Friday, December 24, 2010

“ အကြွေးရှင်လာပြီ…”



မုဒုံမြို့နယ်တွင်ရှိတဲ့တောရွာတစ်ရွာရဲ့

အရက်ဆိုင်တစ်ဆိုင်တွင် ဖြစ်တယ်။


ကိုအေးကိုဟာ

အရက်သောက်နေသူများကို ငေးကြည့်နေတယ်။

မိမိကိုယ်တိုင်မူမသောက်ချေ။


ဆိုင်ရှင်က သူ့အနားကပ်လာပြီး မေးတယ်။


ဟေ အေးကို

ဘာလို့မသောက်တာလဲကွ


ပိုက်ဆံမရှိလို့ပါ၊

အဲ- အိမ်က နွားသားလေးကို

ရောင်းပြီးရင်တော့လား စိတ်ကြိုက် သောက်လိုက်စမ်းမယ်


အရက်ဆိုင်ရှင်ရဲ့မျက်လုံးများ ကျယ်လာတယ်။


ဒီလိုလုပ်၊

မင်းကို ငါ အရက်ကြွေးတိုက်မယ်၊

နောက်တော့ မင်း ငါ့ကိုနွားသားလေး လာပေး


ဆိုင်ရှင်က အရက်ငှဲ့ပေးလိုက်တယ်။


ကိုအေးကို မနားတမ်းမော့ချလိုက်တယ်။

နောက်နေ့များတွင်လည်း ကိုအေးကို ပုံမှန်လာသောက်တယ်။

-ရက်တိတိ ကြာသွားတယ်။


ဆိုင်ရှင်က ပြောတယ်။


အေးကို

မင်းကို ငါတိုက်တဲ့အရက်ဖိုးဟာ

နွားသားရဲ့တန်ဖိုးနဲ့ ညီတူညီမျှ ဖြစ်နေပြီကွ၊

အဲဒါကြောင့် ငါ့ကို မင်းရဲ့နွားသားလေး ပေးပါတော့


ကိုအေးကို နဲ့အတူ

ကိုအေးကို ရဲ့အိမ်ကို ဆိုင်ရှင်လိုက်လာတယ်။


အိမ်ရှေ့ရောက်တဲ့အခါ

ကိုအေးကိုကလှမ်းအော်ပြောတယ်။


မိန်းမရေ၊

နွားမကို နွားထီးဆီကို ခေါ်ထုတ်လာခဲ့ဟေ့၊

ဒီမှာ နွားသားလေး ယူမယ့်လူ ရောက်နေတယ်

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com