Wednesday, November 25, 2009
"လူသားဆိုတဲ့တန်ဖိုး..."
Tuesday, November 24, 2009
စေတနာကောင်းရင်…ဉာဏ်ကောင်းပါတယ်…
အဖိုးရဲ့နာမည်က“ ဘကြီးထွန်း”ပါ။
လယ်သမားကြီးပေါ့။
ဘကြီးထွန်းဟာစေတနာကောင်းပြီး ဉာဏ်အမြော်အမြင်လည်း ရှိပါတယ်။
အဖိုးရဲ့မြေးလေးကတော့ “အဲမိုး”လို့ခေါ်ပါတယ်။
စပါးခင်းတွေကလည်း ဝင်းမှည့်နေပြီ။
မကြာခင်မှာဘဲ စပါးတွေရိတ်သိမ်းရတော့မယ်။
လယ်သမားတွေကတော့ ပျော်ကြတာပေါ့။ဒီနှစ် အလှူတွေ လုပ်ရတော့မယ်။
လယ်သမားတွေကတော့ တစ်နေ့လုံး လယ်ယာလုပ်ငန်းတွေလုပ်ကိုင်ပြီး
ညနေဆိုရင် တောင်ခြေမှာရှိတဲ့ရွာကိုပြန်ပါတယ်။
တောင်ခြေရွာက ပင်လယ်ကမ်းစပ်နားမှာရှိတယ်။
တစ်နေ့တော့ အဖိုးနဲ့မြေးလေးဟာ အလုပ်သိမ်းပြီမို့
တောင်ပေါ်က နေဝင်ဆည်းဆာကို ကြည့်ဖို့အိမ်ကထွက်လာတယ်။
ပင်လယ်ပြင်ပေါ်က တိမ်ညိုမည်းကိုတွေ့ရတော့ ဇဝေဇဝါဖြစ်သွားတယ်။
မြင့်မြင့်မားမား တက်လာတဲ့ တိမ်တိုက်မည်းတွေဟာ ပင်လယ်ပြင်ကိုဖြတ်ပြီး သူတို့ဆီကိုအလျှင်အမြန် ရွေ့ရှားနေတာကိုတွေ့ရတယ်။
မြေးလေးအဲမိုးကလည်း အဖိုးပြောတဲ့အတိုင်း အမြန်ပြေးပြီးယူလာပါတယ်။ မီးစွဲနေတဲ့ထင်းချောင်းနှစ်ချောင်းကိုရတော့
အဖိုးက ဝင်းမှည့်နေတဲ့ စပါးခင်းကိုမီးရှို့ပါတော့တယ်။
မြေးလေးအဲမိုးကိုလည်း ထင်းချောင်းတစ်ချောင်းပေးပြီး မီးရှို့ခိုင်းပါတယ်။
အဲမိုးလေးက ဘာမှနားမလည်ပေမယ့် အဖိုးခိုင်းတဲ့အတိုင်း လုပ်ပါတယ်။
စပါးခင်းတွေ မီးလောင်တာကို တွေ့တော့
တောင်ခြေရွာကရှိသမျှလူတွေဟာ တောင်ပေါ်ပြေးတက်လာပြီး မီးငြိမ်းကြတာပေါ့။
ရွာထဲကအမျိုးသမီးတွေအားလုံးလည်း
ရေပုံးတွေနဲ့မီးငြိမ်းဖို့တောင်ပေါ်ပြေးတက်လာကြသလို
ကလေးတွေလည်း မိဘတွေနဲ့အတူ တောင်ပေါ်ကိုပြေးတက်လာကြတယ်။
ရွာထဲမှာ ဘယ်သူမှမကျန်တဲ့အထိပါပဲ။
ဘကြီးထွန်း မီးရှို့တာတွေ့တော့ ရွာသူရွာသားတွေက ဒေါသထွက်ကြတယ်။ ပါစပ်ကလည်းပြောသူကပြောတာပေါ့။
“ဘကြီးထွန်းရူးနေလား”
“ ဘာကြောင့်မီးရှို့ရတာလဲ?”
