Tuesday, April 19, 2011

" အသက်ပေးပြီးကာကွယ်မယ်..."


တစ်ခါတုန်းက

ဟိုင်မင်တတ်စ်တောင်ရှိ ပျားအုံတစ်အုံမှ

ပျားဘုရင်မတစ်ကောင်ဟာ

အိုလံပတ်စ်တောင်ကို ဆင်းလာခဲ့တယ်။

အိုလံပတ်စ်တောင်ရှိ ဂျူပီတာဆီကို

ပျားရည်လက်ဆောင်ပေးဖို့လာခဲ့တာဖြစ်တယ်။


ပျားရည်လက်ဆောင်ရတဲ့အတွက်

ဂျူပီတာက အလွန်အားရကျေနပ်ပါတယ်။

အဲဒါ ကြောင့် ပျားဘုရင်မကို လိုရာပြောပါ၊

ပြည့်ဝစေရမယ်လို့ ကတိစကားပြောပါတယ်။


အဲဒီအခါ ပျားဘုရင်မက

“ ကျမရဲ့စုဆောင်းထားတဲ့ ပျားရည်တွေကို

လာရောက်ယူကြတဲ့

သက်ရှိတွေကို ထိုးသတ်နိုင်ဖို့ အဆိပ်ပေးပါ”

လို့

တောင်းဆိုပါတယ်။


အဲဒီတောင်းဆိုချက် ကြားရတော့

ဂျူပီတာက စိတ်မကောင်းဖြစ်ရပါတယ်။

ဘာကြောင့်ဆိုတော့

ဂျူပီတာဟာ လူသားတွေကို

အရမ်းချစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။

ဒါပေမယ့်

ပေးထားတဲ့ကတိစကားကရှိနေတဲ့အတွက်

ပျားဘုရင်မရဲ့

တောင်းဆိုမှုကို မပယ်ဖျက်နိုင်ပါ။


အဲဒါကြောင့်

ဂျူပီတာကပျားဘုရင်မကို

“ ခင်ဗျားတောင်းဆိုတဲ့အတိုင်း ပြည့်ဝစေရပါမယ်၊

ဒါပေမယ့်

အဲဒီအဆိပ်ကို သုံးလိုက်တာနဲ့တပြိုင်နက်

ခင်ဗျားရဲ့အသက်အန္တရာယ်

ထိခိုက်ပါလိမ့်မယ်၊

ခင်ဗျားက တစ်ယောက်ယောက်၊

တစ်ကောင်ကောင်ကို အဆိပ်နဲ့ထိုးလိုက်ရင်

ခင်ဗျားထိုးလိုက်တဲ့ ဒဏ်ရာထဲမှာပဲ

အဆိပ်တွေက ကျန်ခဲ့လိမ့်မယ်၊

အဲဒီအဆိပ်တွေ ဆုံးရှုံးတာနဲ့တပြိုင်နက်

ခင်ဗျားလည်း သေဆုံးပါလိမ့်မယ် ”

လို့

ဂျူပီတာ ရှင်းပြလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com