Thursday, June 9, 2011

" ကြိုးစားဖို့မှ တစ်ပါးအခြားမရှိ..."


ကျနော်အလယ်တန်းကျောင်းသားဘဝတုန်းက

မရမ်းကုန်းမြို့နယ်မှာကျောင်းတက်ခဲ့တယ်။

ကျနော်တို့ကျောင်းက ဘူတာရုံနဲ့နီးတယ်။

အပေါင်းအသင်းကများတယ်။ ခဏခဏကျောင်းပြေးဖြစ်တယ်။

အိမ်ကထွက်လာတုန်းကတော့ ကျောင်းတက်ဖို့ပါပဲ။

အပေါင်းအသင်းနဲ့တွေ့တော့ ကျောင်းမတက်ဖြစ်တော့ပါ။

တစ်ပတ်မှာကျောင်းတက်ချိန်က ငါးရက်ရှိတယ်။

ကျနော်တို့ကျောင်းပြေးရက်က နှစ်ရက်၊တစ်ရံတစ်ခါ သုံးရက်။

ကျောင်းပြေးပြီး ရထားလက်မှတ်မပါပဲ စီးလို့လက်မှတ်စစ်ဖမ်းလို့

အင်းစိန်အချုပ်ထဲရောက်ဖူးပါတယ်။

အင်းယားကန်မှာ ကျောင်းပြေးပြီးရေကူးတဲ့အတွက်လည်း ရေနစ်ဖူးပါတယ်။

မြေနီကုန်းရုပ်ရှင်ရုံတွေအားလုံးမှာလည်း ရုပ်ရှင်ခိုးကြည့်ဖူးပါတယ်။

ကျောင်းပြေးတာကို အမေကမသိပါ။

ကြောက်ရမယ့်အဖေက စောစောစီးစီးကွယ်လွန်သွားတဲ့အတွက်

ကျနော့်အတွက် ကျောင်းပြေးရတာ အခက်အခဲမရှိခဲ့ပါ။

ကျနော်ကျောင်းပြေးပေမယ့် သူငယ်ချင်းများမသိအောင် စာခိုးကျက်တတ်တာမို့

စာမေးပွဲတိုင်းမှာ ကျနော်အောင်တယ်။

အတော်ဆုံးအုပ်စုမှာ ကျနော်အမြဲပါတယ်။

ကျောင်းပြေးပေမယ့် စာတော်သူဖြစ်တဲ့အတွက် ဆရာမတွေကချစ်ကြပါတယ်။

အတန်းပိုင်ဆရာမဖြစ်သူ ဒေါ်အင်ဂျလင်းဘသော်က ခုနစ်တန်းအောင်တော့

အခြားကျောင်းပြောင်းနေဖို့အကြံပေးတယ်။

သူငယ်ချင်းတွေကို ခင်တတ်သူမို့

ရှစ်တန်းမှာဆက်နေလျှင် အောင်ဖို့မခက်သော်လည်း ထူးချွန်ဖို့ခက်ခဲနိုင်ကြောင်းပြောတယ်။

ဆရာမစကားကို နားထောင်တဲ့အနေနဲ့ကျောင်းထွက်လက်မှတ်ကိုယူလိုက်တယ်။

အမေတောင်မသိလိုက်ပါ။

ကျောင်းထွက်လက်မှတ်ကိုပြပြီး ဆရာမရဲ့ အကြံပေးစကားကို

အမေကိုပြောပြလိုက်တယ်။

ကျောင်းပြောင်းပေးရင်ပြောင်း၊

မပြောင်းပေးရင် အလုပ်လုပ်မယ်လို့ပြောတော့အမေက

အလုပ်လုပ်ရမယ့်အရွယ်လားလို့ပြောပြီးကျောင်းပြောင်းဖို့

အဆက်အသွယ်ရှာပါလေတော့တယ်။

အမေရဲ့ကြိုးစားပေးမှုကြောင့် ကျနော်ဟာ T.T.C (တီ.တီ.စီ)လို့ခေါ်တဲ့

ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းကိုပြောင်းခွင့်ရလိုက်ပါတယ်။

