Friday, January 4, 2013

"အမေရိကန်တွေ ကြိုက်တဲ့ထမင်းကျော်..."






အဆင့် ၁။ အရင်ဆုံးကတော့ ဆီသတ်ပါတယ်။
အဲဒီဆီထဲမှာ ကြက်ဥနှစ်လုံးကို မွှေပြီးကျော်လိုက်ပါတယ်။
ပြီးတော့မှ မုန်လာဥအတုံးငယ်ငယ်လေး လက်တစ်ဆုပ်နဲ့ပဲစိမ်းသီးလေး
လက်တစ်ဆုပ်လောက်ကို ထည့်လိုက်ပါတယ်။
ဆိုင်မှာက အဲဒီမုန်လာဥအတုံးနဲ့ပဲစိမ်းသီးတွေက အသင့်လုပ်ပြီးသားကို ဝယ်ထားတာပါ။
ကိုယ့်ဘာသာကိုယ်လုပ်ရင်လည်း မခက်ခဲလှပါဘူး။
ဝယ်ပြီးသားတွေက စက်နဲ့လုပ်ထားတာကြောင့် အတုံးလေးတွေ ညီပြီးလှနေပါတယ်။
အဆင့် ၂။ ပြီးတော့မှ ချက်ပြီးသားထမင်းကို ချိန်ဆထည့်လိုက်ပါတယ်။
မီးအပူပေးပြီးအားလုံးကို သမအောင် မွှေလိုက်ပါတယ်။
၃။ ပြီးတော့မှ အဲဒီထမင်းကျော်ထဲကို rice-sauce ကိုထည့်ပါတယ်။
ထမင်းကျော်အတိုင်းအဆပေါ်မူတည်ပြီး ဇွန်းကြီးနဲ့ တစ်ဇွန်းလောက် ထည့်ပါတယ်။
အဲဒီ rice-sauce ကတော့ ထမင်းကျော်ရဲ့အရသာကို ဖြစ်စေတဲ့အဓိက အရည်တစ်မျိုးပါ။
အရသာထူးကဲတာက အဲဒီ rice-sauce ကြောင့်ပါ။
အဲဒီ rice-sauce မှာ ထည့်ဝင်ပစ္စည်းပေါင်း ဆယ်မျိုးလောက်ကို
အချိုးညီ ထည့်ရပါတယ်။
မီးအပူပေးပြီး သမအောင် မွှေရပြန်ပါတယ်။
အဆင့် ၄။ ထမင်းကျော် ပူနွေးပြီး ကျက်လောက်ချိန်မှာတော့
ကြက်သွန်မြိတ်(Green Onion)တွေကို အသေးလေးဖြစ်အောင် စဉ်းထားတာကို ထည့်ပါတယ်။
အဆင့် ၅။ နောက်ဆုံးမှာ အနံ့အသက်ကို ကောင်းစေဖို့အတွက်
ငြုတ်ကောင်းမှုန့်(Pepper)ကို ထည့်ရပါတယ်။
ဒါဆိုရင်တော့ အမေရိကန်တွေ ကြိုက်တဲ့ထမင်းကျော်တစ်ပွဲ
ကောင်းကောင်းဖြစ်သွားပါပြီ။
ကျနော်တို့ကျော်တဲ့ထမင်းကျော်ပွဲက ပွဲကြီးဖြစ်ပြီး
လူငါးယောက်အတွက် ကောင်းကောင်းသုံးဆောင်နိုင်ပါတယ်။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

Rice sauce …ထမင်းကျော်တွင် အဓိက ပါဝင်တဲ့ပစ္စည်းများ...

1.    Salt      (ဆား)                                        =1 ½ Big Spoon………………
2.    MSG                                                    =1 ½ Big Spoon………………
3.    Sugar          (သကြား)                            =1 2/3  Big Spoon…………….
4.    Sesame oil                                          =1 ½  Big Spoon …………….
5.    Rice cooking wine (အမည်း)                   =3 ½ Big Spoon………………
6.    Egg yellow                                         =1 Big Spoon…………………
7.    Thin soy sauce                                   =3 ½ Big Spoon………………
8.    Thick (Black) soy sauce                       =2 Big Spoon…………………
9.    Hoisin sauce                                      =2 Big Spoon…………………
10.  Orange Chicken Soup                        = up to full (ခွက်ကို အပြည့်ဖြည့်လိုက်ပါ)

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

2 comments:

ma yu said...

ကျေးဇူးတင်ပါတယ်။အဲဒီလိုမျိုးကြော်စားချင်နေတာဘာထည့်မှန်းမသိလို့ ။အခုလိုပြောပြတာကျေးဇူး။ကိုယ့်ဖာသာ rice sauce စပ်ကြည့်မယ်။ ဒါထက်egg yellow ဆိုတာဘာလဲဟင်။

ma yu said...

အခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်နော်။ အဲဒီထမင်းကြော် ကြိုက်တယ်။ဆီလဲသိပ်မလိုဘူး။ လျှို့ ဝှက်ချက်ကိုအခုမှသိတော့တယ်။ ဒါထက် egg yellow ဆိုတာဘာလဲဟင်။ပြောပြပါဦး။ orange chicken soup ဆိုတာရောဟင်။ ကိုယ့်ဖာသာကို အိမ်မှာလုပ်စားကြည့်မယ်။ကျေးဇူးတင်ပါတယ်နော်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com