Tuesday, June 7, 2011

“ ဘေးထွက်ဆိုးကျိုး…”



တစ်ခါတုန်းက

လူတစ်ယောက်ဟာ ကလေးနှစ်ယောက်ကို

လက်တစ်ဖက်တစ်ချက်စီမှာ ချီထားရင်း ဘူတာမှာ ရထားစောင့်နေပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ ချစ်စရာကလေးနှစ်ယောက်ကိုတွေ့တော့

ကလေးချီထားတဲ့လူကိုမေးပါတယ်။

“ ဒါလေးတွေက ရှင့်ရဲ့ကလေးတွေလား၊

သူတို့ရဲ့နာမည်ကဘယ်လိုခေါ်သလဲ”

ကလေးချီလာတဲ့လူကြီးက စပ်စုတဲ့အမျိုးသမီးကို ဒေါသနဲ့လှမ်းကြည့်ပြီး

“ ငါ မသိဘူး”

လို့ပြန်ပြောလိုက်ပါတယ်။

အမျိုးသမီးက

“ကလေးလေးတွေက ယောကျာ်းလေးလား၊

မိန်းကလေးလား”

ထပ်မေးပြန်ပါတယ်။

လူကြီးက ပိုဒေါသထွက်တဲ့မျက်နှာနဲ့ပြန်ကြည့်ပြီး

“ ငါ မသိဘူး”

လို့ပြန်ဖြေလိုက်ပြန်ပါတယ်။

အမျိုးသမီးက

“ ကိုယ့်ကလေးတွေရဲ့အကြောင်းကိုတောင်မသိဘူးဆိုတော့...

ရှင်က ဘယ်လိုအဖေမျိုးလဲ”

လို့အပြစ်တင်တဲ့လေသံနဲ့ပြန်ပြောလိုက်ပါတယ်။


ဒီတော့မှ လူကြီးက ပြန်ပြောလိုက်တာက

“ ငါက သူတို့တွေရဲ့အဖေ မဟုတ်ဘူး၊

ငါဟာ ကွန်ဒုံးအရောင်းသမားတစ်ယောက်သာဖြစ်တယ်။

အခုဟာတွေက ကွန်ဒုံးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့

ကွန်ဒုံးကုမ္ပဏီကိုပြန်အပ်လိုက်တဲ့ပစ္စည်းတွေဖြစ်တယ်”


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com