Tuesday, December 29, 2009

" I am ............"



၁၇-ရာစုတုန်းက အင်္ဂလန်နိုင်ငံကအဖြစ်အပျက်ဖြစ်ပါတယ်။

လေးမြားပစ်ပြိုင်ပွဲ။

ပထမဦးဆုံး အပျံစားကုတ်အင်္ကျီ၊

အပျံစားဘောင်းဘီ ဝတ်ထားတဲ့ လူချောတစ်ယောက် ထွက်လာပြီး ပစ်တယ်။

မြားဟာ ဘုရင့်အပါးတော်မြဲရဲ့ခေါင်းထိပ်မှာ တင်ထားတဲ့ ပန်းသီးကို မှန်တယ်။

ပရိသတ်များ တစ်ခဲနက် သြဘာပေးကြတယ်။

လူချောကပြောတယ်။

“I am Robin Hood”

ပရိသတ်ရဲ့အော်ဟစ်သံများ ဆူညံသွားတယ်။


နောက်လူငယ်တစ်ယောက် ထွက်လာတယ်။

သားရေဂျာကင်၊ သားရေဘောင်းဘီရှည်ကို ဝတ်ထားတယ်။

သူက ပန်းသီးကိုချိန်ပြီးမြားကိုလွှတ်လိုက်တယ်။ ပန်းသီးထက်ခြမ်းကွဲသွားတယ်။

ပရိသတ်များ သောင်းသောင်းဖြဖြ အားပေးကြတယ်။

လူငယ်ကပြောတယ်။

“I am Willghelm Telle”

ပရိသတ်ရဲ့လက်ခုပ်သံများ အရပ်လေးမျက်နှာကို ပျံ့နှံ့သွားတယ်။


နောက်တစ်ယောက်က ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက်ဖြစ်တယ်။

သူက တင်းကျပ်နေတဲ့ ကုတ်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ထားတယ်။

ကြီးမားလှတဲ့ လေးကို ယူလိုက်ပြီး ချွန်ထက်တဲ့ စို့ချောင်းနဲ့ပစ်တယ်။

စို့ချောင်းဟာ ဘုရင့်အပါးတော်မြဲရဲ့ ခေါင်းကို ဖြတ်ဖောက်ထွက်သွားတယ်။

သွေးသံရဲရဲကိုမြင်လိုက်ရတယ်။

ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြပါတယ်။

တော်တော်ကြာကြာ ဘာသံမှ မကြားရဘဲ တိတ်ဆိတ်နေတယ်။

ကိုဗလကပြောတယ်။

“I am sorry.”

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com