Thursday, September 6, 2012

"နွေနေ့တစ်နေ့..."


One Summer Day…
By Kim Lewis















One day Max saw a huge red tractor with a plow roar by.
“Go out,” said Max, racing to find his shoes and coat and hat.
He hurried back to the window and looked out.
Two boys walked along with fishing rods.
Max’s friend Sara cycled past in the sun.
Max pressed his nose to the window, but the tractor was gone.
As Max looked out, suddenly Sara looked in.
“Peekaboo!” she said.
Then Max heard a knock at the door.
“Can Max come out?”
“It’s a summer day.” Sara laughed, helping Max take off his coat.
The sun was hot and the grass smelled sweet.
Max and Sara walked down the farm road.
Max and Sara stopped to watch the hens feeding.
One hen pecked at Max’s foot.
“Shoo!” cried Max and sent the hens flapping.
Max and Sara ran through a field, where the grass was very high.
A cow with her calf mooed loudly.
 Max made a small moo back.
Max and Sara came to the river.
“Look, the boys are fishing.”
Sara caught Max and took off his shoes before he ran in to wade.
Then Max and Sara reached a gate.
Sara sat Max on top.
They heard a roar in the field getting nearer and louder.
“Tractor!” shouted Sara and Max.
Max clung to the gate as the tractor loomed past.
It pulled a huge plow that flashed in the sun.
The field was full of gulls.
“Let’s go home,” said Sara to Max.
They walked beside the freshly plowed field, along by the river and through the grass.
Sara carried Max back up the road.
“Tractor,” sighed Max and closed his eyes.
Max woke up when they reached his house.
“Good-bye, Max,” said Sara.
“See you soon.”
Max raced inside to the window.
Sara looked in as Max looked out.
“Peekaboo!” said Max and pressed his nose to the glass.

++++++++++++++++++++++++++++++++++++

Age 2 and up
မြန်မာနိုင်ငံမှ အသက် ၂-နှစ် နှင့်အထက်ကလေးငယ်များအားလုံးကို
ရည်ရွယ်ပါတယ်။

++++++++++++++++++++++++++++++++++++




ဘာသာပြန်...

နွေနေ့တစ်နေ့...