အခြားကျောင်းမှာ အတော်ဆုံးဖြစ်တဲ့ကျနော်ဟာ T.T.C မှာအညံ့ဆုံးဖြစ်နေပါတယ်။

အထူးသဖြင့် အင်္ဂလိပ်စာမှာ မလိုက်နိုင်လောက်အောင်ဖြစ်နေကြောင်းကိုတွေ့ရပါတယ်။

ကျောင်းပြောင်းမိတာမှားပြီလို့မကြာခဏတွေးမိပါတယ်။

ဘာဆက်လုပ်ရမှန်းလည်းမသိပါ။

နောက်ဆုတ်လို့လည်းမရတော့၊

ရှေ့တိုးဖို့ကလည်း အခက်အခဲပေါင်းများစွာ။

အရွယ်နဲ့မလိုက်အောင် စိတ်ရှုတ်၊စိတ်ညစ်ခဲ့ရပါတယ်။

ကျောင်းအုပ်ဆရာမကြီးဒေါ်သိန်းဟန်ရဲ့ဖိအားပေးမှုကြောင့် ရှေ့တိုးကြိုးစားခဲ့ရပါတယ်။

အဲဒီနှစ် ရှစ်တန်းစာမေးပွဲမှာ ဂုဏ်ထူးသုံးဘာသာထွက်သူ သုံးယောက်ထဲမှာ ကျနော်ပါခဲ့ပါတယ်။

ကျနော်အလွန်ကြောက်တဲ့အင်္ဂလိပ်စာ ဂုဏ်ထူးပါခဲ့ပါတယ်။

ဒါက အတိတ်ကာလက ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

အခု အမေရိကန်နိုင်ငံကိုရောက်လာပါတယ်။

အမေရိကန်ဆိုတဲ့အတိုင်း ကန်ချက်ပြင်းထန်လွန်းလှပါတယ်။

အင်္ဂလိပ်စကားပြောမရတဲ့အတွက် အလုပ်လျှောက်လိုက်တိုင်း

အစဉ်မပြေတာကများလာပါတယ်။

အနေနီးသူတွေကတောင်

အထင်သေးအမြင်သေးစကားတွေပြောလာတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။

ဘာဆက်လုပ်ရမလဲ။

နောက်ဆုတ်ဖို့ကလည်း သိပ်နောက်ကျသွားပြီ။

ရှေ့တိုးဖို့တစ်လမ်းသာရှိတော့တယ်။

အလုပ်ရှာတာလည်းကြာပြီ။

စကားပြောအခက်အခဲကြောင့် အလုပ်ကလည်းမရနိုင်။

ရှစ်တန်းကျောင်းသားဘဝကို ပြန်ပြောင်းသတိရလာမိတယ်။

ကြိုးစားဖို့မှ တစ်ပါးအခြားမရှိတော့။

Tuesday, June 7, 2011

“ ဘေးထွက်ဆိုးကျိုး…”



တစ်ခါတုန်းက

လူတစ်ယောက်ဟာ ကလေးနှစ်ယောက်ကို

လက်တစ်ဖက်တစ်ချက်စီမှာ ချီထားရင်း ဘူတာမှာ ရထားစောင့်နေပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ ချစ်စရာကလေးနှစ်ယောက်ကိုတွေ့တော့

ကလေးချီထားတဲ့လူကိုမေးပါတယ်။

“ ဒါလေးတွေက ရှင့်ရဲ့ကလေးတွေလား၊

သူတို့ရဲ့နာမည်ကဘယ်လိုခေါ်သလဲ”

ကလေးချီလာတဲ့လူကြီးက စပ်စုတဲ့အမျိုးသမီးကို ဒေါသနဲ့လှမ်းကြည့်ပြီး

“ ငါ မသိဘူး”

လို့ပြန်ပြောလိုက်ပါတယ်။

အမျိုးသမီးက

“ကလေးလေးတွေက ယောကျာ်းလေးလား၊

မိန်းကလေးလား”

ထပ်မေးပြန်ပါတယ်။

လူကြီးက ပိုဒေါသထွက်တဲ့မျက်နှာနဲ့ပြန်ကြည့်ပြီး

“ ငါ မသိဘူး”

လို့ပြန်ဖြေလိုက်ပြန်ပါတယ်။

အမျိုးသမီးက

“ ကိုယ့်ကလေးတွေရဲ့အကြောင်းကိုတောင်မသိဘူးဆိုတော့...

