Friday, October 15, 2010

“ မိတ်ဆွေများစေတဲ့စကား…”




အလွန်မိတ်ဆွေအပေါင်းအသင်းများပြီး

လူချစ်လူခင်ပေါတဲ့ မိတ်ဆွေတစ်ဦးအား


ဘာကြောင့်အဲဒီလို အပေါင်းအသင်းများပြီး လူချစ်လူခင်ပေါရပါသလဲ


လို့မေးကြည့်ပါတယ်။

သူလက်သုံးပြုတဲ့ စကားလေးတစ်ခွန်းကိုသာ သူကထောက်ပြပါတယ်။


ဟိုနှစ်ပေါင်းများစွာက ကျနော်သဘောမတူနိုင်တဲ့ ကိစ္စတစ်ခုခုတွေ့ရင်


အဓိပ္ပာယ်မရှိတာ၊

အလကားပေါက်ကရတွေ

လို့ကျနော်ပြောတတ်ပါတယ်။

အဲဒီလိုပြောတဲ့အခါလူအများဟာ ကျနော့်ကို ရှောင်ဖယ်သွားကြတယ်။

ပလိပ်ရောဂါကို လူအများရှောင်ဖယ်သွားသလို ကျနော်ကို ရှောင်ဖယ်သွားကြပါတယ်။


အဲဒီနောက်မှာတော့

အဓိပ္ပာယ်မရှိတာ

ဆိုတဲ့စကားအစား

အံ့သြစရာကောင်းလိုက်တာ…”

ဆိုတဲ့စကားကို အစားထိုး သုံးစွဲခဲ့ပါတယ်။


လူအများရဲ့ အားသာချက်ကို ချီးကျူးတဲ့အခါ

ကျနော့်တယ်လီဖုန်းမှာ ခဏခဏမြည်လာပါတော့တယ်။

မိတ်ဆွေစာရင်းလည်း ပိုပြီးပိုကာ များပြားလာပါတော့တယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com