Thursday, July 14, 2011

" အသစ် စတင်ကြပါစို့..."


၁။

လုပ်ချင်တာတွေ လုပ်နိုင်ဖို့၊

လုပ်သင့်တာတွေလည်း လုပ်နိုင်ဖို့ ( ကြည်မင်း )

ကိုယ့်ဘဝရဲ့ ရည်မှန်းချက်က ဘာလဲ ၊

ဆုတောင်း= လိုချင်တာသာ ပြောပြီး၊

ဘာမှမဖြည့်၊မကျင့်။

ဆုပန်= လိုချင်ခြင်း+ဒါတွေလုပ်မည်ဟုလုပ်ငန်းနဲ့တကွ စိတ်ပိုင်းဖြတ်ပြဋ္ဌာန်းခြင်း။

၂။

ကိုယ်က အရှုံးထားပြီး တိုက်နေသူအဖို့

အမြတ်ထွက်လာဖို့အပြင် ဘာမှမရှိ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပဏ္ဍိ၊

သေချင်ရင် အိပ်၊

……………………………….

ပဏ္ဍိကို စစ်ချင်တယ်ဆိုရင်

ပဏ္ဍိလိုပဲ တတ်အောင်လုပ်ထား။

၃။

အကြမ်းတမ်းဆုံး၊

အခက်ခဲဆုံးသော လမ်းကြောင်းကို အမြဲရွေးချယ်ပါ။

လူအနည်းငယ်သာရှိလိမ့်မည်။

( ဟားဘတ်ကက်ဆင် )

၎။

လက်မရှိတဲ့ ပျံလွှားငှက်ကလေးတွေကတောင်

ပြောင်ချောနေတဲ့ နံရံကြီးတစ်လျှောက်အသိုက်ဆောက်နိုင်ကြသေးတယ်။

လက်အစုံ၊ခြေအစုံ၊ ဦးနှောက်တစ်လုံးနဲ့လူက ဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲ ။

တွန်းအားဖြစ်စေမည့်အသိတစ်ချက်လက်သွားဖို့အရေးကြီးတယ်။

……………………………………………….

ယူတတ်ရင် အင်အား၊

မယူတတ်ရင် အလကား။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တစ်ရက်မှာ ငါ့အတွက် (၁၆)နာရီတောင်

