Wednesday, June 22, 2011

" သားသမီးများကို စာဖတ်ဝါသနာပါပါစေ..."


၁။

“ သေမင်း၏ တမန်ဖြစ်သော

အရွယ်သုံးပါးကို ဆောင်တတ်သော ဤဆံပင်ဖြူသည်

ငါ့အားပေါက်ရောက်ခဲ့ပြီ၊

ငါသည် ရဟန်းပြုရန် အချိန်တန်လေပြီ ”

( ဤကား ဆံပင်ဖြူတစ်ချောင်းပေါက်လာသည်ကိုပင် သံဝေဂ

အကြီးအကျယ်ယူပြီးတောထွက်သွားသော မဃဒေဝမင်းကြီး၏

သံဝေဂဥဒါန်းပင် ဖြစ်ပါသည်။)

၂။

တစ်ပင်သော သရက်ပင်သည် အသီးများစွာ သီးသည်။

တစ်ပင်သော သရက်ပင်ကား တစ်လုံးတစ်လေမျှ မသီးချေ။

သီးသောအပင်မှ သရက်သီးများကို နန်းတွင်းသူ နန်းတွင်းသားများက

ပစ်ချခြင်း၊ ပုတ်ချခြင်း၊ တက်ခူးခြင်းတို့ဖြင့် ဖျက်ဆီးကြသောကြောင့်

သရက်ပင်မှာ မိမိအသီးကပင် မိမိကို ပြန်ဒုက္ခပေးကာ ပျက်စီးရလေသည်။

အသီးမသီးသော သရက်ပင်မှာကား မည်သူမျှ အရေးမစိုက်သောကြောင့်

ပကတိအတိုင်းပင် မပျက်မစီးတည်ရှိနေသည်။

ငါတို့ ရှင်ဘုရင်အဖြစ်ကား အသီးသီးသော သရက်ပင်နှင့်တူ၏။

တောမှာနေသော ရသေ့ရဟန်းတို့၏အဖြစ်ကား အသီးမသီးသော သရက်ပင်နှင့်တူ၏။

စည်စိမ်ဥစ္စာ ပေါများသော ငါတို့အား ဘေးရန်များသလောက်

စည်စိမ်ဥစ္စာမရှိသော ရဟန်းတို့သည်ကား ဘေးရန်ကင်းပေစွ။

ဤသံဝေဂနှင့် တကွ ဇနကမင်းကြီးသည် တောထွက်ကာ ရသေရဟန်းပြုခဲ့လေသည်။

(အလောင်းတော် ဇနကမင်းကြီး )

၃။

“ သေလျှင်ခြောက်ချက် ”

၁။ အစားအသောက် မည်မျှစားနိုင်သည်ဆိုစေကာမူ အပြီးသတ်ငတ်၍ သေပါလိမ့်မည်။

၂။ ပစ္စည်းဥစ္စာမည်မျှ ချမ်းသာသည်ဆိုစေကာမူ မွဲ၍ သေပါလိမ့်မည်။

၃။ ဆဒ္ဒန်ဆင်မင်း ခွန်အားမည်မျှကောင်းသည် ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။

၎။ စကားပြော မည်မျှကောင်းသည်ဆိုစေကာမူ အ၍ သေပါလိမ့်မည်။

၅။ နတ်မမီ လူမမျှ လှပသည်ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။

၆။ စုံမက်ချစ်ခင်သူမည်မျှ များသည်စေကာမူ အမုန်းခံ၍ သေပါလိမ့်မည်။

( ရွှေမင်းဝံဆရာတော်ဘုရားကြီး၏ သေလျှင်ခြောက်ချက်ဟူသော

မရဏနုဿတိ တရားတော်…)

