Saturday, April 14, 2012

" နေ့တိုင်း ကောင်းတာတွေကို တွေးပါ...(၁၈)..."




စိတ်ချမ်းသာတဲ့သူတွေမှာ ရှိတတ်တဲ့ အချက်(၆)ချက်…မှ အဆက်
Be optimistic and outgoing
အကောင်းမြင်တတ်တယ်။ ကောင်းတာတွေ ဖြစ်မယ်လို့ မျှော်လင့်တယ်။
လူတွေကို ခင်တတ်တယ်။ လူတွေကို စိတ်ဝင်စားတယ်။
ဖော်ရွေတယ်။ နှုတ်ဆက်ရမှာ ဝန်မလေးဘူး။
လူတွေကို မြင်တဲ့အခါ အနည်းဆုံး ပြုံးပြတတ်တယ်။
+++++++++++++++++++++++++++
Positive thinkers---people who agree with statements such as
“in uncertain times, I usually expect the best”—
cope more successfully with stressful events and enjoy better health than do pessimists.
ဘာဖြစ်မယ်ဆိုတာ မသေချာတဲ့အခြေအနေမျိုးမှာ အဆိုးကို မျှော်လင့်တဲ့သူထက်
အကောင်းဆုံးကို မျှော်လင့်တဲ့သူဟာ ခက်ခဲတဲ့အခြေအနေကို
ပိုပြီးအောင်အောင်မြင်မြင် ရင်ဆိုင်နိုင်တယ်။
ကျန်းမာရေးလည်း ပိုကောင်းတယ်။
+++++++++++++++++++++++++++
စိတ်ကူးယဉ် ဆန်လွန်းတဲ့ မျှော်လင့်ချက်မျိုးဟာ ရေရှည်မှာ
စိတ်ချမ်းသာမှုကို ပေးမှာ မဟုတ်ဘူး။
ဒါကြောင့် ဖြစ်နိုင်တဲ့အတိုင်းအတာအတွင်းမှာ
ကောင်းတာကို မျှော်လင့်တာ စိတ်ချမ်းသာဖို့ အကြောင်းဖြစ်တယ်။
+++++++++++++++++++++++++++
ဘာဘဲဖြစ်ဖြစ် ကိုယ် စိတ်ချမ်းသာအောင် တွေးပါ။
ဒါပေမယ့် သူများရဲ့ဂုဏ်သိက္ခာကိုတော့ လေးစားပါ။
+++++++++++++++++++++++++++


ငါ့ကို လူတွေက ခင်သလား၊ မခင်ဘူးလားလို့ မသေချာရင်
ခင်တယ်လို့ပဲ မျှော်လင့်ပါ။
အဲဒါ စိတ်ချမ်းသာတယ်။
မသေချာတဲ့ကိစ္စမှာ အကောင်းကို မျှော်လင့်တာ တွက်ခြေကိုက်တယ်။
ကိုယ်မျှော်လင့်သလို ဖြစ်လာရင် ပိုပြီး ဝမ်းသာရတယ်။
ကိုယ်မျှော်လင့်သလို မဖြစ်ရင် ကြိုတင်ပြီး စိတ်မဆင်းရဲရတာဟာ သက်သာတယ်။
+++++++++++++++++++++++++++
ကိုယ့်အကြောင်း ကောင်းတာတွေကို တွေးပါ။
သူများအကြောင်းလည်း ကောင်းတာတွေကို တွေးပါ။
အဲဒီ နှစ်ခုကို တကယ် နေ့တိုင်းလုပ်နိုင်ရင် ပိုပြီး စိတ်ချမ်းသာလာမှာ သေချာတယ်။
တကယ်ပဲ သေချာပါတယ်။
မယုံပါနဲ့။
လက်တွေ့ စမ်းကြည့်ပါ။
ဒီနေ့တစ်နေ့လုံး ကိုယ့်အကြောင်း ကောင်းတာတွေပဲ တွေးပါ။
သူများအကြောင်းလည်း ကောင်းတာတွေပဲ တွေးပါ။
+++++++++++++++++++++++++++


ဖန်ခွက်ထဲမှာ ရေတစ်ဝက် ပြည့်နေတယ်လို့ မြင်တဲ့သူက
ရေတစ်ဝက်လျော့နေတယ်လို့ မြင်တဲ့သူထက် ပိုပြီး စိတ်ချမ်းသာတယ်။
+++++++++++++++++++++++++++
Optimists also enjoy greater success.
“ငါ ဥာဏ်ရှိတယ်။ ဝီရိယ ရှိတယ်။ ကျန်းမာရေး ကောင်းတယ်။ ခင်စရာ ကောင်းတယ်။
ငါ လုပ်ရင် ဖြစ်မယ်” လို့ ယုံကြည်တဲ့သူက ပိုပြီး အောင်မြင်တယ်။
လုပ်လို့ မဖြစ်တဲ့အခါ ဒါက ခဏပါ။
နောက်တစ်နည်း ပြောင်းပြီးလုပ်ရင် အောင်မြင်မယ်လို့ ယုံကြည်တဲ့သူဟာ
လုပ်ရင်းနဲ့ အောင်မြင်သွားတယ်။
တစ်ခါ မအောင်မြင်တာနဲ့ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှု မရှိတော့ပဲ
ဆက်မလုပ်တော့ရင် မအောင်မြင်နိုင်ဘူး။
+++++++++++++++++++++++++++
စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့(၁၈)


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com