Wednesday, December 28, 2011

" ရွံ့နွံအိုင်ထဲက နိုဗယ်ဆုနှစ်ဆု..."



တစ်ခါတုန်းက

အင်္ဂလန်နိုင်ငံရဲ့စကော့တလန်ပြည်နယ်မှာလူကလေးတစ်ယောက်မွေးဖွားခဲ့တယ်။

သူ့နာမည်က ဖလန်းမင်းပါ။သူတို့မိသားစုဟာ အလွန်ဆင်းရဲပါတယ်။

သူဟာ ပညာသင်ရမယ့်အရွယ်ရောက်လာပေမယ့်ပညာမသင်နိုင်ပါဘူး။

သူတို့မိသားစုဟာ တောကြီးမြက်မည်းမှာနေကြတယ်။

အဲဒီတောကြီးမြက်မည်းထဲမှာ ရွံ့နွံအိုင်ကြီးတစ်ခုရှိတယ်။

အဲဒီရွံ့နွံအိုင်ထဲကျသွားတဲ့ဘယ်သတ္တဝါမဆို ရွံ့နွံအိုင်ကဆွဲယူသွားတဲ့အတွက်

သေဆုံးကြရတယ်။

ဖလန်းမင်းရဲ့ဖခင်က စိတ်ကောင်းနှလုံးကောင်းရှိသူဖြစ်တယ်။

အဲဒီရွံ့နွံအိုင်ထဲကျသွားသူအတော်များများကိုကယ်ဆယ်ခဲ့ဖူးတယ်။

တစ်နေ့တော့ "ကူညီပါ" လို့အော်သံကြားတော့

ဖလန်းမင်းရဲ့ဖခင်က သွားကယ်တယ်။

သူ့သားအရွယ်လူငယ်လေးဖြစ်နေတယ်။

အဲဒီရွံ့နွံအိုင်ထဲက ကယ်ခဲပြီး အိမ်မှာရေချိုးသန့်စင်ပေးလိုက်တယ်။

ပြီးတော့မှ အိမ်ကိုပြန်စေခဲ့တယ်။

နောက်တစ်နေ့မှာ မြင်းရထားလုံးတစ်စီးအိမ်ရှေ့ကိုထိုးဆိုက်လာတယ်။

ဒါတွေဟာ ချမ်းသာတဲ့မိသားစုတစ်စုလို့ပြောနိုင်တဲ့အဆောင်အယောင်တွေပါပဲ။

အဲဒီမြင်းရထားလုံးက ဂုဏ်သရေရှိတဲ့လူကြီးတစ်ယောက်ဆင်းလာတယ်။

“မနေ့က ကျနော့်သားကို ကယ်ခဲ့သူဟာ ဘယ်သူလဲခင်ဗျာ”

ဖလန်းမင်းရဲ့ဖခင်ကအိမ်ရှေ့ကိုထွက်လာတယ်။

“ ကျနော်ပါပဲခင်ဗျား၊ဘာကိစ္စရှိလို့ပါလဲ”

“ကျနော့်သားကိုကယ်ခဲ့တဲ့အတွက်ကျေးဇူးအထူးတင်မိပါတယ်။

ကျနော်ငွေဘယ်လောက် ပေးရမလဲခင်ဗျာ”

ဖလန်းမင်းရဲ့ဖခင်က

“ကျနော်ငွေမယူပါဘူး။

အကူအညီလိုတဲ့သူကို ကူညီဖို့ဆိုတာ

ကျနော်လုပ်ရမယ့်အလုပ်တစ်ခုလို့ယူဆပါတယ်။

ဒီလိုပဲ ကျနော်ကူညီခဲ့သူတွေအများအပြားရှိပါတယ်။

ဘယ်သူ့ဆီကမှ ငွေကြေးတစ်စုံတစ်ရာမယူခဲ့ဖူးပါဘူး”

အဲဒီအချိန်မှာပဲ ဖလန်းမင်းဟာ အိမ်ထဲကထွက်လာတယ်။

အိမ်ကိုရောက်လာတဲ့လူကြီးမင်းဟာ

“အဲဒီကလေးဟာ ဘယ်သူ့ကလေးလဲခင်ဗျာ”

“ ကျနော့်ရဲ့သားပါခင်ဗျာ”

“ဘယ်နှစ်တန်းရောက်နေပြီလဲ”

“ကျနော်တို့ကတောမှာနေရတော့ ဘယ်မှာကျောင်းထားနိုင်မှာလဲ”

“ဒီလိုဆိုရင် ဒီကလေးလေးကိုကျနော်တို့မြို့ကိုခေါ်သွားချင်တယ်။

ကျောင်းထားပေးပါရစေ”