ရှင်က ဘယ်လိုအဖေမျိုးလဲ”

လို့အပြစ်တင်တဲ့လေသံနဲ့ပြန်ပြောလိုက်ပါတယ်။


ဒီတော့မှ လူကြီးက ပြန်ပြောလိုက်တာက

“ ငါက သူတို့တွေရဲ့အဖေ မဟုတ်ဘူး၊

ငါဟာ ကွန်ဒုံးအရောင်းသမားတစ်ယောက်သာဖြစ်တယ်။

အခုဟာတွေက ကွန်ဒုံးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့

ကွန်ဒုံးကုမ္ပဏီကိုပြန်အပ်လိုက်တဲ့ပစ္စည်းတွေဖြစ်တယ်”


“ မွေးစားသား…”



တစ်ခါတုန်းက

ဒုတိယတန်းကျောင်းသားတွေကို ကျောင်းလက်ခံတဲ့ဆရာမတစ်ဦးဟာ

ကျောင်းလာအပ်တဲ့ကျောင်းသားလေးနှစ်ဦးကို လက်ခံနေပါတယ်။

အဲဒီကလေးနှစ်ဦးဟာ အခြားကျောင်းကပြောင်းလာခြင်းဖြစ်ပါတယ်။

သူတို့တွေရဲ့မိသားစုမျိုးရိုးနာမည်တွေကလည်း အတူတူဖြစ်နေတာကို

ဆရာမက သတိထားမိပါတယ်။

သူတို့နှစ်ဦးရဲ့အရပ်အမောင်းကလည်း အတူတူ၊

အဝတ်အစားဝတ်ဆင်ထားပုံတွေကလည်း အတူတူ

ဖြစ်နေတဲ့အတွက်

ဆရာမက

“ သားတို့နှစ်ယောက်က အမွှာပူးညီအကိုတွေလား”

လို့မေးလိုက်ပါတယ်။

အဲဒီအခါ

“ မဟုတ်ပါဘူး”

လို့တစ်ယောက်ကဖြေပါတယ်။

အဲဒီနောက် ဆရာမက

ကျောင်းပြောင်းလက်မှတ်မှာရေးထားတဲ့ ကလေးတွေရဲ့မွေးနေ့ကို ကြည့်ပါတယ်။

အသက် ၆-လကွာခြားနေတာကိုတွေ့တဲ့အခါ

“ အော်…သားတို့က ညီအစ်ကိုဝမ်းကွဲတွေလား”

လို့ထပ်မေးပြန်ပါတယ်။

“ မဟုတ်ပါဘူး၊

ကျနော်တို့က ညီအစ်ကိုတွေပါ”

လို့ အခြားတစ်ယောက်ကဖြေပါတယ်။

အမေတစ်ယောက်ဟာ ၆-လထဲနဲ့နှစ်ယောက်ကိုမွေးဖို့ဆိုတာမဖြစ်နိုင်ပါ။

ဆရာမက

“ အဲဒီလို ဆိုရင် သားတို့ရဲ့မွေးနေ့မှာ တစ်ခုခုတော့ မှားနေပြီထင်တယ်။

ဒီတော့ သားတို့ရဲ့မွေးရက်ကို သားတို့မေမေကိုရေးခိုင်းပြီး မနက်ဖြန်ကျ ယူလာခဲ့ကြပါ”

လို့ဆရာမက ကလေးနှစ်ဦးကို မှာပါတယ်။

“ ဘာဖြစ်လို့ ယူခိုင်းတာလဲဆရာမ”

လို့ ကလေးတစ်ယောက်က အံ့သြပြီးမေးပါတယ်။

“ အော်…ဒီလိုလေ၊

သားတို့နှစ်ယောက် အမွှာပူးလည်း မဟုတ်ဘူး၊

ဒါပေမယ့် ညီအစ်ကိုတွေလည်းဖြစ်တယ်ဆိုတော့

တစ်ယောက်နဲ့တစ်ယောက်အနည်းဆုံး၁၂-လလောက်တော့ကွာခြားသင့်တယ်လေ”

လို့ဆရာမကရှင်းပြပါတယ်။

အဲဒီအခါ ကလေးနှစ်ယောက်ဟာ တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်လိုက်ကြပါတယ်။

အဲဒီနောက် အကြီးဖြစ်တဲ့ကလေးကပြုံးပြီးဆရာမ ဖက်ကိုလှည့်လိုက်ကြပါတယ်။

“ ဒါပေမယ့် ဆရာမ၊

ကျနော်ဒီထက်ပိုပြီး အသက်ကြီးစရာ မလိုပါဘူး။

သားတို့နှစ်ယောက်တည်းက တစ်ယောက်ကမွေးစားထားတဲ့ကလေးပါ။

ဒါပေမယ့် ဘယ်သူက မွေးစားသားဖြစ်တယ်ဆိုတာကို

ကျနော်တို့နှစ်ယောက်စလုံးက မသိကြပါဘူး။”

