Friday, December 24, 2010

“ ရှာလကာရှည်…”


ဦးကပ်စေးထံ အိမ်နီးချင်း ရောက်လာပြီး မေးတယ်။


ဦးကပ်စေး

ခင်ဗျားဆီမှာ နှစ်လေးဆယ် သက်တမ်း

ရှိတဲ့ ရှာလကာရှည် မရှိဘူးလားခင်ဗျာ


ရှိသားပဲ၊

ဘာဖြစ်လို့လဲ


ကျုပ်ကို နည်းနည်းလေး ငှဲ့မပေးနိုင်ဘူးလားဗျာ


မပေးနိုင်ပါဘူး


ဒီလို ပြောင်ပြောင်တင်းတင်း ငြင်းလိုက်တဲ့အတွက်ကြောင့်

အိမ်နီးချင်းက အံ့သြသွားပါတယ်။


ဟေ့လူ၊

ကျုပ်က နည်းနည်းပဲ တောင်းတာပါဗျ၊

ဘာဖြစ်လို့ မပေးချင်ရတာလဲ


ဦးကပ်စေးပြန်ပြောလိုက်တာက


လာတောင်းတိုင်းသာ ကျုပ်ပေးနေရရင်

ကျုပ်ရဲ့ရှာလကာရည်ဟာ

အခုလို နှစ်လေးဆယ်အထိ ခံပါ့မလားဗျ

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com