တစ်ခါတုန်းက
 ကျနော်ရဲ့မိတ်ဆွေဖြစ်သူ
ကိုချင်းက သူ့အဖြစ်အပျက်ကို ပြောပြတယ်။
သူဟာ ချင်းပြည်နယ်ကနေ
မလေးရှားကို ရောက်တယ်။ 
မလေးရှားမှတစ်ဆင့် အမေရိကန်ကိုရောက်လာတယ်။
အမေရိကန်ရောက်မှ
ကားမောင်းသင်တယ်။ 
ကားမောင်းတတ်ကာစမှာပင် ကိုချင်းတစ်ယောက်ဟာ  
 ကာရိုးလိုင်းနား(မြောက်)မှာ  မော်တော်ကားဝယ်ဖြစ်တယ်။
မော်တော်ကားက တိုရိုတာ ကိုရိုလာ ကားဖြစ်တယ်။ 
အဲဒီနေ့မှာပင် ဝယ်တဲ့ကားကို မောင်းလာရာ
သစ်ပင်တစ်ပင်ကို တိုက်မိပါတယ်။
ကားထဲက ကိုချင်းဟာ
ထွက်လာပြီး ကားရဲ့ ရှေ့မီးသီးနှစ်လုံးကို 
လက်နဲ့တအားထုလိုက်ပြီး ပြောလိုက်တာက...
“ဒီလောက်ကြီးတဲ့
မျက်လုံးကြီးတွေ ဘာကိုမှ မမြင်ဘူး။ တောက်”

 
 

No comments:
Post a Comment