လို့ရှင်းပြလိုက်ပါတယ်။

Monday, June 6, 2011

" ဘယ်သူ မရိုးဖြောင့်တာလဲ…"


တစ်ခါတုန်းက

ကျေးရွာလေးတစ်ခုမှာ နေထိုင်တဲ့ ပေါင်မုန့်ဖုတ်သမားဟာ

သူလိုတဲ့ထောပတ်ကို အိမ်နီးချင်းလယ်သမားဆီမှာ ဝယ်ပါတယ်။

တစ်နေ့တော့ သူဝယ်ထားတဲ့ ထောပတ်ဟာ

အရင်ကလို အလေးချိန်မပြည့်တာကို သတိထားမိလာတယ်။

အဲဒါကြောင့် သူဝယ်တဲ့ထောပတ်ကို မကြာခဏချိန်ကြည့်ပါတယ်။

အိမ်နီးချင်းလယ်သမားဆီကဝယ်ထားတဲ့ထောပတ်တွေဟာ

တဖြည်းဖြည်း အလေးချိန်လျော့လျော့လာတာကိုတွေ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ပေါင်မုန့်ဖုတ်သမားဟာ ဒေါသထွက်လာပါတယ်။

ဒါကြောင့် အလေးချိန်မမှန်မကန်လုပ်မှုအတွက်

ထောပတ်ရောင်းတဲ့လယ်သမားအား တရားစွဲပါတော့တယ်။

တရားရုံးရောက်လာတဲ့အခါမှာတော့

တရားသူကြီးက လယ်သမားကိုမေးပါတယ်။

“ ခင်ဗျားမှာ ချိန်စရာအလေးရှိမယ် ထင်ပါတယ်”

လယ်သမားက

“ မရှိပါဘူးခင်ဗျား”

တရားသူကြီးက

” အဲဒီလိုဆိုရင် ခင်ဗျားရောင်းတဲ့ ထောပတ်ကို

ဘယ်လိုချိန်တွယ်နေသလဲ”

လယ်သမားက

“ အော်…အဲဒါက လွယ်ပါတယ်ခင်ဗျား။

ပေါင်မုန့်ဖုတ်သမားဟာ ကျနော့်ဆီက ထောပတ်စဝယ်တုန်းက

ကျနော်ကလည်း သူ့ဆီက ပေါင်မုန့်ဝယ်ပါတယ်။

သူ့ဆီကဝယ်တဲ့ တစ်ပေါင်အလေးချိန်ရှိတဲ့ပေါင်မုန့်ကို

စံထားပြီးတော့ ထောပတ်ရောင်းခဲ့ပါတယ်။

တကယ်လို့ ကျနော့်ထောပတ်က အလေးချိန်မပြည့်ဘူးဆိုရင်

သူ့ပေါင်မုန့်အလေးချိန်မပြည့်လို့သာဖြစ်ပါတယ်။

ဒါကြောင့် အလေးချိန်လျော့နေတဲ့အတွက်

အပြစ်တင်ရမှာက ပေါင်မုန့်ဖုတ်သမားသာဖြစ်ပါတယ်”

လို့ရှင်းပြလိုက်ပါတယ်။

" အချစ်လမ်း..."



အချစ် အချစ်၊
ချစ်တိုင်းချစ်၍၊
ချစ်လေချစ်လေ၊
ချစ်မပြေတည်း။

ဆားငန်ရေနောက်၊
ငတ်တိုင်းသောက်က၊
သောက်လေသောက်လေ၊
ငတ်မပြေသို့၊
ပေမအရာ၊
တဏှာဖွဲ့ရစ်၊
ထိုအချစ်လည်း၊
အပြစ်မမြင်၊
မဆင်ခြင်ဘဲ၊
ချစ်လျှင်ပျော်နိုး၊
ချစ်စပျိုးသည်၊
ချစ်ရိုးချစ်စဉ်၊ချစ်လမ်းတည်း။

(ရှေးပညာရှိပျို့)

Sunday, June 5, 2011

"အထူးကယ်ဆယ်ရေးတပ်ဖွဲ့..."