၎။

“ အို…စုန္ဒ ကုသိုလ်ကောင်းမှုတို့၌

စိတ်ကူးကြံစည်ရုံမျှနှင့်ပင်လျှင် အကျိုးကျေးဇူးများလှပေ၏" ဟု ငါဘုရား

ဟောတော်မူ၏။

ကိုယ်ရော၊နှုတ်ပါ ပြုကျင့်ပါက

အကျိုးကျေးဇူးများခြင်း၌ အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။

အနည်းငယ်သော ကောင်းမှုသည် (ငါ့အား) အကျိုးရောက်လိမ့်မည်မဟုတ်

ဟု ကောင်းမှုကိုမထီမဲ့မြင် မအောက်မေ့ရာ၊

မိုးရေပေါက်ကျဖန်များလတ်သော် ရေအိုးပြည့်သကဲ့သို့

ပညာရှိသည်

အနည်းငယ်သော ကောင်းမှုကိုပြု ဆည်းပူးဖန်များလတ်သော်

နတ်ရွာနိဗ္ဗာန်ကို ရစေနိုင်သော ကောင်းမှုဖြင့်ပြည့်၏။

(ဓမ္မပဒ)

၅။

သားထူးသားမြတ်ဖြစ်ရန်အတွက်

အဓိကလိုအပ်ချက်ကား…

မိမိ၏သားသမီးများကို မိမိထက်ပို၍ စာဖတ်ဝါသနာပါပါစေ။

၆။

အသိပညာဆိုတာ မိမိကိုယ်ကို ပိုမိုပြည့်ဝစေတယ်။

ကိုယ့်ဆီက သူများယူသွားလို့ မရနိုင်ဘူး။

(ပဒါရူးစကီး)

၇။

“ အလှူဒါန၏ မျက်မှောက်အကျိုးငါးပါး…”

အလှူဒါနဝတ္ထုလှူဒါန်းသော အလှူရှင်သည်-

၁။ လူအများတို့ မျက်နှာမြင်လျှင် ချစ်ခင်နှစ်သက်ခြင်း၊

၂။ သူတော်ကောင်းတို့ မှီခိုဆည်းကပ်ခြင်း၊

၃။ ဂုဏ်ကျေးဇူးသတင်း ပျံ့နှံ့ကျော်ကြားခြင်း၊

၎။ ပရိသတ်၎ ပါးသို့ ရွံရှာခြင်းကင်း၊ ရဲတင်းစွာ ချဉ်းကပ်ခြင်း၊

၅။ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရောက်ခြင်း။

ဟူသော အကျိုးထူးတို့ကို ရရှိခံစားရ၏။


Tuesday, June 21, 2011

“ တားကြပါတော့လား…”


ကမာရွတ်မြို့နယ်တရားရုံးတွင်

တရားသူကြီးက

“ ခင်ဗျားရဲ့နာရီကိုသူ ခိုးတာ

ဘယ်သူမြင်သလဲ ”


တရားလိုက

“ မျက်မြင်သက်သေ ဆယ်ဦးတိတိ ရှိပါတယ် ”


တရားခံက

“ တရားသူကြီးမင်းခင်ဗျာ၊

ကျနော်ခိုးတာကို လူဆယ်ဦးတိတိက မြင်ခဲ့တယ်

ဆိုရင် ဘာဖြစ်လို့ ဘယ်သူမှ မတားကြသလဲ ဟင် ”

Monday, June 20, 2011

“ အရေးထဲအရာပေါ်…”



