Saturday, October 31, 2009

“ဟာသရဲ့တန်ဖိုး”



ဟာသရဲ့တန်ဖိုးနဲ့ပက်သက်ပြီး
စိတ်ပညာပါရဂူကြီး ဒေါက်တာပီတာဒေ့စကော့(ချ)ရဲ့ သုတေသနပြုချက်အပေါ် အခြေခံတဲ့သုံသပ်ချက်တွေကတော့.....
  • ဟာသ(ရီမောခြင်း)ဟာ... ဦးနှောက်အာရုံကြောများကို ပျော့ပျောင်းစေပြီး တီထွင်ဖန်တီးမှုကို စေ့ဆော်ပေးပါတယ်။
  • ဟာသ(ရီမောခြင်း)ဟာ... အခက်အခဲများနှင့် ရင်ဆိုင်ရာတွင် ဦးနှောက်ကို သွက်လက်ထက်မြက်စေပါတယ်။
  • ဟာသ(ရီမောခြင်း)ဟာ... စိတ်ဖိစီးမှုကို သက်သာရာရစေပါတယ်။
  • ဟာသ(ရီမောခြင်း)ဟာ... နှလုံးခုန်နှုန်းကို ကျဆင်းစေပြီး သွေးတိုးရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ပါတယ်။
  • ဟာသ(ရီမောခြင်း)ဟာ... စိတ်ကျရောဂါကို ကာကွယ် တားဆီးပေးနိုင်ပါတယ်။
  • ဟာသ(ရီမောခြင်း)ဟာ... နာကျင်မှုဝေဒနာကို သက်သာစေတဲ့အပြင် ကျေနပ်ပျော်ရွှင်မှုကိုဖြစ်စေသောအင်ဒိုးဖင်း
  • (Endorphins)ဓာတ်ကိုထုတ်ပေးနိုင်ပါတယ်။
  • [ တရားထိုင်ရင်လည်း အင်ဒိုးဖင်းဓာတ်များထွက်စေပါတယ်။]
  • ဟာသ(ရီမောခြင်း)ဟာ... ပေါင်းသင်း ဆက်ဆံရေးတွင် “ချောဆီ” အဖြစ်အသုံးဝင်စေပါတယ်။

ဟာသကိုရှာဖွေပါ။
ဟာသကို မွေးမြူပါ။
ဟာသကို ဖန်တီးပါ။
ဟာသဟာ အန္တရာယ်လည်းကင်းတယ်။
လူတိုင်းလည်းအသုံးပြုလို့ရတယ်။
ငွေလည်းမကုန်ဘူး။
လွယ်လည်းလွယ်တယ်။
ကဲ...ဘယ်လောက်ကောင်းပါသလဲ?

အကောင်းမြင်စိတ်ရှိတဲ့လူတွေက လေယာဉ်ပျံကို ကောင်းသထက် ကောင်းအောင် တီထွင်၊ဖန်းတီးကြလေရဲ့။ အဆိုးမြင်စိတ်ရှိတဲ့လူတွေကလည်း လေထီးကို ကောင်းသထက် ကောင်းအောင် တီထွင်၊ဖန်းတီးနေလေရဲ့။ လောကကို အဲဒီလူနှစ်မျိုးစလုံးက အကျိုးပြုကြတာချည်းပါပဲ။ ဒါပေမယ့်....လူ့ဘဝမှာ ဘယ်လူမျိုးက ပိုပြီး စိတ်ချမ်းသာမယ် ထင်ပါသလဲ? အကောင်းမြင်စိတ်ရှိတဲ့လူတွေက ပိုပြီးစိတ်ချမ်းသာမယ် ဆိုတာ လူတိုင်းသိပါတယ်။ အကောင်းမြင်စိတ်ရှိတဲ့လူတွေက ဘယ်လိုအခက်အခဲတွေဘဲ တွေ့တွေ့၊ ဘယ်လို အခြေအနေဆိုးနဲ့ဘဲကြုံကြုံ၊ ဟာသဥာဏ်နဲ့ပြောင်းလဲ၊ထိတွေ့ခံစားတတ်ကြသူတွေဖြစ်နေတာကို သတိပြုမိပါတယ်။
လူကြီးမင်း...လည်း စိတ်ချမ်းသာဖို့အတွက်... အကောင်းမြင်စိတ်ကိုမွေးမြူမလား?
ဟာသဥာဏ်နဲ့ပြောင်းလဲ၊ထိတွေ့ခံစားမလား?

ကြိုက်နှစ်သက်ရာကို ရွေးပါလေ။


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com