Showing posts with label ခရီးသွား. Show all posts
Showing posts with label ခရီးသွား. Show all posts

Thursday, July 26, 2012

"သတင်းကတော့ မွှေးနေဆဲ..."


လင်ကွန်း ငယ်ငယ်တုန်းက နေခဲ့တဲ့အိမ်...

ကင်တပ်ကီက ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်...

လင်ကွန်းဟာ ၁၈၀၉-ခုနှစ် ကင်တပ်ကီမြို့ရဲ့ ဟော့ဂျင်ရွာလေးမှာ မွေးဖွားခဲ့ပါတယ်။
သူဟာ သစ်လုံးအိမ်တစ်ခုမှာ မွေးဖွားခဲ့သူဖြစ်တယ်။
သူဟာ ကျောင်းမှာ အကြာကြီးစာသင်ခဲ့ရသူတစ်ယောက် မဟုတ်ပါ။
ဒါပေမယ့် သူဟာ နည်းလမ်းရှာဖွေပြီး လေ့လာခဲ့မှုကြောင့် 
သူဟာ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
၁၈၆၀-ခုနှစ်မှာတော့ သူဟာ ၁၆-ကြိမ်မြောက် 
အမေရိကန်သမ္မတတစ်ယောက်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။
သူ သမ္မတအဖြစ် ကျမ်းကြိမ်ပြီး မကြာခင်မှာပင် ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပွားလာခဲ့ပါတယ်။
သူဟာ အမေရိကန်ပြည်ထောင်စုအဖြစ် တည်မြဲစေချင်တယ်။
လူဖြူလူမည်း ခွဲခြားမှုကိုလည်း မလိုလားခဲ့ဘူး။
ဒါကြောင့် ကျွန်စံနစ်ကို ပယ်ဖျက်တဲ့ဥပဒေကို လက်မှတ်ရေးထိုးအတည်ပြုခဲ့တယ်။
နောက် လေးနှစ်အကြာမှာတော့ ပြည်တွင်းစစ်ကြီးအဆုံးသတ်သွားခဲ့ပါတယ်။
ပြည်တွင်းစစ်ကြီးပြီးဆုံးလို့ ရက်အနည်းငယ်အကြာမှာ သရုပ်ဆောင်မင်းသားဖြစ်သူ ဂျွန်ဝှစ်ခ်ဘုသ်
 (John Wilkes Booth) ဆိုသူဟာ ပြဇာတ်ရုံမှာ သေနတ်နဲ့
 လုပ်ကြံလိုက်တဲ့အတွက် နောက်တစ်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

သူ ဟာ ၁၈၆၅-ခုနှစ် ဧပြီလ ၁၅-ရက်နေ့မှာ ဝါရှင်တန်ဒီစီမှာပဲ ကွယ်လွန်ခဲ့ပါတယ်။

သူဟာ ပြည်သူအချစ်ဆုံး သမ္မတ တစ်ယောက်ဖြစ်ခဲ့ပါတယ်။

+++++++++++++++++++++++++++

လင်ကွန်း လူငယ်ဘဝက ကင်တပ်ကီမှာ နေခဲ့တဲ့အိမ်...

ကျနော် ကင်တပ်ကီ ကိုရောက်ခဲ့တယ်။
ကင်တပ်ကီရဲ့အကျော်ကြားဆုံးပုဂ္ဂိုလ်များစာရင်းမှာ လင်ကွန်းဟာ 
ထိပ်ဆုံးက ပါလာတယ်။
ကျနော် ငယ်စဉ်တုန်းက အမေရိကန်ဆိုတာ ဘာမှန်းမသိခင်ကထဲကိုက
လင်ကွန်းဆိုသူကို စာအုပ်တွေကတစ်ဆင့်သိခဲ့ရတယ်။
လင်ကွန်းဟာ အဆင်းရဲဆုံးဘဝကနေ နိုင်ငံတော်ရဲ့အမြင့်ဆုံးသမ္မတ တစ်ယောက်
ဖြစ်လာအောင် ကြိုးစားအားထုတ်ခဲ့ရတာကို အားကျမိခဲ့တယ်။
ကျနော်ရဲ့နှလုံးသားမှာ ငယ်စဉ်ကထဲကိုက လင်ကွန်းဟာ
စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့တယ်။ 
အမေရိကန်ကိုရောက်ဖို့ စိတ်ကူးမယဉ်ခဲ့ပါဘူး။
ဒါပေမယ့် လင်ကွန်းလိုတော့ ကိုယ့်ဘဝမှာ ဖြစ်နိုင်သမျှထဲမှာ
အကောင်းဆုံးဖြစ်ဖို့တော့ အမြဲတမ်း စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။
သမ္မတဖြစ်ပြီးမကြာခင်မှာပဲ ပြည်တွင်းစစ်က ဖြစ်ပွားခဲ့တယ်။
တောင်ပိုင်းနဲ့မြောက်ပိုင်း နှစ်ခြမ်းကွဲတော့မယ့်အခြေအနေမှာ
အရည်အချင်းမရှိတဲ့သမ္မတသာဆိုရင် နှစ်ခြမ်းကွဲသွားမှာသေချာတယ်။ 
တောသားသမ္မတ တစ်ယောက်အနေနဲ့
ကိုယ်ထင်ရာစိုင်းနေကြတဲ့ ဗိုလ်ချုပ်တွေကြားမှာ
ပြည်တွင်းစစ်ကို အနိုင်တိုက်နိုင်ဖို့ဆိုတာ
တွေးကြည့်ရုံနဲ့ ဘယ်လောက်ခက်ခဲတယ်ဆိုတဲ့အချက်ကို
မှန်းဆနိုင်ပါတယ်။
ဘဝတစ်ခုလုံး ပုံပြီး ကြိုးစားလာခဲ့ရတယ်။
အနိမ့်ဆုံးက အမြင့်ဆုံးကို။
အမြင့်ဆုံးသမ္မတဖြစ်လာပြန်တော့လည်း ပြဿနာတွေ
တောင်လိုပုံအောင် ဖြေရှင်းရတယ်။
အခက်အခဲတွေကို ရင်ဆိုင်ရတယ်။
နောက်ဆုံးရတဲ့ရလာဒ်က ...

+++++++++++++++++++++++++++



 လင်ကွန်းအတွက် ထိုက်တန်ပါတယ်။
ကွယ်လွန်သွားတာ ကြာပြီဖြစ်ပေမယ့်
လင်ကွန်းရဲ့သတင်းကတော့ မွှေးပြန့်နေဆဲပါ။
ဒီနေ့အထိ ပြည်သူချစ်တဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်နေတဲ့အချက်က
သက်သေပါ။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com