တစ်နေ့မှာ မက်စ် ဟာ ထယ်ထိုးသံနဲ့အနီရောင် ထရပ်တာကားကြီးတစ်စင်းကို
 မြင်တယ်။
“အပြင်ထွက်မယ်” ဆိုပြီး အပြေးကလေးသွားပြီး သူ့ရဲ့ရူးဖိနပ်စီး၊ ကွတ်အင်္ကျီကိုဝတ်၊ ဦးထုပ်ကိုဆောင်းလိုက်ပါတယ်။              
သူဟာ ပြူတင်းပေါက်ဆီကိုပြန်သွားပြီး အပြင်ကို လှမ်းကြည့်လိုက်ပါတယ်။
ကလေးနှစ်ယောက်ဟာ ငါးမြှားတံနဲ့ လမ်းလျှောက်လာကြပါတယ်။
မက်စ်ရဲ့သူငယ်ချင်း ဆာရာဟာ နေပူကျဲတဲမှာ စက်ဘီးကို စီးလာပါတယ်။
မက်စ်ဟာ ပြူတင်းပေါက်မှန်မှာ သူ့ရဲ့နှာခေါင်းကို ဖိကပ်ပြီး လှမ်းကြည့်ပေမယ့်
ထရပ်တာကားကြီးကတော့ ထွက်သွားပြီ။
မက်စ်ဟာ အပြင်ကိုလှမ်းကြည့်ချိန်မှာ ရုတ်တရက်ဆိုသလို ဆာရာဟာလည်း အထဲကို ကြည့်မိရက်သားဖြစ်နေပါတယ်။
ဆာရာက “ပီးကပူး” လို့ လှမ်းပြောလိုက်ပါတယ်။
ပြီးတော့ မက်စ်ဟာ တံခါးခေါက်သံကို ကြားလိုက်ပါတယ်။
“မက်စ် အပြင်ထွက်ခဲ့မလား” လို့ ပြောလိုက်ပါတယ်။
“ဒီနေ့ဟာ နွေနေ့တစ်နေ့လေ” လို့ရီရီမောမော ပြောပြီး 
မက်စ်ရဲ့အပေါ်က ကွတ်အင်္ကျီကို ချွတ်ဖို့ကူညီပါတယ်။
နေဟာ ပူပြင်းလွန်းလှပါတယ်။ မြက်တောင်မှ အနံ့သင်းသင်းထွက်နေတယ်။
မက်စ်နဲ့ဆာရာတို့ဟာ လယ်ကွင်းလမ်းအတိုင်း လမ်းလျှောက်လာကြတယ်။
သူတို့ဟာ ကြက်မတွေ အစာစားနေတာကို ကြည့်ဖို့ ရပ်လိုက်ကြတယ်။
ကြက်မတစ်ကောင်ကတော့ မက်စ်ရဲ့ဖိနပ်ကို အစာထင်ပြီး ထိုးဆိတ်လိုက်ပါတယ်။
မက်စ်က “ရှုး” လို့အော်လိုက်တဲ့အတွက် ကြက်မဟာ တောင်ပံခတ်ပြီး ထွက်သွားပါတယ်။
မက်စ်နဲ့ဆာရာဟာ မြက်တွေအလွန်မြင့်တဲ့နေရာကိုရောက်တော့ လမ်းကွင်းကို ဖြတ်ပြေးကြပါတယ်။
နွားမတစ်ကောင်ဟာ သူ့ရဲ့နွားသားငယ်ကို ဘွတ်အဲလို့ အသံကျယ်နဲ့အော်နေပါတယ်။
မက်စ်ကလည်း ဘွတ်အဲလို့ နွားမအော်သံအတိုင်း ပြန်အော်ပါတယ်။
ဒါနဲ့ပဲ မက်စ်နဲ့ဆာရာတို့ဟာ မြစ်ကမ်းနဘေးကိုရောက်လာကြပါတယ်။
“ကြည့်စမ်း လူကလေးတွေ ငါးမျှားနေကြတယ်”
လို့ပြောပြီး မက်စ်ကို ဖမ်းဆွဲကာ ရေထဲမှာဆော့ကစားဖို့ သူ့ရဲ့ဖိနပ်ကို ချွတ်ပေးလိုက်ပါတယ်။
အဲဒီနောက်မှာတော့ မက်စ်နဲ့ဆာရာတို့ဟာ ဂိတ်တစ်ခုကိုရောက်လာကြတယ်။
ဆာရာက မက်စ်ကို အပေါ်မှာထိုင်ဖို့ ချီတင်လိုက်ပါတယ်။
သူတို့ဟာ လမ်းကွင်းထဲက အသံတစ်ခုကို ကြားရတယ်။ 
အသံက နီးလာတာနဲ့အမျှ ကျယ်လောင်လာတယ်။
ဆာရာနဲ့မက်စ် နှစ်ယောက်စလုံးက “ထရပ်တာကား” လို့အော်လိုက်ပါတယ်။
မက်စ်ဟာ ဂိတ်တံခါးကိုတွယ်ကပ်တက်ပြီး ထရပ်တာကား ပေါ်လာမှာကို စိတ်ဝင်တစ်စားစောင့်ကြည့်နေပါတယ်။
အဲဒီကားဟာ နေရောင်အောက်မှာ ထယ်ထိုးနေပါတယ်။
လယ်ကွင်းမှာလည်း စင်ရော်ငှက်တွေနဲ့ပြည့်နေပါတယ်။
“အိမ်ပြန်ကြရအောင်” လို့ ဆာရာက မက်စ်ကို ပြောလိုက်တယ်။
သူတို့ဟာ ထယ်ထိုးပြီးခါစ လမ်းနဘေးက လျှောက်လာကြတယ်။
 မြစ်ဘေးကတစ်လျှောက်၊ ပြီးတော့ မြက်ခင်းပြင်ကို ဖြတ်လျှောက်လာကြတယ်။
လမ်းမပေါ်ရောက်တော့ ဆာရာက မက်စ်ကို ချီလိုက်ပါတယ်။
မက်စ်က “ထရပ်တာ” လို့ပါစပ်က တစ်တွတ်တွတ်ပြောပြီး မျက်စိမှိတ်သွားပါတယ်။
သူတို့တွေ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ မက်စ်က နိုးလာပါတယ်။
“ဂွတ်ဘိုင် မက်စ်၊ မကြာခင်ထပ်တွေ့မယ်လေ” လို့ ဆာရာကပြောလိုက်ပါတယ်။
မက်စ်ဟာ ပြူတင်းပေါက်မှန်ရဲ့အတွင်းဖက်ကို ပြေးသွားပါတယ်။
ဆာရာက အတွင်းကိုလှမ်းကြည့်ချိန်မှာ မက်စ်က အပြင်ဖက်ကိုလှမ်းကြည့်ပါတယ်။
မက်စ်က “ပီးကပူး” လို့ပြောပြီး သူ့ရဲ့ နှာခေါင်းကို ပြူတင်းပေါက်မှန်နဲ့ဖိကပ်လိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com