တစ်ခါတုန်းက
နှစ်ယောက်စီး ဆက်စနာ ၁၅၂ အမျိုးအစား
လေယာဉ်ပျံငယ်လေးတစင်းဟာ
မြန်မာပြည်အလယ်ပိုင်းက
မြို့လေးတမြို့ရဲ့
သင်းချိုင်းကုန်းတခုအတွင်း ပျက်ကျသွားပါတယ်။

မြန်မာနိုင်ငံရဲ့
အထူးလေ့ကျင့်ပေးထားတဲ့ ရှာဖွေရေးနှင့်
ကယ်ဆယ်ရေးတပ်စိပ်တစ်စိပ် လွှတ်လိုက်ပါတယ်။

မကြာခင်မှာပဲ
အထက်လူကြီးမင်းများထံ
သတင်းပေးပို့ချက်ရောက်လို့ လာပါတော့တယ်။

" လေယာဉ်ပျက်ကို ရှာဖွေတွေ့ရှိ၊
သေဆုံးသူရုပ်အလောင်း ၁၅၀ ခန့်တွေ့၊
သေဆုံးသူအရေအတွက် ယခုထက်ပိုများနိုင်၊
ဆက်လက်ရှာဖွေတူးဖော်လျက်ရှိကြော
င်း
သတင်းပေးပို့အပ်"

Saturday, June 4, 2011

" သီတဂူဆရာတော် အရှင်ဥာဏိဿရ..."



သီတဂူဆရာတော် အရှင် ဥာဏိဿရ ဟာ

မြန်မာနှစ် ၁၂၉၈ ခု၊တပေါင်းလပြည့်

(ခရစ်နှစ် ၁၉၃၇ ခုနှစ်၊ဖေဖေါ်ဝါရီလ ၂၃ရက်) အင်္ဂါနေ့တွင်

ပဲခူးတိုင်း၊သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်တယ်။

အဖမှာ ဦးမောင်ညို၊ အမိမှာ ဒေါ်သန်းတင်တို့ဖြစ်ကြပါတယ်။

၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊တပ်ရွာအလယ်ကျောင်းမှာ

ဘုန်းတော်ကြီးပညာကို စတင်သင်ယူခဲ့ပါတယ်။

၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေဝတ်ပြီး ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုတယ်။

၁၉၆၁ ခုနှစ်တွင် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိခဲ့တယ်။

၁၉၇၂ ခုနှစ်မှ မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ကျုံကရွာ သပိတ်အိုင်တောရကျောင်းမှာ

၎ နှစ်ကြာတရားအားထုတ်ခဲ့ပြီး

၁၉၇၅ ခုနှစ်မှ စပြီး မြန်မာပြည်အနှံ တရားများဟောကြားခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှစပြီး ကမ္ဘာလှည့်သာသနာပြုလုပ်ငန်းကို လုပ်ခဲ့ရာ

နိုင်ငံပေါင်း ၄၅နိုင်ငံကို လှည့်လည်တရားဟောကြားခဲ့ပြီးဖြစ်တယ်။

၁၉၈၀ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး သီတဂူရေအလှူတော်စီမံကိန်းကို တည်ထောင်ခဲ့ပါတယ်။

ရေအလှူတော်ကြောင့် စစ်ကိုင်းတောင်ကျောင်းပေါင်း ၉၀၀၀ကျော်ရှိ

တစ်နေ့လျှင် ရေဂါလံ ၅ သိန်းခန့်ရေပေးဝေလျက်ရှိပါတယ်။

၁၉၉၀ ခုနှစ်တွင် သီတဂူ အာယုဒါနဆေးရုံတော်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ရဟန်းသံဃာတော်အားလုံးနှင့် ဆင်းရဲနွမ်းပါးတဲ့လုပ်သားပြည်သူများကို

ဆေးဝါးအခမဲ့ကုသပေးလျက်ရှိပါတယ်။

အနယ်နယ်အရပ်ရပ်တွင်လည်း မျက်စိဆေးရုံများကို ဖွင့်နိုင်ခဲ့ပြီး

မျက်စိဝေဒနာရှင်များအတွက် အခမဲ့ကုသပေးလျက်ရှိပါတယ်။

၁၉၉၆ ခုနှစ်တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဆရာတော်အားအစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့(၁၉၉၃)၊

အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇဘွဲ့(၁၉၉၅)