ဒီလိုနဲ့ဖလန်းမင်းလေးကိုမြို့ကိုခေါ်သွားခဲ့တယ်။

လန်ဒန်မှာကျောင်းတက်ဖြစ်တယ်။ဆရာဝန်ဖြစ်လာတယ်။စိန့်မေရီဆေးရုံမှာအလုပ်လုပ်ရင်း

ဆရာဝန်ကြီးဖြစ်လာတယ်။ သုတေသနလုပ်ငန်းလုပ်ရင်းနဲ့ပေါင်မုန့်မှာတက်နေတဲ့မှိုကိုစမ်းသပ်လိုက်တော့

ဘက်တီးရီးယားပိုးတွေသေတာကိုတွေ့သွားခဲ့တယ်။

ဒါနဲ့ပဲ ပဋိဇီဝဆိုတဲ့ပင်နီစီလင်ဆေးကိုပထမဦးဆုံးရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီပင်နီစီလင်ဆေးဟာလူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။

ကမ္ဘာစစ်မှာ ဒဏ်ရာရစစ်သားတွေဟာအနာဖြစ်ပြီးမကျက်နိုင်

နောက်ဆုံးသေဆုံးသူတွေအမြောက်အများရှိပါတယ်။

ဒီလိုပဲ ကာလသားရောဂါဖြစ်သူတွေ

ကုစရာဆေးမရှိလို့သေဆုံးသူတွေအမြောက်အများရှိခဲ့ပါတယ်။

ရောဂါပိုးဝင်ပြီးဆေးဆုံးသူတွေအမြောက်အများကို

ပင်နီစီလင်ဆေးနဲ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။

တကယ်လို့ဒီဆေးကို မူပိုင်မှတ်ပုံတင်ခဲ့မယ်ဆိုရင်

ပထမဦးဆုံးရှာဖွေတွေ့ရှိသူဖြစ်တဲ့ဖလန်းမင်းဟာသန်းကြွယ်သူဋ္ဌေးကြီးဖြစ်လာဖို့ရှိပါတယ်။

ဖလန်းမင်းဟာ မူပိုင်မှတ်ပုံတင်ခြင်းမရှိပါဘူး။

ဒီဆေးဟာ လူသားပေါင်းမြောက်များစွာရဲ့အသက်ကယ်နိုင်တဲ့ဆေးဖြစ်တဲ့အတွက်

ဘယ်သူမဆိုအခမဲ့သုံးခွင့်ပြုခဲ့ပါတယ်။

နောက်ပြီးဖလန်းမင်းပြောခဲ့တာက

ဒီဆေးကိုဒီထက်ပိုပြီးကောင်းအောင်ဆက်လက်သုတေသနပြုဖို့တိုက်တွန်းခဲ့ပါတယ်။

ဒါဟာစိတ်ကောင်း၊စေတနာကောင်းသူတွေသာလုပ်နိုင်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။

ဒီတွေ့ရှိမှုကြောင့်ပဲ အလက်ဇန္ဒာရား ဖလန်းမင်းဟာ နိုဗယ်ဆုကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ဖလန်းမင်းရဲ့ဆေးနဲ့ပဲ တစ်ချိန်တုန်းက သူ့ရဲ့ဖခင် ကယ်တင်ခဲ့တဲ့လူကို ဒီဆေးနဲ့ပဲ

နောက်တစ်ကြိမ်ကယ်တင်နိုင်ခဲ့ပါတယ်။

အဲဒီအဖေရော၊သားပါ အသက်ကယ်ခွင့်ကြုံခဲ့ရသူဟာလည်းနောင်တစ်ချိန်မှာ

စာပေရေးရာနှင့်သက်ဆိုင်တဲ့နိုဗယ်ဆုကို ချီးမြှင့်ခြင်းကိုခံခဲ့ရပါတယ်။

အဲဒီလူရဲ့နာမည်ကတော့ ဝင်စတန်ချာချီပဲဖြစ်ပါတယ်။

ဝင်စတန်ချာချီဟာ အင်္ဂလန်နိုင်ငံရဲ့ဝန်ကြီးချုပ်အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးအောင်စွမ်းနိုင်ခဲ့ပါတယ်။

စစ်အတွင်း လူပေါင်းများစွာရဲ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သူလည်းဖြစ်ပါတယ်။

မထင်မှတ်ပဲဖလန်းမင်းရဲ့ဖခင်ရဲ့စိတ်ကောင်း၊စေတနာကောင်းနဲ့

အသက်ကယ်တင်မှုတစ်ခုပေါ်အကြောင်းပြုပြီး

လူသားပေါင်းမြောက်များစွာကိုကယ်တင်နိုင်တဲ့လူသားနှစ်ဦးပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီလူသားနှစ်ဦးဟာလည်း နိုဗယ်ဆုကိုယ်စီရရှိခဲ့ကြပါတယ်။

စိတ်ကောင်းစေတနာကောင်းရှိသူတစ်ယောက်ကအစပြုခဲ့တာကြောင့်

ရွံ့နွံအိုင်ထဲက နိုဗယ်ဆုနှစ်ဆုကိုရလိုက်သလို

ကမ္ဘာသူကမ္ဘာသားများစွာရဲ့အသက်လည်းချမ်းသာရာရခဲ့ပါတယ်။



No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com