“အဖိုးကြီးတော့ ပေါက်သွားပြီ”
တစ်ယောက်တစ်ပေါက်အော်ကြတယ်။
ဆဲသူကဆဲကြတယ်။ အပြစ်တင်သူက အပြစ်တင်ကြတယ်။
ရွာထဲမှာတစ်ယောက်မကျန်တက်လာတာကို ဘကြီးထွန်းတွေ့တော့မှ
မီးရှို့တာရပ်ပြီး ပင်လယ်ပြင်ဘက်ကို လက်ညှိုးထိုးပြီးပြလိုက်တယ်။
လာနေပြီ လှိုင်းလုံးကြီးတွေ။လာနေပြီမုန်းတိုင်း။
လာနေပြီ ဆူနာမီ။
မကြာခင်မှာပင် တောင်ခြေမှာရှိတဲ့ ရွာလေးဟာ
ရေလှိုင်းတွေကြားထဲမှာပဲပျောက်ကွယ်သွားပါတော့တယ်။
အားလုံးကမြင်နေရတယ်။ ကြောက်ခမန်းလိလိမြင်ကွင်းပါ။
စပါးခင်းတွေကို မီးရှို့တယ်ဆိုတာ တောင်ခြေမှာနေတဲ့ ရွာသူရွာသားတွေကို
တောင်ပေါ်ကိုအမြန်ဆုံးရောက်ဖို့အကောင်းဆုံးနည်းလမ်းပဲဆိုတာကိုလည်း
သဘောပေါက်လာပါတယ်။
သူတို့ဂရုစိုက်တာက သူတို့ရဲ့အသက်တွေကို ကယ်ခဲ့တဲ့
ပညာရှိကြီး ဘကြီးထွန်းနဲ့မြေးလေး အဲမိုးတို့ကိုပါပဲ။
“ ကြည့်တော့...မြင်တာပေါ့...”
တစ်ခါတုန်းက ကြယ်လေးပွင့်ဟော်တယ်တစ်ခုမှာ
ဂုဏ်သရေရှိတဲ့ ကတော်ကြီး ဒေါ်စိန်ကြိုင်ဟာတည်းခိုနေတယ်။
တစ်နေ့မှာတော့ သူမနဲ့မျက်နှာချင်းဆိုင်အခန်းက မြင်ကွင်းတစ်ခုကြောင့်
စိတ်ဆိုးဆိုးနဲ့ ဟော်တယ်မန်နေဂျာဆီ တယ်လီဖုန်း ကောက်ဆက်လိုက်ပါတယ်။
“ကျမ အခန်းနံပါတ် ၇၂၂ ကပြောနေတာပါ။
ရှင်တို့ဟော်တယ်က အင်မတန် စည်းကမ်းမဲ့လှပါလား၊
ကျမအခန်းရဲ့ ပြတင်းပေါက်နဲ့တည့်တည့်အခန်းမှာ
ယောက်ျား တစ်ယောက် ကိုယ်လုံးတီး လမ်းလျှောက်နေတယ်။
ဒီလို အရုပ်ဆိုး၊အကျည်းတန်တဲ့လုပ်ရပ်ကို အမြန်ဆုံး ရပ်တန့်ပေးပါလို့ကျမတောင်းဆိုတယ်။
လုပ်မပေးဘူးဆိုရင် ဟော်တယ်ပြောင်းဖို့အမြန်ဆုံးစီစဉ်ပေးပါ။”
“ဟုတ်ကဲ့ခင်ဗျာ…၊
ကျနော် အခုပဲ အစ်မကြီးရဲ့အထပ်မှာ တာဝန်ကျတဲ့ ဝန်ထမ်းကို အမြန်ဆုံးလွှတ်လိုက်ပါ့မယ်။”
ဒေါ်စိန်ကြိုင်ရဲ့ အခန်းကို တာဝန်ကျသူ အမြန်ရောက်လာပါတယ်။
ပြတင်းပေါက်ဘက်သွားကာ ရှေ့တည့်တည့်က အခန်းကို ကြည့်တယ်။
ဟုတ်ပါရဲ့၊ ယောက်ျားတစ်ယောက်ဟာ အပေါ်ပိုင်းအဝတ်အစားမပါဘဲ
အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေလေရဲ့။
ဒီတော့ တာဝန်ကျ ဝန်ထမ်းက
“ မမပြောတဲ့အတိုင်းပဲ သူ့ရဲ့အပေါ်ပိုင်းမှာ ဘာအဝတ်အစားမှ မပါဘူးဆိုတာမှန်ပါတယ်။
ဒါပေမယ့် သူဘယ်နေရာပဲလျှောက်သွား၊လျှောက်သွား သူရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို မမြင်ရပါဘူးခင်ဗျာ…”
“မမြင်ရဘူးဟုတ်လား၊
လာစမ်းပါ၊ ကျမရဲ့ ကုတင်ပေါ်ကနေ တက်ကြည့်စမ်းပါ၊
အားလုံးအတိုင်းသားပဲ၊
မမြင်ရဘူးတဲ့၊
ဟင်း မပြောလိုက်ချင်ဘူး”
Monday, November 23, 2009
“ ပြောင်းလဲလာတဲ့လူ…”
Ø ကိုပြူးကျယ်…..“သူက သစ္စာဖောက်၊
အဲဒီမဲဆန္ဒပေးတဲ့နေရာမှာ
သူကကျနော်တို့ကို စွန့်သွားပြီး
ဆန့်ကျင်ဘက်အဖွဲ့ထဲဝင်သွားတယ်လေ”
Ø ကိုစပ်စု…..“တကယ်လို့ ဆန်ကျင်ဘက်အဖွဲ့ကို စွန့်ခွာပြီး
ခင်ဗျားတို့အဖွဲ့ထဲဝင်လာရင်ကော
အဲဒီလူကို သစ္စာဖောက်လို့ပဲ ခင်ဗျားတို့ခေါ်မှာလား”
Ø ကိုပြူးကျယ်…..“ဟာ…အဲဒီလူကို သစ္စာဖောက်လို့တော့
ဘယ်ခေါ်မလဲ၊
ပြောင်းလဲလာတဲ့လူလို့ခေါ်မှာပေါ့”
ဇွဲစိတ်သန်သန်...အားမာန်အပြည့်....
ဧဝရတ်တောင်ကို ၁၈၅၀ ခုနှစ်တွင် စတင်တွေ့ရှိကြတယ်။
နိုင်ငံတကာတောင်တက်သမားများ နှစ်ပေါင်း (၁၀၀)လောက်ကြိုးစားပြီးတက်ကြတယ်။မအောင်မြင်ကြပါ။
၁၉၅၃ခုနှစ်တွင် အက်ဒမန်ဟီလာရီ နှင့် တင်ဇင်နော်ဂေးတို့နှစ်ယောက်တောင်ထိပ်ကို ပထမဆုံးရောက်ကြတယ်။
နောက်ပိုင်းနှစ်ပေါင်း၅၀ နီးပါးကာလအတွင်း နိုင်ငံတကာမှ တောင်တက်သမား ၃၆၀ယောက် အောင်မြင်တက်နိုင်ခဲ့ကြတယ်။
အဲဒီကာလအတွင်း တောင်တက်သမားပေါင်း ၁၀၀ကျော် တောင်ထိပ်ရောက်ဖို့ ကြိုးစားရင်းအသက်ဆုံးရှုံးခဲ့ကြရတယ်။
တောင်ထိပ်ကိုရောက်ဖို့မလွယ်ကူတဲ့သဘောကတော့ အခုအထိရှိနေဆဲ။
ဘာဘူးချီရီ(Babu chiri) ဟာ တောင်တက်အထမ်းသမားတစ်ဦးဖြစ်တယ်။
အသက်(၁၄)နှစ်အရွယ်ကထဲက စပြီးလုပ်ခဲ့သူဖြစ်တယ်။
လူအများကလည်း သူကို တောင်တက်သမားလို့သဘောမထား၊ အလုပ်သမားအဖြစ်သာ သဘောထားသတ်မှတ်ကြတယ်။
ဘာဘူးချီရီက ဒီလိုအနေအထားကို ပြောင်းလဲပစ်ချင်တယ်။ သူကြိုးစားတယ်။