သုံးနိုင်ခွင့်ရနေပါကလားလို့

ဝမ်းသာပါ။

+++++++++++++++++++++++

အချိန်ဆိုတာ ကိုယ့်ရှေ့ကျလာတဲ့ ရွှေဒင်္ဂါးတစ်ပြားနဲ့တူတယ်။

အချိန်ကိုသုံးနေသလား၊

ဖြုန်းနေသလား ဆိုတာသတိမှတ်ကြည့်ပါ။

+++++++++++++++++++++++++++

ငွေရယ်၊

အချိန်ရယ်၊

ကုသိုလ်ရယ်

စုဆောင်းပါ။

++++++++++++++++++++++++++++

ဘဝမှာ အောင်မြင်မှုတစ်ခုရပြီးသွားတဲ့အခါ

ရပ်မနေဘဲ

လိုင်းသစ်တစ်ခုသို့ပြောင်းကာ

အောင်မြင်မှုတစ်ခုထပ်ယူဖို့ဖြစ်တယ်။

၅။

# သဘာဝ သက်စောင့်ဆေးကြီးများ #

၁။ ။နေရောင်ခြည်၊

++++++++++++++++++++++++++++++++++++++++++++++

၂။ ။လေကောင်းလေသန့်၊

++++++++++++++++++++++++++++++++++++++++++++++

၃။ ။ချုပ်တည်းခြင်း/ ရှောင်ကြဉ်ခြင်း၊

အာသာဆန္ဒကြောင့် ဒုက္ခရောက်မည့်အစား

အာသာဆန္ဒကို ဦးစွာ ချိုးနှိမ်ပါ။

++++++++++++++++++

အရက်စားပွဲမှ ထသောအခါ

မယစ်မူးသော၊

ကျန်းမာသော၊

စဉ်းစားဆင်ခြင်ဉာဏ်ပြည့်ဝသော

လူတစ်ယောက်မှ မရှိပါ။

++++++++++++++++++++++++++++++++++++++++++++++

၎။ ။အနားယူခြင်း၊

အနားယူခွင့်ရသော လယ်ယာမြေတစ်ကွက်သည်

ကြီးမားကြွယ်ဝသော၊ပေါလှိုင်သော ကောက်လှိုင်းစပါးများတို့ကို

ရိတ်သိမ်းစေပါတယ်။

++++++++++++++++++++++++++++++++++++++++++++++

၅။ ။ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊

++++++++++++++++++++++++++++++++++++++++++++++

၆။ ။ပြည့်ဝကောင်းမွန်သောဓာတ်စာ၊

အမေရိကန်နိုင်ငံမှာ ကျန်းမာရေးချို့တဲ့မှုအတော်များများသည်

အစားများများစားခြင်း နှင့်

အလုပ်နည်းနည်းလုပ်ခြင်းကြောင့် အဖြစ်များပါသည်။

++++++++++++++++++++++++++++++++++++++++++++++

၇။ ။ရေသန့်ကိုသောက်သုံးခြင်း၊

အကောင်းဆုံးရေသောက်ရန်အချိန်မှာ

အစာစားပြီး တစ်နာရီမှ နှစ်နာရီ၊

အစာမစားမီ ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++

၈။ ။ဘာသာရေးကို အလေးထားပါ။

++++++++++++++++++++++++++++++++++++++++++++++

NEW START ( အသစ် စတင်ကြပါစို့ )

N= Nutritions Food

E= Exercise

W=Water

S=Sun light

T=Temperate, drug,Free Living

A=Air

R=Rest

T=Trust in divine power

၆။

ငါ့ ဒိန်ခဲကိုဘယ်သူ နေရာရွေ့ထားသလဲ

( တင်မောင်မြင့် )

Who Moved My Cheese ? by Dr.Spencer Johnson.

++++++++++++++++++++++++++++++++++++++++++++++

သင်ဟာ အပြောင်းအလဲ မလုပ်လျှင် ဘဝဆုံးခန်းတိုင်သွားနိုင်တယ်။

++++++++++++++++++++++++++++++++++++++++++++++

ကြောက်ရွံ့ခြင်းကို ကျော်လွှားပြီး သင်ရှေ့ဆက်သွားရင်

လွတ်လပ်မှုအရသာကို သင်ခံစားရလိမ့်မယ်။

++++++++++++++++++++++++++++++++++++++++++++++

ဒိန်ခဲဟောင်းတွေကို မြန်မြန်သံယောဇဉ်ဖြတ်နိုင်လေ

ဒိန်ခဲအသစ်တွေ့ဖို့မြန်လေပဲ။

++++++++++++++++++++++++++++++++++++++++++++++

အပြောင်းအလဲဆိုတာ ဖြစ်မြဲဓမ္မတာပဲ။

အပြောင်းအလဲကို ကြိုတွေးထားပါ။

အပြောင်းအလဲကို သတိနဲ့စောင့်နေပါ။

အပြောင်းအလဲကို ချစ်မြတ်နိုးပါ။

စွန့်စားခန်းကို တန်ဖိုးထားပါ။

ဒိန်ခဲနဲ့အတူ လိုက်ရွေ့ပါ။

၇။

မထေရ်မြတ်တို့စကားဝိုင်း

( ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

++++++++++++++++++++++++++++++++++++++++++++++

မထေရ်ကြီး တို့စကားဝိုင်းနားကို ရဲရဲသာကပ်၊

မေးရင် ရဲရဲသာဖြေ၊

ကိုယ်မှားရင် မှန်အောင်ပြင်ပေးလိမ့်မယ်။

မှန်ရင် ပိုခိုင်မြဲတာပေါ့။

( ဘုရားကြီးတိုက်၊ အမရပူရဆရာတော် )

++++++++++++++++++++++++++++++++++++++++++++++

တစ်ပင်တည်းကောင်းနေလို့

အရိပ်လဲမျှအောင် မပေးနိုင်ဘူး၊

လေပြင်းဒဏ်လဲမခံနိုင်ဘူး၊

တစ်တောလုံး အုပ်ဆိုင်းနေမှ။

( တောင်မြို့၊ညဝါအကျော်ဆရာတော် )

++++++++++++++++++++++++++++++++++++++++++++++

ကိုယ့်ပညာကို ပါရမီမြောက်အောင်လုပ်ထားခဲ့နိုင်မှ ပညာက သေရွာပါတယ်။

ဘယ်သူ့မှ သင်မပေးဘဲ

ပညာကို သေရွာယူသွားလို့မရဘူး။

++++++++++++++++++++++++++++++++++++++++++++++

အပေါင်းအဖော်တွေ စုဝေးမိတဲ့အခါ

လိုက်နာကျင့်သုံးရမယ့်တာဝန် နှစ်ရပ်ရှိတယ်။

၁။ ။သင်ကြားမှုနဲ့ပို့ချမှု၊

သင်ယူဆွေးနွေးမေးမြန်းမှုမျိုးကို ပြောဆိုနေရမယ်။

၂။ ။တရားဓမ္မကို နှလုံးသွင်းပြီးရင်လည်း ဆိတ်ဆိတ်နေရမယ်။

++++++++++++++++++++++++++++++++++++++++++++++

၈။

“ မပြောနဲ့…”

