Tuesday, April 10, 2012

"အရည်အချင်းတိုးနေမှ ဘဝ..."


စည်းစိမ်ဆိုတာ ဘဝမဟုတ်ဘူး။

အရည်အချင်းကို သုံးရတာမှ ဘဝ။

အရည်အချင်းတိုးနေမှ ဘဝ။

ဘဝ ဆိုတာရဲ့အဓိပ္ပာယ်က

တိုးပွားမှုလို့ အဓိပ္ပာယ်ရတယ်။

++++++++++++++++++++++++++++

ကိုယ့်ဘဝကို တကယ်အဓိပ္ပာယ်ရှိရှိ ကျေကျေနပ်နပ်

နေချင်ရင် ကိုယ်တတ်နိုင်သလောက်

အများအကျိုးကို ဆောင်ရွက်ပါ။

ဒါဟာဘဝရဲ့သဘာဝပဲ။

++++++++++++++++++++++++++++

ဘဝကို ရှင်းရှင်းလင်းလင်း နေသွားချင်တယ်ဆိုရင်

သတိလေးနဲ့နေလိုက်ပါ။

ဘဝဟာ ရှင်းလာပါလိမ့်မယ်။

စိတ်ရှင်းရင် ဘဝရှင်းတယ်။

စိတ်ရဲ့အရည်အသွေး မြင့်လာလို့ရှိရင်

ဘဝရဲ့အရည်အသွေးမြင့်လာတယ်။

ဘဝဆိုတာ စိတ်ရဲ့ရောင်ပြန်ဟပ်မှုပဲ။

+++++++++++++++++++++++++++++



ငါ ဘာဖြစ်လို့ လူ့ဘဝကို ရလာသလဲ

ဆိုတဲ့မေးခွန်းကို မေးပါ။

+++++++++++++++++++++++++++++

ဘဝရဲ့အရည်အသွေးကို ကောင်းစေတာ

အသိဉာဏ်ပဲ။

++++++++++++++++++++++++++++

ကိုယ့်ဘဝကို အဆင်ပြေအောင်နေသွားချင်ရင်

အတွင်းမှာ အင်အားရှိဖို့လိုတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့လိုတယ်။

ကိုယ့်ကိုယ်ကို ချစ်ဖို့လိုတယ်။

စိတ်ဓာတ်ခိုင်မာဖို့လိုတယ်။

စိတ်ကို အကောင်းဘက်မှာ ထားနိုင်ဖို့လိုတယ်။

++++++++++++++++++++++++++++

အတွေ့အကြုံတွေ၊

အခြေအနေတွေ၊ အားလုံးဟာ

အသိဉာဏ်ဖြစ်ဖို့ ကုန်ကြမ်းတွေပဲ။

++++++++++++++++++++++++++++

အသိဉာဏ်ဖြစ်လာရင်တော့ အဲဒါကုန်ချောဖြစ်သွားပြီ။

အဲဒီအသိဉာဏ်ကပဲ ဘဝရဲ့အဓိပ္ပာယ်ဖြစ်တယ်။

++++++++++++++++++++++++++++

ပစ္စုပ္ပန်မှာပဲ ဘဝကို ပြည့်ပြည့်ဝဝနေလို့ရတယ်နော်။

လွတ်လပ်မှုဟာ ပစ္စုပ္ပန်မှာပဲ ရှိတယ်။

စိတ်ချမ်းသာမှုဟာ ပစ္စုပ္ပန်မှာပဲရှိတယ်။

++++++++++++++++++++++++++++

ဘဝကို ပြည့်ပြည့်ဝဝနေချင်တဲ့သူမှာ

စိတ်ဝင်စားစရာတွေ များတယ်။

သူ့အရည်အချင်းတွေကို သူအမြဲသုံးနေတယ်။

သူ့မှာ ရှိနေမှန်းတောင် သူမသိတဲ့ အရည်အချင်းတွေ

ထွက်လာတာကို သူ အားရတယ်။

မလုပ်တတ်တာကို လုပ်တတ်အောင်

လေ့လာပြီး လုပ်နေတယ်။

သူ့ဘဝဟာ ရှင်သန်နေတယ်။

++++++++++++++++++++++++++++

အိုမှာကို မကြောက်ပါဘူး။

အဓိပ္ပာယ်မရှိတဲ့ဘဝကို နေရမှာတော့ ကြောက်တယ်။

++++++++++++++++++++++++++++

(ဆရာတော် ဦးဇောတိက)


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com