Wednesday, July 18, 2012

“သက်တမ်းရှည်သရွေ့ဆက်နေမယ်…”






လူတစ်ဦးဟာ "ဘဝမှာ အီစိမ့်နေပြီ ဖြစ်တဲ့အတွက်
ဆက်လက်ပြီး အသက်ရှင်မနေချင်တော့ဘူး" လို့
နော်မန်ဗင့်ဆင့်ထ်ပီယာလေ ဆီကို အကြံဉာဏ်လာရောက်တောင်းခံပါတယ်။

ခင်ဗျားကြည့်ရတာ ဆက်ပြီးအသက်ရှင်နေချင်စိတ်တောင်
ကုန်နေပြီထင်တယ်။
လို့ နော်မန်ဗင့်ဆင့်ထ်ပီယာလေကပြောပါတယ်။

ဟုတ်ပါတယ် ဆရာ၊
အခုချက်ချင်းပဲ သေချင်လှပါပြီခင်ဗျာ…”
လို့ ချက်ချင်းပြန်ဖြေကြားပါတယ်။
အဲဒီသဘောထားမှတ်ချက်ကို ကြားရတဲ့ ပီယာလေက
စမ်းသပ်မှုတစ်ခု ပြုလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။


ခင်ဗျား မနက်ဖန် အိပ်ရာက ထတာနဲ့ တစ်ပြိုင်နက်
အဲဒီနေ့ဟာ ခင်ဗျားအတွက် အသက်ရှင်ပြီး နေဖို့နောက်ဆုံးနေ့အဖြစ် စိတ်ကူးပါ။
နောက်ဆုံးနေ့အဖြစ် ဟန်ဆောင်နေကြည့်ပါ။
ဒီအိပ်ရာပေါ်အိပ်တာ ဒါနောက်ဆုံးအိပ်ခြင်းပဲ။
အခုအိပ်တဲ့တာ နောက်ဆုံးအိပ်ခြင်းပဲ
လို့ သင့်ကိုယ်သင် ပြောပါ
မနက်စာ သွားစားတဲ့အခါလည်း
နောက်ဆုံးနံနက်စာအဖြစ် သဘောထားစားပါ။
နောက်ဆုံးပိတ်နံနက်စာဖြစ်တဲ့အတွက်
သင်ကြိုက်တာတွေ အားလုံးကျွေးဖို့သင့်ဇနီးကိုပြောပါ။
စားရင်း သတင်းစာတွေ၊ ဘာတွေမဖတ်ပါနဲ့။
သင့်ဇနီးနဲ့ စကားပြောပါ။
နောက်ဆိုရင်သင့်ဇနီးနဲ့ စကားပြောခွင့်ရတော့မယ်မဟုတ်တော့တဲ့အတွက်
အချိန်ယူပြီး စကားပြောပါ။
အလုပ်သွားဖို့ ဘူတာရုံကို သွားတဲ့အခါ ဖြည်းဖြည်းလျှောက်သွားပါ။
သင့်နေအိမ်လေးကို သေသေချာချာကြည့်သွားပါ။
သင့်မြို့ကိုလည်း ဂရုတစိုက်ကြည့်ပါ။
နောက်ဆုံးပိတ်ကြည့်ခြင်းအဖြစ် အိမ်နီးချင်းတွေကို လည်း ကြည့်ပါ။
ရထားစီးနေစဉ်အဲဒီခရီးစဉ်ဟာ
သင်နေတဲ့ ဒေသကမြို့ကိုသွားတဲ့ နောက်ဆုံးအခေါက်ဖြစ်တယ်
လို့စိတ်ထဲမှာ မှတ်ယူထားပါ။
သင်မကြိုက်တာတွေကိုလည်း
နောက်ဆုံးအနေဖြင့် တစ်ချက်ကလေး ဝင့်ပြီး ကြည့်ပါ။
ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ်
သင်နောက်တစ်ကြိမ်တွေ့ခွင့်ရတော့မှာ မဟုတ်တော့ပါ
လို့ ပီယာလေက ပြောပြပါတယ်။
ပီယာလေက လုပ်ဆောင်ရမယ့်အချက်များအားလုံးကို ပြောပြပါတယ်။
လာမေးသူက အဲဒီစမ်းသပ်မှုမှာ လက်တွေ့ပါဝင်လုပ်ဆောင်မယ့်အကြောင်းနဲ့
ရလာတဲ့အကျိုးရလဒ်ကို ပြန်ပြောပြမှာ ဖြစ်ကြောင်းသဘောတူပါတယ်။
အဲဒီလူပြောပြတဲ့ ရလဒ်ကို ပီယာလေက အောက်ပါအတိုင်း ပြန်ပြောပြပါတယ်။


သူဟာ နောက်နေ့အထိပင် မစောင့်တော့ပါ။
နေ့တိုင်းကို နောက်ဆုံးနေ့အဖြစ် သဘောထားခဲ့ပါတယ်။
အိမ်အပြန် ရထားပေါ်တွင် အရင်ကလို သတင်းစာမဖတ်တော့ဘဲ
ရထားပြူတင်းပေါက်မှ အပြင်ကို ကြည့်လာခဲ့ပါတယ်။
ကျေးလက်၊မြို့ရွာများမှ အလင်းများ၊ သဘာဝအလှများဟာ
စိတ်လှုပ်ရှားစရာကောင်းလှတာကို တွေ့ရပါတယ်။
အဲဒီခရီးဟာ စိတ်ချမ်းသာစရာကောင်းတဲ့ ခရီးဖြစ်တာကို
သူက ပြန်ပြောပြပါတယ်။
ကြယ်တွေတောက်ပနေတဲ့ကောင်းကင်၊
လရိပ်ဆန်းထားတဲ့လမ်းတစ်လျှောက်အေးအေးသာသာ
လမ်းလျှောက်ပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။
အိမ်ရောက်တဲ့အခါ ကိုယ်တိုင်သော့ဖွင့်ပြီး ဝင်မယ့်အစား
လူခေါ်ခေါင်းလောင်းကို တီးလိုက်ပါတယ်။
တံခါးပွင့်လာတဲ့အခါ လွန်ခဲ့တဲ့ ၃၅ နှစ်ကလက်ထပ်ခဲ့တဲ့ ဇနီးကို
လျှပ်စစ်မီးရောင်အောက်မှာ တွေ့ရပါတယ်။
တွေ့တွေ့ခြင်း ကျနော့်ဇနီးကိုလှမ်းဖက်လိုက်ပြီး
တစ်သက်လုံးတစ်ခါမှ မနမ်းဖူးတဲ့ အနမ်းဖြင့် တစ်ဦးနဲ့ တစ်ဦး နမ်းကြပါတယ်။
အဲဒီအချိန်မှာ နောက်နေ့အတွက်
ကျနော်ဆက်လက်အသက်ရှင်ပြီးနေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်နေ့တွေလည်း သက်တမ်းရှည်သရွေ့ဆက်နေမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။
လို့ အဲဒီလူက ပြောပြကြောင်း ပီယာလေက ရှင်းပြပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com