စိတ်အေးအေးချမ်းချမ်းနေချင်ရင်

သူများအကြောင်းကို

တတ်နိုင်သလောက် မပြောပဲ နေတာ ကောင်းတယ်။

အထူးသဖြင့်

သူများမကောင်းကြောင်းကို

မပြောပဲ နေတာကောင်းတယ်။

( ဆရာတော် ဦးဇောတိက )

၉။

“ ဘယ်လို အာရုံမျိုးနဲ့တွေ့တွေ့

ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်တဲ့

ပုဂ္ဂိုလ်ဖြစ်ရပါလို၏ အရှင်ဘုရား။ ”

၁၀။

“ ယူတတ်မှ ပညာရ…”

တိုးတက်ချင်ရင်

အယူအဆ မတူတဲ့သူတွေနဲ့ ဆွေးနွေးပါ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ အကြီးမားဆုံး အန္တရာယ်…”

Ø အန္တရာယ်ကို ရင်မဆိုင်တာကမှ

အကြီးမားဆုံး အန္တရာယ်။

Ø အခက်အခဲကို ရင်မဆိုင်တာက

အကြီးမားဆုံး အန္တရာယ်။

Ø သေချာတာကိုမှ လုပ်ချင်တာ

အကြီးမားဆုံး အန္တရာယ်။

Ø ဆုံးရှုံးမှုကို ကြောက်လွန်းတာ

အကြီးမားဆုံး အန္တရာယ။်

၁၁။

“ အသဲ၊ အသက်၊ ဘဝပေးဖို့အသင့်…”

· *မနံက်ဖန် ဒီ့ထက်ပိုကောင်းတာ

တစ်ခုကို သိလာရင် ပိုကောင်းတာကို

စိတ်ပါလက်ပါလုပ်မှာပဲ။

*

*တစ်နေ့ထက်တစ်နေ့

အသိဉာဏ်တွေ ပိုရင့်ကျက်လာတဲ့အခါမှာ

တစ်နေ့ထက် တစ်နေ့ပိုကောင်းတာတွေ

ရွေးချယ်ပြီးလုပ်သွားရမှာပဲ။

*

*ဘာကိုရွေးချယ်၊ ရွေးချယ်

အဲဒါကို ဘဝပေးပြီး လုပ်ပါ။

အသက်ပေးပြီးလုပ်ပါ။

အသဲနှလုံးပေးပြီးလုပ်ပါ။

( ဆရာတော်ဦးဇောတိက )

၁၂။

“ ဘဝရှိချင်ရင် အဖြေရှာ…”

ဘာအတွက် အသက်ရှင်နေတာလဲ.

သေရမယ်ဆိုရင်တောင်မှ

သေရဲပါတယ်လို့ ပြောရလောက်အောင်

တန်ဖိုးထားတာ ဘာရှိသလဲ.

အဲဒီကိစ္စ အတွက်ဆိုရင်တော့

အသက်သေရလည်း ပဲ

အသေခံလိုက်မယ်လို့ ပြောရလောက်အောင်

ကိုယ်တန်ဖိုးထားတဲ့အရာ ဘာရှိသလဲ.

အဲဒါကို မေးဖို့လိုတယ်။

အဲဒါကို ရအောင်ရှာဖို့လိုတယ်။

၁၃။

“ အကျိုးပြု ပုဂ္ဂိုလ်…”

စိတ်ထားလေးနက်ခိုင်မာတဲ့သူ၊

တကယ်တန်ဖိုးထားထိုက်တာကို

တန်ဖိုးထားနိုင်တဲ့သူဟာ

လူ့အသိုင်းအဝိုင်းကို

ထိထိရောက်ရောက် အကျိုးပြုနိုင်တယ်။

( ဆရာတော် ဦးဇောတိက )

၁၄။

“ Quality Time…”