သူဟာ ဧဝရတ်တောင်ကိုအငှားလိုက်သူအဖြစ်မဟုတ်ဘဲ ဒီအတိုင်းမိမိဘာသာတက်ပြတယ်။
တောင်ပေါ်ကိုအမြန်ဆုံးရောက်တဲ့စံချိန်၊
အခေါက်ရေ အများဆုံးတက်တဲ့စံချိန်၊
တောင်ပေါ်မှာ အကြာဆုံးနေနိုင်တဲ့စံချိန်တွေ တင်နိုင်အောင်သူကြိုးစားတယ်။
ဇွဲနပဲနဲ့ကြိုးစားတဲ့အခါသူအောင်မြင်တယ်။

နိုင်ငံတကာ တောင်တက်သမားများဟာ ဧဝရတ်တောင်ထိပ်ရောက်ဖို့အတွက် ပျှမ်းမျှအားဖြင့် (၁၄)ရက်တက်ကြရတယ်။
ဘာဘူးချီရီကတော့ တစ်ရက်ပင်မကြာအောင်တက်ပြခဲ့တယ်။
၂၀၀၆ခုနှစ်၊မေလမှာ သူတင်လိုက်တဲ့စံချိန်ကတော့ ၁၆ နာရီ၊၅၆မိနစ်ဖြစ်တယ်။
သူများတကာတွေ တောင်တက်ဖို့ အတွက် ရက်၊လ၊ချီပြီပြင်ဆင်ရတယ်။
ဘာဘူးချီရီကတော့ (၁၄)ရက်အတွင်း တောင်ထိပ်ကို နှစ်ခေါက်ရောက်အောင် တက်ပြခဲ့တယ်။
ဧဝရတ်တောင်ထိပ်ဟာအလွန်အေးတဲ့နေရာဖြစ်တော့ တောင်တက်သမားများဟာ တောင်ထိပ်အထိ ရောက်အောင် တက်ပြီးရင် အမှတ်တရ ဓာတ်ပုံတွေရိုက်ပြီး ရင် ခပ်မြန်မြန်ပြန်ဆင်းသွားလေ့ရှိကြတယ်။
ဘာဘူးချီရီကတောင်ထိပ် မှာ ရွက်ဖျင်တဲ တစ်လုံးနဲ့ တစ်ယောက်တည်း အောက်ဆီဂျင်ဓာတ်ငွေ့အကူအညီ မပါဘဲ (၂၁)နာရီ တိတိနေပြခဲ့တယ်။
အဲဒီလို အစွမ်းပြပြီးနောက်မှာတော့ ဘာဘူးချီရီဟာအထမ်းသမား မဟုတ်တော့ပါ။
ဘာဘူးချီရီဟာ တောင်တက်နည်းပြဆရာဖြစ်လာတော့တယ်။ တောင်တက်လုပ်ငန်းကုမ္ပဏီပိုင်ရှင်တစ်ဦးလည်းဖြစ်လာတယ်။ သူ့အကြောင်းကို ကမ္ဘာ့စာနယ်ဇင်းကြီးတွေက တလေးတစားဖော်ပြလာရတော့တယ်။
ဘာဘူးချီရီကို အထမ်းသမားဘဝကနေပြီးတောင်တက်ပညာရှင်၊ပြီးတော့ လုပ်ငန်းရှင်ကြီးဘဝကိုပြောင်းလဲပေးလိုက်တဲ့အရာက ဘာလဲ?
ဇွဲဖြစ်ပါတယ်။
ဝိရီယနဲ့ဇွဲ၊
အစဉ်မြဲမှ၊
သင်လည်းပန်းတိုင်ရောက်လိမ့်မယ်။
မြန်မာလူငယ်များ ကိုယ့်အားကိုယ်ကိုးပြီး၊
ဇွဲစိတ်သန်သန်၊
အားမာန်အပြည့်နဲ့ ကြိုးစားပြီးတိုးတက်ကြပါစေ။
အထက်ကိုလား?..... အောက်ကိုလား?
စိတ်ဟာ လူတစ်ဦးအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုဖြစ်ပေါ်စေနိုင်သလဲ?