တစ်ခါတုန်းက

ခွဲစိတ်အထူးကု ဆရာဝန်ဒေါက်တာအောင်မင်းဟာ

လူငယ်လူနာကို စမ်းသပ်ကြည့်ရှုရန်ပြင်နေတယ်။

ရုတ်တရက် အခန်းမှာထွက်ပြီး လူနာလက်ခံရာဋ္ဌာနသို့သွားတယ်။

ဝက်အူလှည့်ပေးရန် တာဝန်ကျ သူနာပြုဆရာမထံတောင်းတယ်။

ဆရာမက စားပွဲအံဆွဲထဲမှ ဝက်အူလှည့်ကို ထုတ်ပေးတယ်။

ဝက်အူလှည့်ကို ယူပြီး ဆရာဝန်ဒေါက်တာအောင်မင်းဟာသူ့ရဲ့အခန်းကိုသွားတယ်။

မကြာမီ လူနာလက်ခံဋ္ဌာနဘက် ရောက်လာပြီး သူနာပြုဆရာမထံမှ

တူနဲ့စို့တစ်ခုကို တောင်းပြန်တယ်။

ဆရာမကလည်း တောင်းတာကို ပေးလိုက်တယ်။

ခဏအကြာမှာတော့

သူနာပြုဆရာမဘက် ခွဲစိတ်ဆရာဝန်ဒေါက်တာအောင်မင်း ရောက်လာပြန်တယ်။

သူနာပြုဆရာမအနားမှာသားကိုထိုင်စောင့်နေတဲ့မိခင်ဖြစ်သူက

စိုးရိမ်တကြီးဖြင့် ဆရာဝန်ကို မေးတယ်။

“ ဒေါက်တာ၊

ကျမသားလေးရဲ့အခြေအနေ အင်မတန်

စိုးရိမ်ရသလားရှင် ”


ဒေါက်တာအောင်မင်းပြန်ပြောလိုက်တာက...

“ ခင်ဗျားသားကို

ကျနော် မကြည့်အားသေးပါဘူး၊

ကျနော့်ဆေးအိတ်ကို

ဘယ်လိုမှ ဖွင့်မရလို့ ”


Sunday, June 19, 2011

“ ဘယ်သူက ပိုပျင်းသလဲ…”



တစ်ခါတုန်းက

လူနှစ်ယောက်အငြင်းပွားနေကြတယ်။

သူက ပိုပျင်းတယ်။

ငါကပိုပျင်းတယ်ဆိုပြီး

အငြင်းပွားနေကြခြင်းဖြစ်ပါတယ်။


တစ်ယောက်ကပြောတယ်။

“ တစ်နေ့က ငွေငါးထောင်တစ်ရွက်

လမ်းမှာကျနေတာကို ငါတွေ့တယ်။

ဒါပေမယ့် ငါမကောက်လိုက်ဘူး ပျင်းလို့ ”


ကျန်တစ်ယောက်က အားကျမခံ ပြန်ပြောတယ်။

တစ်နေ့က ငါ ရုပ်ရှင်သွားကြည့်တယ်။

နှစ်နာရီတိတိ ရုပ်ရှင်ရုံထဲမှာ ငါ အော်နေတယ် ”


“ အော်တာနဲ့ ပျင်းတာ ဘာဆိုင်လို့လဲ ”


“ သိပ်ဆိုင်တာပေါ့၊

ရုပ်ရှင်ရုံထဲကခေါက်ကုလားထိုင်ကို

ဆွဲချပြီး အထိုင်လိုက်မှာ

ငါ့ရဲ့ဖွားဖက်တော် ညပ်သွားတယ်။

ထရမှာ ပျင်းတာနဲ့ အော်ပဲ အော်နေရတာပေါ့ ”


Saturday, June 18, 2011

“ ပြောတာချင်းအတူတူပါနော်…”



တစ်ခါတုန်းက လှိုင်သာယာက

အိမ်နီးချင်း အမျိုးသမီးနှစ်ယောက်

စကားများရန်ဖြစ်နေကြတယ်။


မဆွေက...

“ငါဟာ ညည်းလို

တစ်အိမ်တက် တစ်အိမ်ဆင်း သူများ အတင်းတွေ

လျှောက်ပြောနေတဲ့ မိန်းမ မဟုတ်ဘူးဟေ့ ”


မကြိုင်က...

“ ကြည့်စမ်း၊ ကြည့်စမ်း၊

ညည်းအိမ်မှာ တယ်လီဖုန်းတပ်ထားပြီဆိုတာတောင်

ငါ မသိလိုက်ပါလား။


Friday, June 17, 2011

"လမ်းပျောက်နေသော်လည်း...."