· စိတ်ပါလက်ပါလုပ်၊

စိတ်ပါလက်ပါကြည့်၊

စိတ်ပါလက်ပါနားထောင်၊

စိတ်ပါလက်ပါပြော၊

အကောင်းဆုံးစိတ်ထားနဲ့

စိတ်ပါလက်ပါလုပ်မှ

“ Quality Time…” ဖြစ်မယ်။

· ကိုယ့်စိတ်ကို ကိုယ်သိပြီး

လွတ်လပ်နေအောင်

တည်ငြိမ်နေအောင်

ထားနိုင်ရင်

အဲဒီအချိန်ဟာ

အရည်အသွေးပြည့်ဝတဲ့အချိန်

အရည်အသွေးမြင့်မားတဲ့အချိန်

“ Quality Time…” ဖြစ်နေမယ်။

· ငါ့အချိန်တွေကို

အရည်အသွေးမြင့်မားသောအချိန်

“ Quality Time…” ဖြစ်အောင်လုပ်မယ်။

၁၅။

“ သေပြီးတဲ့ နောက်မှာ…”

သေသွားပြီးနောက် ဟိုဘက်ဘဝကို

ရာထူး၊ပစ္စည်းဥစ္စာ၊ ဂုဏ် အဆင့်အတန်း

ဘာတစ်ခုမှ ယူသွားလို့မရဘူး။

ကုသိုလ်၊ အကုသိုလ်

ကိုယ့်စိတ်ထား၊

ကိုယ့်ပါရမီ၊

ကိုယ့်ဉာဏ်ပညာပဲ။

ကိုယ်သွားလေရာပါမယ်။

ဘာဘဲလုပ်လုပ် ၊ စိတ်ထားကောင်းကောင်းနဲ့

လုပ်မယ်ဆိုရင် အလုပ်ဟာ ကိုယ့်ပါရမီတစ်ခုခုကို

အထောက်အကူပြုမယ်။

အလုပ်ထဲက အတွေ့အကြုံထဲက ဉာဏ်ပညာရမယ်။

ကုသိုလ်ရမယ်ဆိုရင်

အောင်မြင်တယ်လို့ဆိုနိုင်တယ်။

၁၆။

“ ဝါသနာကို ပျိုးထောင်ပါ…”

ဝါသနာပါတဲ့ အလုပ်တစ်ခုခုလုပ်တဲ့အလေ့အကျင်ကို လုပ်သင့်တယ်။

စိတ်ဝင်စားလို့ လုပ်တဲ့အလုပ်တစ်ခု

လူတိုင်းမှာ ရှိသင့်တယ်။

သစ်ပင်၊ ပန်းပင်စိုက်တာ၊

ပန်းချီဆွဲတာ၊

ပုံပြောပြတာ၊

၁၇။

“ နေတတ်ရင် ကျေနပ်စရာပါ။….”

အသက်ရှည်ရှည်တော့ နေချင်တယ်။

ဒါပေမယ့်…

နေရတဲ့အချိန်တွေကို ဖြုန်းနေရင်

အသက်ရှည်တာ ဘာအဓိပ္ပါယ်ရှိတော့မလဲ

အကျိုးရှိတာတွေလုပ်ပြီး

ဘဝကို ကျေကျေနပ်နပ်တန်ဖိုးရှိရှိနေမှသာ

အသက်ရှည်တာ အဓိပ္ပါယ်ရှိတော့မပေါ့။

နေတတ်ရင် တစ်ဘဝထဲမှာ

နှစ်ဘဝစာလောက်လုပ်လို့ရတယ်။

၁၈။

သတိ

ဘာပဲလုပ်လုပ်၊

ဘာပဲတွေးတွေး၊

အချိန်မရွေး

အခါမရွေး

သတိနဲ့နေရတာ

အကောင်းဆုံးပဲ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ မသိလည်း အောင်မြင်…”

အောင်မြင်မှုဆိုတာ

မှန်ကန်တဲ့သဘောထားပါ။

၁၉။

“ အကောင်းဆုံး လုပ်မယ်…”

စိတ်ဓာတ်နှင့်အသိဉာဏ်

အရင့်ကျက်ဆုံး၊ နဲ့အမြင့်မားဆုံးဖြစ်အောင်

ကြိုးစားနေတဲ့သူဟာ

ဘယ်လိုအချိန်အခါ၊

ဘယ်တိုင်းပြည်၊

ဘယ်လူမျိုး၊

ဘယ်လိုယဉ်ကျေးမှုထဲမှာ

နေရနေရ

သူဟာအဲဒီအခြေအနေတွေ

အားလုံးကို နားလည်၊

ပြီးတော့ ဖြစ်နိုင်သမျှ

အကောင်းဆုံးလုပ်မှာပဲ။

( ဆရာတော် ဦးဇောတိက )

၂၀။

“ အသက်ရှင်တဲ့နေ့…”