အဂ္ဂမဟာ ပဏ္ဍိတဘွဲ့(၁၉၉၇)၊

အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်များကပ်လှူပူဇော်ခဲ့ပြီး၊

၂၀၀၃တွင် ရန်ကုန်တက္ကသိုလ်က ဒီလစ်(D.Litt.)ဘွဲ့၊

၂၀၀၅ တွင်ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်တက္ကသိုလ်က

ပီအိပ်ခ်ျဒီ(Ph.D) ဘွဲ့အပ်နှင်းခဲ့ပါတယ်။

ဆရာတော်ဟာ သပိတ်အိုင်တောရတွင် သီတင်းသုံးခဲ့ဖူးတဲ့အတွက်ကြောင့်

သပိတ်အိုင်ဆရာတော်အဖြစ်လည်းနာမည်ကြီးသလို

သဲကုန်းမြို့နယ်ဇာတိဖွားဖြစ်တဲ့အတွက်ကြောင့် သဲကုန်းဆရာတော်အဖြစ်လည်း နာမည်ကြီးပါတယ်။

သီတဂူကျောင်း၊သီတဂူရေအလှူ၊ သီတဂူဆေးရုံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊

သီတဂူဗုဒ္ဓဝိဟာရ(အမေရိကန်)တို့ကို တည်ထောင်တော်မူခဲ့တဲ့အတွက်ကြောင့်

သီတဂူဆရာတော်အဖြစ်လည်း နာမည်ကြီးပါတယ်။

ဆရာတော်ဟာ မြန်မာဘာသာနဲ့စာအုပ်ပေါင်းတစ်ရာကျော်၊

အင်္ဂလိပ်ဘာသာနဲ့စာအုပ်ပေါင်း (၃၀)ကျော်တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။

ဆရာတော်ရဲ့အလှူဒါနနဲ့ပတ်သက်ပြီးပြောမကုန်နိုင်အောင်များပြားလှပါတယ်။

မျက်စိဆေးရုံများဆောက်လုပ်လှူဒါန်းခြင်း၊

မြို့နယ်၊ကျေးလက်ဆေးရုံများအတွက်

လိုအပ်တဲ့အဖိုးတန်စက်ကိရိယာများ၊ဆေးဝါးပစ္စည်းများလှူဒါန်းခြင်း၊

စာသင်ကျောင်းများအတွက် ကွန်ပျူတာများ၊ သင်ကြားမှုအထောက်အကူပြုပစ္စည်းများလှူဒါန်းခြင်း၊

ဘိုးဘွားရိပ်သာများ၊မိဘမဲ့ကလေးများ၊ မျက်မမြင်ဆွံ့အ နားမကြားဝေဒနာရှင်များ၊

စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ဆေး၊အစားအစာများမကြာခဏလှူဒါန်းခြင်း။

နာဂစ်မုန်းတိုင်းသင့်ဒေသများသို့ကိုယ်တိုင်သွားရောက်ပြီး

လိုအပ်သောအစားအစာ၊ဆေး၊ကျောင်း၊နေအိမ်များကို လှူဒါန်းခြင်း၊

ဆင်းရဲချို့တဲ့သော တက္ကသိုလ်ကျောင်းသူကျောင်းသားများကို

ပညာသင်ထောက်ပံ့ကြေးများထောက်ပံ့ခြင်း။

စတဲ့အလှူမျိုးစုံကို

တန်ဖိုးငွေကျပ် (၁.၈ trillions) ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း

တာချီလိတ်တရားပွဲတွင် ဆရာတော်ဟောကြားခဲ့ဖူးပါတယ်။


Friday, June 3, 2011

"ကိစ္စမရှိပါဘူး..."


မုတ်ဆိပ်မွေး ပါးသိုင်းမွေးရိတ်ဖို့ လူတစ်ယောက်
ဦးဗိုလ်ကေဆံပင်ညှပ်ဆိုင်ထဲ ဝင်လာပါတယ်။
သူ့အလှည့်ရောက်တော့ ဆံသဆရာဦးဗိုလ်ကေက
သူမုတ်ဆိပ်မွေး၊ ပါးသိုင်းမွေးတွေကို စ,
ရိတ်ပါတယ်..
မုတ်ဆိပ်မွေး နဲ့ နုပ်ခမ်းမွေးကို ရိတ်တဲ့အခါ ပြသနာ မရှိပေမဲ့
ပါးသိုင်းမွေးရိတ်တော့ နဲနဲ ခက်နေတယ်။
သူ့ပါးကနဲနဲခွက်နေတာကိုး။
ဒါနဲ့ ဆံသဆရာက
သစ်သားနဲ့ လုပ်ထားနဲ့ အလုံးလေး တလုံးကိုပေးလိုက်ပြီး ပြောတယ်။