အသံထက်မြန်တဲ့ ဂျန်ဗို ဂျက်လေယာဉ်ပျံ ကြီးဟာ

လေထုထဲကို အမြန်ချင်းနင်းဝင်ရောက်ပြီးတဲ့အခါ

လေယာဉ်မှူးက လေယာဉ်စီးခရီးသည်များအတွက်

ကြေညာချက်တစ်ခုကို ကြောညာပါတယ်။


“လေယာဉ်စီးခရီးသည်များခင်ဗျား၊

ကျနော် သတင်းကောင်းရော၊

သတင်းဆိုးပါပြောစရာရှိပါတယ် ခင်ဗျား။

ပထမသတင်းဆိုးကို အရင်ပြောပြချင်ပါတယ်။

ကျနော်တို့အခုလမ်းပျောက်နေပါတယ်။

ဆက်လက်ပြီးသတင်းကောင်းကို ပြောပြချင်ပါတယ်။

အဲဒါကတော့ ကျနော်တို့ လေယာဉ်ပျံဟာ

အသံထက်မြန်တဲ့ နှုန်းနဲ့ ပျံသန်းနေပါတယ်ဆိုတာပါပဲ..”


Thursday, June 16, 2011

“နာမည်ကောင်းဆိုတာ…”




တစ်နေ့မှာ လေရယ်၊ ရေရယ်၊ နာမည်ကောင်းရယ်တို့ဟာ

အတူတကွ ခရီးထွက်လာကြပါတယ်။

လေက သူ့ထုံးစံအတိုင်း ဒေါသထွက်နေတဲ့လူတစ်ယောက်လိုပဲ

ရမ်းရမ်းကားကားပြေးသွားပါတယ်။

ဟိုမှာခုန်လိုက်၊ဒီမှာတိုက်လိုက်နဲ့သွားပါတယ်။

သူသွားလေရာမှာ ဖုန်တွေကို ကန်ကျောက်သွားတဲ့အတွက်

ဖုန်တွေတထောင်းထောင်း ထပါတယ်။


ရေကတော့ အိနြေ္ဒရှိရှိ

အမျိုးသမီးတစ်ယောက်လမ်းလျှောက်သလို လမ်းလျှောက်ပါတယ်။

ရေရဲ့လက်ထဲမှာတော့ ရေပန်းခရားတစ်ခုကို ကိုင်ထားပါတယ်။

ပတ်ဝန်းကျင်ရှိ မြေကွက်လပ်များတွင် သိပ်သိပ်သည်းသည်းရှိအောင်

ရေပန်းခရားနဲ့ရေလောင်းပေးပါတယ်။

နာမည်ကောင်းကတော့ ယဉ်ကျေးသိမ်မွေ့ပြီး ခန့်ညားတဲ့

လူငယ်တစ်ယောက်အသွင်နဲ့တည်တည်ငြိမ်ငြိမ်နေပါတယ်။

သူတို့သုံးဦးတို့ဟာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ခင်ကြပါတယ်။

တစ်ဦးနဲ့တစ်ဦး စရိုက်အမူအကျင့်တွေ ကွာခြားကြပေမယ့်

ထူးထူးခြားခြား တစ်တွဲတွဲနေတတ်ကြပါတယ်။

တစ်နေ့မှာတော့ တစ်ယောက်နဲ့တစ်ယောက်ခွဲခွာရမယ့်ရက်ကို ရောက်လာပါတယ်။

အဲဒီအခါမှာ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး

“ နောက်ထပ် ဘယ်တော့ထပ်တွေ့ကြပြီး ခရီးအတူတူသွားကြဦးမလဲ”

လို့မေးကြပါတယ်။

လေက

“ မင်းတို့ ငါ့ကို တောင်ထိပ်ပိုင်းမှာ အမြဲတွေ့ရမယ်။

ဒါမှမဟုတ်လည်း မင်းတို့ရဲ့ခြေထောက်ပတ်လည်မှာလည်း တွေ့ရမှာပါ။

ငါသွားတဲ့ နေရာတိုင်းမှာ ဖုန်တွေတထောင်းထောင်းထအောင်

ငါက လုပ်သွားမှာဆိုတော့ ငါ့ကို မင်းတို့လွယ်လွယ်တွေ့နိုင်ပါတယ်”

