Tuesday, December 14, 2010

“ မွေးနေ့ လမ်းညွှန်…”



ကောင်းကောင်းဆိုတဲ့

ကောင်လေးတစ်ဦးဟာ သူရဲ့မွေးနေ့ကို

သူ့သူငယ်ချင်းဖြစ်တဲ့ မောင်မောင်လေးကို ဖိတ်ပါတယ်။

သူ့မိဘများနေတဲ့အိမ်ကို ဘယ်လိုလာရကြောင်း

သေသေချာချာ ရှင်းပြပါတယ်။

ရောက်လာတဲ့အခါ ဘယ်လိုလုပ်ရမယ်၊

ဘာလုပ်ရမယ်ဆိုတာကို အသေးစိတ်ရှင်းပြနေပါတယ်။


သူရှင်းပြပုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မင်းလာတဲ့အခါ ()ထပ်ကို တက်လာခဲ့ပါ။

တံခါးမှာ အီးလို့ရေးထားတဲ့ တံခါးကို တွေ့လိမ့်မယ်။

တံခါးရဲ့ ဘယ်ဘက်မှာရှိတဲ့ခလုတ်ကို မင်းရဲ့တထောင်ဆစ်နဲ့နှိပ်လိုက်ပါ။

တံခါးပွင့်သွားတဲ့အခါ တံခါးကို မင်းရဲ့ခြေထောက်နဲ့ အသာကန်ပြီး

တားထားလိုက်ပါ

လို့ ရှင်းပြပါတယ်။


နားထောင်နေတဲ့ မောင်မောင်လေးက

ခလုတ်ကို ငါက ဘာကြောင့် တထောင်ဆစ်နဲ့နှိပ်ရမှာလဲ၊

ပြီးတော့ ပွင့်လာတဲ့တံခါးကို

ဘာကြောင့် ခြေထောက်နဲ့ ကန်ပြီးတားထားရမှာလဲ

လို့ စိတ်ဝင်တစား မေးပါတယ်။


အော်ဒါလား၊

မင်းလာတဲ့အခါ မင်းလက်နှစ်ဖက်စလုံး

မွေးနေ့လက်ဆောင်ပစ္စည်းတွေနဲ့ပြည့်နေမှာလေ။

အဲဒါကြောင့်ပါ

လို့ပြန်ရှင်းပြလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com