Thursday, June 16, 2011

“မ,အိုဆေး ဆိုတာ…”


ကျနော်တို့ရွာကလေးဟာ မီးရထားသံလမ်းဘေးမှာရှိပါတယ်။
ရွာမှာက လေးတန်းအထိသာကျောင်းရှိတယ်။
လေးတန်းအထိကျောင်းတက်ပြီးရင်တော့ အားလုံးနီးပါးဟာ
လယ်ထဲဆင်း၊ခြံစိုက်နဲ့ကျောင်းပြီးသွားကြပါတယ်။
ကျနော်တို့ဟာ မိဘရဲ့ကျေးဇူးကြောင့် မြို့ကိုရောက်ပြီး
တက္ကသိုလ်ပညာကိုဆက်သင်ကြားခွင့်ရခဲ့ပါတယ်။
တစ်နေ့တော့ ရွာကိုပြန်လာတယ်။
ငယ်သူငယ်ချင်းတွေနဲ့တွေ့တယ်။

သူတို့က
"မအိုဆေးရှိတယ်သောက်မလား"တဲ့။

" မအိုဆေးဆိုတာ ဘာလဲ"
လို့မေးကြည့်မိပါတယ်။

သူငယ်ချင်းအေးသောင်းကရှင်းပြပါတယ်။
" ငါတို့ရွာကလူငယ်တွေက ပညာမတတ်ကြဘူး၊
ငယ်ငယ်ရွယ်ရွယ်နဲ့လယ်ထဲ၊ခြံထဲဆင်းရတယ်။
အလုပ်ပင်ပန်းတော့ ချက်အရက်ကိုသောက်ကြတယ်။
ချက်အရက်ကလည်း နည်းစံနစ်ကမရှိဘူး။
မူးရင်ပြီးရောဆိုပြီးချက်တော့
ချက်အရက်သောက်တဲ့လူတွေဟာ အိုချိန်ကိုမရောက်ပါဘူး။
သောက်ပြီးငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးကြတယ်။
အချို့ကလည်းသေဖြတ်ပြီးသေဆုံးကြတယ်။
မအိုဘဲနဲ့စောစောစီးစီးသေကြတာကြောင့်
ဒီအရည်ကို မအိုဆေးလို့ခေါ်လိုက်တာပါကွာ"တဲ့။
အကောင်းအောင်းမေ့ပြီး နားထောင်နေမိပါတယ်။
နောက်ဆုံးရောက်တော့မှ 'မအိုဆေး'အကြောင်းကိုသိလိုက်ရတော့တယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com