တစ်နေ့တစ်နေ့မှာ

တစ်ခုခုကို ထူးထူးခြားခြားလေး

သိလိုက်ရမှသာ

အဲဒီနေ့ဟာ အသက်ရှင်နေရတာ

အဓိပ္ပါယ်ရှိတဲ့နေ့တစ်နေ့ပါပဲ။

၂၁။

“ စွန့်စားပါ…”

ကိုယ့်ပညာရေးကို ကိုယ့်လက်ထဲမှာထားပါ။

ကိုယ့်ပညာကိုယ်ရှာပါ။

ကိုယ့်ဘာကိုတန်ဖိုးထားတယ်ဆိုတာကို

ကိုယ့်ဟာကိုယ့်ဆုံးဖြတ်ပါ။

( Take the risk =စွန့်စားပါ )

( ဆရာတော်ဦးဇောတိက )

Monday, July 11, 2011

" လောဘကြီးသူအတွက်..."

တစ်ခါတုန်းက

အဝေပြေးလမ်းမတစ်ခု အပေါ်မှာဖြစ်တယ်။

ကားတစ်စီးဟာ နွားပေါက်စလေးတစ်ကောင်ကို တိုက်မိတဲ့ အတွက်

နွားလေးသေဆုံးသွားပါတယ်။

နွားပိုင်ရှင်ဖြစ်တဲ့ကိုစိုးသိမ်းက

ကားသမားဖြစ်တဲ့ကိုအောင်မိုးဆီမှာ အလျော်တောင်းတယ်။

"နွားတန်ဖိုးကိုလျော်ပေတော့"

"နွားလေးက ဘယ်လောက်တန်သလဲ"

ကိုစိုးသိမ်းက

"အခုတော့ ဒေါ်လာ၂၀၀ လောက်ပဲတန်တယ်၊

ဒါပေမယ့် နောက် ၆နှစ်ကြာရင် ဒေါ်လာ ၉၀၀

လောက်တန်မှာ၊

ဒီတော့ ဒေါ်လာ ၉၀၀ လျော်ပေးပါ "

ကိုအောင်မိုးက

"ကောင်းပြီလေ..."

ဆိုပြီး.. ချက်လက်မှတ်တစ်စောင် ရေးပေးလိုက်တယ်။


"ကဲရော့...

ဒီမှာ ဒေါ်လာ ၉၀၀ ချက်လက်မှတ်၊

နောက် ၆နှစ် နေ့စွဲနဲ့ ရေးထားတယ်၊

အဲဒီနေ့ရောက်ရင် ထုတ်လို့ရပြီ" တဲ့။


Saturday, July 9, 2011

“ကိုယ်ချင်းစာ မိပါတယ်…”


တစ်နေ့မှာတော့

လူတစ်ယောက် ဆေးဆိုင်မှာ ဆေးလာဝယ်တယ်။

"ဆိုင်ရာနိုက် တအောင်စလောက် ရောင်းပေးပါ"

ဆေးရောင်းသူ လန့်သွားပြီး ပြန်မေးတယ်။

"ဘာပြောတယ်၊

ဆိုင်ရာနိုက်ဆိုတာ အဆိပ်ဗျ၊

ဆေးစာ မပါဘဲရောင်းလို့ မရဘူး၊

ခင်ဗျားကဘာလုပ်မလို့ လဲ"


"ကျနော့်ရဲ့ မိန်းမကို အဆိပ်ကျွေးသတ်မလို့"

"ဟာ...ဒီလိုဆို ပိုဆိုးတယ်၊

ရောင်းမပေးနိုင်ပါဘူးဗျာ၊

ခွင့်လွှတ်ပါ"

ဒီတော့ ဆေးလာဝယ်သူက သူ့အိပ်ကပ်ထဲက ဓါတ်ပုံတစ်ပုံကို ထုတ်ပြတယ်၊

ဆေးရောင်းသူက အဲဒီဓါတ်ပုံကိုယူကြည့်လိုက်ပြီးနောက်ပြန်ပြောတာက

"ဟာ...ဆိုးလိုက်တဲ့ရုပ်ဗျာ၊

ဒီလောက်ရုပ်ဆိုးတာ ကျနော့်တသက် တခါမှ မမြင်ဖူးဘူး၊

ဒါဘယ်သူ့ဓါတ်ပုံလဲ"

"ကျနော့်ရဲ့မိန်းမပုံလေ"

"အင်း...ဒီလိုဆိုတော့လည်း ရောင်းပေးလိုက်ပါ့မယ်"


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com