"ဒါလေးကို ခဏငုံထားလိုက်၊
ဒါမှ ပါးသိုင်းမွေး ရိတ်ရတာ အဆင်ပြေမယ်"

"အဲ...ဟုတ်တယ်ဗျ"
အဲဒီလူလည်း သဘောကျသွားတယ်၊
ဒီ ဆံသဆရာမဆိုးဘူး တော်တော်ဥာဏ်ပြေးသားဘဲ လို့
တွေးနေတယ်။
ညာဘက်ပါးကို ရိတ်တော့ ညာဘက်ပါးစောင်မှာ ငုံလိုက်၊
ဘယ်ဘက်ပါးကို ရိတ်တော့ ဘက်ဘက်ပါးစောင်မှာ ငုံလိုက်နဲ့
လုပ်နေရင်း ဆံသဆရာကို လှမ်းနောက်လိုက်တယ်။

"ခုလိုငုံထားတုန်း
ခင်ဗျားသစ်သားလုံးလေးကိုမျိုချ
မိရင်
ဘယ်လိုလုပ်မလဲ"

ဦးဗိုလ်ကေ ပြန်ပြောလိုက်တာက...
"ကိစ္စမရှိပါဘူးဗျာ။

နောက်နေ့ 'အီး' ပါရင် ပြန်ထွက်လာမှာဘဲ မဟုတ်လား၊
အဲဒီတော့မှရေဆေးပြီး ပြန်လာပေးပေါ့၊
တခြားသူတွေလဲ ဒီလိုဘဲ
ပြန်လာပေးနေကျဘဲဟာ"

"ရွှေဥာဏ်တော် စူးပါပေ့..."


ကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။
သူဝယ်ထားတဲ့ပစ္စည်းတွေကို
ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို
့ လေ....
တောင်းတလုံးရယ်၊
အိမ်သုတ်ဆေးတဂါလံပုံးရယ်၊
ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၎
ကောင်ရယ်လေ။
ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်။

"ခြံအမှတ် ၀၀၇၊

ရေဝတီလမ်းကို သိပါသလားရှင်"

"သိတာပေါ့၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ"

"ဒါဆို ဘယ်လိုသွားရမလဲရှင်"

"ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊
ဒါပေမဲ့
ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူ
းဖြစ်နေလို့"

"လွယ်လွယ်လေး၊
အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊
ကြက်တကောင်စီကို လက်မောင်းမှာ ချိပ်လိုက်၊
ဘဲ၂ ကောင်ဆီကိုလက်တဖက်ဆီမှာဆွဲလိုက်"
သူမပြောသလိုလုပ် လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။

အဲလိုနဲ့ အတူတူလျှောက်လာကြရင်း
လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့ အဲဒီမိန်းမက
ကိုထုံကို စွပ်စွဲပါတော့တယ်။
"ရှင်..ရှင်...ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး
ဗလက္ကာရကျင့်မလို့ မလား"

ကိုထုံက
"ဗျာ...
ကျနော့် ခေါင်းပေါ်မှာ ဆေးပုံးကြီးနဲ့တောင်းကို
ရွက်ထားတယ်
လက်မောင်းမှာလဲ ကြက်တွေချိပ်ထားတယ်၊
လက်နှစ်ဖက်မှာလဲ ဘဲတွေဆွဲထားရတယ်၊
ဒီလိုလူက ခင်ဗျားလေးကို ဘယ်လိုလုပ် ဗလက္ကာရကျင့်လို့ရမလဲဗျာ"
ဒီတော့ အားနွဲတဲ့ မိန်းကလေးက ဘာပြန်ပြောတယ်ထင်လဲ။

"ဘဲတွေကို အောက်ချလိုက်ပြီး ထွက်မပြေးနိုင်အောင်
တောင်းနဲ့ အုပ်လိုက်လေ၊
ဆေးပုံးကို တောင်းအပေါ်ကဖိထားလိုက်၊
ကြက်နှစ်ကောင်ကိုတော့ ကျမ
ကိုင်ထားပေးမယ်"....တဲ့။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com