လို့ပြောပါတယ်။

ရေက

“ ငါ့ကိုတော့ မင်းတို့အမြဲတွေ့ရပါတယ်။

ပင်လယ်သမုဒ္ဒရာထဲမှာ ငါအမြဲရှိပါတယ်။

မြစ်တွေ ချောင်းတွေထဲမှာ လည်းရှိတာပါပဲ။

မင်းတို့အိမ်က မီးဖိုချောင်ထဲမှာတောင် ငါက အမြဲရှိနေတတ်ပါတယ်။

ခေါ်သာ ခေါ်လိုက်ပါ။

ငါက အမြဲရှိပါတယ်”

လို့ရှင်းပြပါတယ်။


နာမည်ကောင်းကတော့

ဘာမှမပြောဘဲ ငြိမ်နေပါတယ်။

ကျန်နှစ်ဦးက

“ ကိုနာမည်ကောင်းကြီးရဲ့၊

ကျနော်တို့ ဘယ်အချိန်၊ ဘယ်နေရာမှာ ထပ်တွေ့ကြမှာလဲ”

လို့မေးကြပါတယ်။


နာမည်ကောင်းကြီးက

“ ဝမ်းနည်းပါတယ်၊

ခင်ဗျားတို့ ကျနော်ကို ဘယ်မှာမှ ပြန်တွေ့ရတော့မှာ မဟုတ်ပါဘူးဗျာ။

ဘယ်သူပဲ ဖြစ်ဖြစ် ကျနော်ကို ဆုံးရှုံးပြီဆိုရင်

နောက်ထပ်တစ်ကြိမ်ကျနော့်ကို မတွေ့နိုင်ကြပါဘူး”

လို့ပြောလိုက်ပါတော့တယ်။


“မ,အိုဆေး ဆိုတာ…”


ကျနော်တို့ရွာကလေးဟာ မီးရထားသံလမ်းဘေးမှာရှိပါတယ်။
ရွာမှာက လေးတန်းအထိသာကျောင်းရှိတယ်။
လေးတန်းအထိကျောင်းတက်ပြီးရင်တော့ အားလုံးနီးပါးဟာ
လယ်ထဲဆင်း၊ခြံစိုက်နဲ့ကျောင်းပြီးသွားကြပါတယ်။
ကျနော်တို့ဟာ မိဘရဲ့ကျေးဇူးကြောင့် မြို့ကိုရောက်ပြီး
တက္ကသိုလ်ပညာကိုဆက်သင်ကြားခွင့်ရခဲ့ပါတယ်။
တစ်နေ့တော့ ရွာကိုပြန်လာတယ်။
ငယ်သူငယ်ချင်းတွေနဲ့တွေ့တယ်။

သူတို့က
"မအိုဆေးရှိတယ်သောက်မလား"တဲ့။

" မအိုဆေးဆိုတာ ဘာလဲ"
လို့မေးကြည့်မိပါတယ်။

သူငယ်ချင်းအေးသောင်းကရှင်းပြပါတယ်။
" ငါတို့ရွာကလူငယ်တွေက ပညာမတတ်ကြဘူး၊
ငယ်ငယ်ရွယ်ရွယ်နဲ့လယ်ထဲ၊ခြံထဲဆင်းရတယ်။
အလုပ်ပင်ပန်းတော့ ချက်အရက်ကိုသောက်ကြတယ်။
ချက်အရက်ကလည်း နည်းစံနစ်ကမရှိဘူး။
မူးရင်ပြီးရောဆိုပြီးချက်တော့
ချက်အရက်သောက်တဲ့လူတွေဟာ အိုချိန်ကိုမရောက်ပါဘူး။
သောက်ပြီးငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးကြတယ်။
အချို့ကလည်းသေဖြတ်ပြီးသေဆုံးကြတယ်။
မအိုဘဲနဲ့စောစောစီးစီးသေကြတာကြောင့်
ဒီအရည်ကို မအိုဆေးလို့ခေါ်လိုက်တာပါကွာ"တဲ့။
အကောင်းအောင်းမေ့ပြီး နားထောင်နေမိပါတယ်။
နောက်ဆုံးရောက်တော့မှ 'မအိုဆေး'အကြောင်းကိုသိလိုက်ရတော့တယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com