အဲဒီမေးခွန်းကို ပညာရှင်များကလည်း စိတ်ဝင်စားကြတယ်။
ထင်မြင်ချက်အမျိုးမျိုးနဲ့ အကြီးအကျယ် ငြင်းခုန်ကြတယ်။
ဒါနဲ့ပဲ စိတ်နဲ့ပက်သက်တဲ့ သုတေသနတစ်ခုဖြစ်ပေါ်လာပါတယ်။
အဲဒီ သုတေသနမှာ ပညာရှင်တွေများစွာ ပါဝင်ကြပါတယ်။
ပညာရှင်တွေရွေးချယ်တဲ့ လူတစ်ယောက်ကတော့
လူသတ်မှုနဲ့ သေဒဏ်ချခံထားရတဲ့လူတစ်ဦးပါ။
သူက အမျိုးသမီးတစ်ဦးရဲ့ လည်ပင်းကို ဒါးနဲ့လှီးသတ်တဲ့အမှုကို ကျူးလွန်ခဲ့ပါတယ်။
သူ့ရဲ့သေဒဏ်ကတော့ သူကျူးလွန်ခဲ့တဲ့အတိုင်း အသေစားသေစေ ဆိုတဲ့ စီရင်ချက်ပါပဲ။ သူကိုသေမိန့်ချမှတ်တဲ့နေ့မှာ ကုတင်တစ်ခုပေါ်မှာ အိပ်စေပြီး
မျက်နှာကို အဝတ်နဲ့စည်းထားပါတယ်။
ခွဲစိတ်အထူးကုဆရာဝန်ကြီးက အဆင်သင့်ပြင်ဆင်ပြီးတော့
သူ့ရဲ့လည်ပင်းကို ခွဲစိတ်ခန်းသုံးဒါးနဲ့ အရေပြားပေါ်မှာပဲပါးပါးလေး ကပ်ပြီးဒါးနဲ့ခြစ်လိုက်ပါတယ်။ သွေးလေးစို့ရုံမျှပါပဲ။
ပြီးတော့ သွေးပုလင်းထဲမှာ သွေးအတုကို အောက်မှာရှိတဲ့ ခံပုံးထဲကို သွေးတစ်စက်ချင်းချလိုက်ပါတယ်။ သွေးစက်ကျသံကို သေဒဏ်ကျခံ
သွေးစက်ကျသံ တိတ်သွားတဲ့အခါမှာတော့ သေဒဏ်ကျခံ
ရသူကို ဆရာဝန်ကြီးတွေက စမ်းသပ်ကြည့်သောအခါမှာတော့ အဲဒီလူဟာ အသက်မရှိတော့ပါဘူး။ သေဆုံးသွားပါပြီ။
ဆရာဝန်ကြီးတွေရဲ့အတည်ပြုချက်ကတော့
ဒဏ်ရာကြောင့်သေဆုံးသွားတာမဟုတ်ပဲ
စိတ်ကြောင့်သေဆုံးသွားတယ်ဆိုတာကို အတည်ပြုပါတယ်။
စိတ်ဟာ လူတစ်ယောက်ကိုသေဆုံးစေနိုင်ပါတယ် ဆိုတာကို
ပညာရှင်တွေအားလုံးက လက်ခံလာကြပါတယ်။
စိတ်ကို အသုံးမချတတ်ရင် စိတ်ဟာ အောက်ဆုံးအထိ ဆွဲချသွားနိုင်သလို
စိတ်ကို အသုံးချတတ်ရင်လည်း အမြင့်ဆုံးအထိ မြှင့်တင်သွားနိုင်ပါတယ်။
ကိုယ်ပိုင်တဲ့စိတ်ကို ကိုယ်ကြိုက်သလို စီမံနိုင်ကြပါတယ်။
စိတ်ကိုအသုံးချပြီး ကုသိုလ်များများလုပ်ဖို့လူဖြစ်လာတာပါ။
လူဖြစ်ပြီး သေရမှာ ကြောက်တယ်ဆိုရင်
အကုသိုလ်နဲ့နေရတာက ပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
ကဲ…လူကြီးမင်း ကရော ကိုယ့်စိတ်ကို ဘယ်လို အသုံးချနေပါသလဲ?
အထက်ကိုလား?
အောက်ကိုလား?