ဂရိတွေးခေါ်ရှင် အာရစ္စတိုတယ် ကိုအများသိကြပါတယ်။
အာရစ္စတိုတယ်ဟာ ဥရောပမှာ နှစ်ပေါင်းထောင်ချီပြီး
 သြဇာလွှမ်းမိုးခဲ့တဲ့ပညာရှိကြီးတစ်ဦးဖြစ်တယ်။ 
သူ့စကားကို ဘုရားဟောလို လူအများကမှတ်ယူခဲ့တယ်။ 
ဒါပေမယ့် အာရစ္စတိုတယ်ဟာ သွက်သွက်လည်အောင် မှားခဲ့တဲ့ အချက်တစ်ခုရှိခဲ့တယ်။ 
အဲဒါကတော့
“ မိန်းမများမှာ ယောကျာ်းများမှာထက် သွားအရေအတွက် လျော့နည်းတယ်”
ဆိုတဲ့ ယူဆချက်ဖြစ်တယ်။ 
ပညာရှိကြီး အာရစ္စတိုတယ်ဟာ သူ့ဇနီးသည်ရဲ့ ပါးစပ်ကို ဟကြည့်ရုံနဲ့
 အဲဒီယူဆချက် မှားယွင်းကြောင်း သဘောပေါက်နိုင်ပါတယ်။
ဒါပေမယ့် ပညာရှိကြီးဟာ မကြည့်ခဲ့ပါ။ 
အမှန်ကို သူသိထားပြီးဖြစ်တယ်လို့ယုံကြည်နေတာကြောင့်
အဲဒီကိစ္စကို အတည်ပြုဖို့နောက်ထပ်ဒုက္ခခံမနေတော့တဲ့သဘောဖြစ်တယ်။ 
အဲဒီလိုပဲ မိမိမသိတဲ့အရာကို သိတယ်ထင်တာဟာ
ကျနော်တို့အားလုံးမှာဖြစ်တတ်တဲ့ ကြီးမားတဲ့အမှားပင်ဖြစ်တယ်။
Ref:     By Bertrand Russell's " How to sharpen your judgement."

 
 

No comments:
Post a Comment