Monday, December 14, 2009

“ မေတ္တာလည်းပွား...စိတ်ထားလည်းပြင်...”



နေထွက်နေဝင် ကိုးဂုဏ်ရှင်၊ နေ့စဉ်ရှိခိုးမယ်။

အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်။

မျက်နှာသစ်ရင်၊ ရေကိုမြင်၊မြင်စဉ်မေတ္တာပွားပါ့မယ်။

သစ်ရင်းသစ်ရင်း၊ လျော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါ့မယ်။

တန်းတူတွေ့ရင်၊ မေတ္တာဝင်၊ မဝင်နိုင်က ပြိုင်တတ်တယ်။

ပြိုင်မယ့်အစား၊မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ကိုယ့်အောက်တွေ့ရင်၊ ကရုဏာဝင်၊ မဝင်နိုင်က နိုင်တတ်တယ်။

နိုင်မယ့်အစား၊ ကရုဏာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ကိုယ့်ထက်သာရင်၊ မုဒိသာဝင်၊ မဝင်ဣဿာယိုင်တတ်တယ်။

ယိုင်မယ့်အစား၊မုဒိတာပွား၊စိတ်ထားပြုပြင်ပြောင်ပါ့မယ်။

ရုပ်ကိုလဲပြင်၊စိတ်လဲပြင်၊ ပြင်ဆင်တိုင်းရ၊ပြုတိုင်းလှ၊ သုခနိဗ္ဗာန်တိုင်လိမ့်မယ်။


အရှင်ဝိသုဒ္ဓါ ဘိဝံသ

အဘိဓဇမဟာရဋ္ဌဂုရု၊

မစိုးရိမ်ပဋ္ဌာန်းဆရာတော်ဘုရားကြီး

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com