယ်။

စောစောက ကိုရွှေငါးပင် ယက်ကန်ယက်ကန်နဲ့ ပြန်လာပါတယ်။

ရွှေငါးလေးရဲ့ပြောမယ့် စကားကို မစောင့်တော့ဘဲ

ကိုငတက်ပြားကပြောလိုက်တာက

“ ဟေ့…ရွှေငါးလေး၊

ငါ့ကို ရဲသားသေးသေးလေးတစ်ကောင်လောက်

ရအောင်လုပ်ပေးပါ ”

“ တစ်ယောက်ယောက်တော့ သေမှာပဲ…”



ရှေးရှေးတုန်းက ပုရောဟိတ်အိုကြီးတစ်ယောက်ရှိခဲ့တယ်။
အဲဒီ ပုရောဟိတ်ဟာ ရှိတ်စော်ဘွားကြီးပိုင်တဲ့ မြည်းကို
နှစ်၂၀ အတွင်း စာရေး၊ စာဖတ်တတ်အောင် သင်ပေးမယ်
လို့ ကတိပေးလိုက်တယ်။
စော်ဘွားကြီးက အဲဒီအချိန်အတွင်း သူ့ရဲ့မြည်း အသုံးလုံး မကျေရင်
ပုရောဟိတ်ရဲ့ လည်ပင်းကို ဖြတ်ရမယ် လို့ ကြိမ်းမောင်းခဲ့တယ်။
ဒီလောက်အန္တရာယ်များတဲ့ အလုပ်ကို
ဘာဖြစ်လို့ တာဝန်ယူလိုက်ရတာလဲ
လို့ ပုရောဟိတ်ကြီးကို ဝိုင်းမေးကြတော့
ပုရောဟိတ်ကြီးက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်တယ်။

“ နှစ်-၂၀အတွင်းမှာ
ငါသော်လည်းကောင်း၊
မြည်းသော်လည်းကောင်း၊
ရှိတ်စော်ဘွားကြီးသော်လည်းကောင်း၊
တစ်ယောက်ယောက်ကတော့ သေမှာ သေချာလို့ပါ ”တဲ့။

“ စောင့်နေသလားမှ မသိတာ…”



ရန်ကုန် တိရ စ္ဆာန်ရုံတစ်ခုမှာဖြစ်တယ်။

လာရောက်တဲ့ဧည့်သည်တစ်ဦးက


“ ခင်ဗျားဟာ ခြင်္သေ့တွေကို ယဉ်ပါးအောင်

လေ့ကျင့်ပေးရတဲ့လူလား ”


“ ဟုတ်ပါတယ် ”


“ ဘာဖြစ်လို့ ခြင်္သေ့တွေ ခင်ဗျားကို ရန်မမူတာလဲ၊

ခင်ဗျားက ပိန်ပိန်ညှက်ညှက်လေး ”


“အဲဒါကြောင့် ရန်မမူတာဖြစ်မှာပေါ့။

ကျနော် ဝလာအောင် သူတို့တွေ စောင့်နေကြတယ်လေ ”

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com