Friday, October 15, 2010

“ မှန်ကွဲလေးတစ်စ...”




ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

ဂျပန် စစ်သည်တော်များက

အမေရိကန်ဗုံးကြဲလေယာဉ်တစ်စီးကို ပစ်ချလိုက်ပါတယ်။

လေယာဉ်ဟာ ပျက်ကျပြီး ခြုံတောထဲကျသွားပါတယ်။

ဒါပေမယ့် လေသူရဲသုံးဦး ဟာ ကံကောင်းပြီးမထိမခိုက်ဘဲ အသက်ရှင်ခဲ့ပါတယ်။

ခြုံတောထဲမှာ ဆယ်လနီးပါးလောက်ရုန်းကန်လှုပ်ရှားခဲ့ကြရပါတယ်။

သူတို့ဟာ သုံးနိုင်မယ်ထင်တဲ့အရာများကို သူတို့နဲ့အတူ ယူဆောင်သွားကြပါတယ်။

ယူဆောင်လာတဲ့ပစ္စည်းများတွင် ကြည့်မှန်ကွဲလေးတစ်ချပ်လည်းပါ ပါတယ်။

သူတို့တစ်တွေ ကမ်းခြေတွင် ရောက်ခိုက်၊

အမေရိကန်ထောက်လှမ်းရေး ရေယာဉ်တစ်စီးပျံသန်းလာပါတယ်။

အမေရိကန်စစ်သားတို့ဟာ သူတို့တွင် ရှိတဲ့ မှန်ကွဲလေးကို ထုတ်ပြီး

လေယာဉ်မှူးများအား အချက်ပြပါတယ်။

လေယာဉ်မှူးများဟာ အချက်ပြတာကို တွေ့မြင်သွားပါတယ်။

ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ အဲဒီပင်လယ်ကမ်းစပ်ကို ရေငုပ်သင်္ဘောတစ်စင်း

ညဥ့်ဘက်တွင်ရောက်လာပါတယ်။


ကမ်းစပ်ခြုံတောထဲတွင် ပိတ်မိနေတဲ့ လေယာဉ်မှူးများကို ကယ်တင်သွားပါတော့တယ်။

သေးငယ်တဲ့ မှန်ကွဲလေးဟာ လူ့အသက်များကို ကယ်တင်နိုင်ခဲ့ပါတယ်။

အသုံးပြုတတ်ခဲ့ရင် အသုံးမကျတဲ့အရာများပင် အသုံးဝင်နိုင်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com