ကျနော် ငယ်သူငယ်ချင်းများ
လက်ကျန် နည်းနည်းသာရှိပါတော့တယ်။
မူလတန်းကထဲက
တွဲခဲ့တဲ့ငယ်သူငယ်ချင်းက အမေရိကားကို ရောက်နေတယ်။
အလယ်တန်းတွင်
တွဲတဲ့ငယ်သူငယ်ချင်းက မြန်မာပြည်တွင် ကျန်ခဲ့တယ်။
ကျနော် မြန်မာပြည်မှာ
ရှိတော့ အမေရိကားက သူငယ်ချင်းကို လွမ်းတယ်။
ကျနော်အမေရိကားရောက်တော့
မြန်မာပြည်မှာ ကျန်ခဲ့တဲ့သူငယ်ချင်းကို လွမ်းတယ်။
မြန်မာပြည်မှာ
ကျန်ခဲ့တဲ့ သူငယ်ချင်းက ကျနော်ဆီ စာမကြာမကြာရေးတယ်။
စာရေးလေတိုင်း
ကျနော်နဲ့ဆိုင်မယ်လို့ ထင်တဲ့ကဗျာတွေကို ပို့ပေးလေ့ရှိတယ်။
အခုလည်း ကျနော့်ဆီကို
ကဗျာတစ်ပုဒ် ပို့လိုက်ပြန်ပါပြီ။
အဲဒီကဗျာကို
အရင်းအတိုင်း ပြန်လည်မျှဝေခံစားလိုက်ပါတယ်။
တကယ့်သူငယ်ချင်းကောင်းဆိုတာ
အကောင်းအဆိုးကို မျှဝေခံစားတတ်သူ၊
စာနာတတ်သူ
လို့ ကျနော်ခံစားမိပါတယ်။
"ချမ်းသာစွာနေနည်း..."
ကောင်းတာလုပ်လဲ...ကောင်းမြဲမဖြစ်
စိတ်မညစ်နှင့်...
အကောင်းနှင့်အဆိုး
ဤနှစ်မျိုးသည်...ဆိုးကာတစ်လီ
ကောင်းချည်တစ်လှည့်...ရှိနိုင်ခဲ၏။
ကောင်းလှည့်ကြုံလာ...၀မ်းပန်းသာလျှင်
ဆိုးခါနှင့်ကြုံ...စိတ်မကုန်နှင့်
လူ့ဘုံကမ္ဘာ...လူ့ရပ်ရွာဍ်
မွေးလာသည်မှ...သေဆုံးရတိုင်
သုခဒုက္ခ...ဤနှစ်ဝကို
မျှတခံစား...ကံတရားမို့
ဆိုးပြားသည်းခံ...ကောင်းငြားစံလော့
ကံအလှည့်ပြောင်း...မတိမ်းစောင်းရန်
ကောင်းသောသတိ...ဥာဏ်မျက်စိဖြင့်
ဝီရိယထားဆင်ခြင်ပွားရ်ျ...
ဤနှစ်မျိုးသည်...ဆိုးကာတစ်လီ
ကောင်းချည်တစ်လှည့်...ရှိနိုင်ခဲ၏။
ကောင်းလှည့်ကြုံလာ...၀မ်းပန်းသာလျှင်
ဆိုးခါနှင့်ကြုံ...စိတ်မကုန်နှင့်
လူ့ဘုံကမ္ဘာ...လူ့ရပ်ရွာဍ်
မွေးလာသည်မှ...သေဆုံးရတိုင်
သုခဒုက္ခ...ဤနှစ်ဝကို
မျှတခံစား...ကံတရားမို့
ဆိုးပြားသည်းခံ...ကောင်းငြားစံလော့
ကံအလှည့်ပြောင်း...မတိမ်းစောင်းရန်
ကောင်းသောသတိ...ဥာဏ်မျက်စိဖြင့်
ဝီရိယထားဆင်ခြင်ပွားရ်ျ...
တရားမွေ့စွာနေတတ်ပါလျှင်
ချမ်းသာအမြဲရအံ့တည်း။ ။
ချမ်းသာအမြဲရအံ့တည်း။ ။
No comments:
Post a Comment