Thursday, December 8, 2011

" ဆရာကြီးတဲ့ဗျာ..."


တစ်ခါတုန်းက တာချီလိတ်မြို့တာလော့ဈေးထဲတွင်

လူတစ်ယောက်ကြက်တူးရွေးကိုရောင်းနေတယ်။

တစ်ကောင်ကို လက်ဝဲလက်ပေါ်တွင် တင်ထားတယ်။

နောက်တစ်ကောင်ကို ညာဖက်လက်ပေါ်တွင်တင်ထားတယ်။

နောက်တစ်ကောင်ကိုတော့ ခေါင်းပေါ်တွင် တင်ထားတယ်။

ဝယ်လိုသူကိုတင်အေးကမေးတယ်။

"ခင်ဗျားရဲ့ဘယ်ဘက်လက်ပေါ်က ကြက်တူးရွေး ဘယ်လောက်ပေးရသလဲ"

"သုံးထောင်ကျပ်ကျပါတယ်"

"များလှချည်လား"

"ဒီကောင်က စကားပြောတတ်ရုံတင်မဟုတ်ဘူး။

အဆင့်မြင့်သချာင်္နဲ့ဓာတုဗေဒပညာကိုပါ နားလည်တာဗျ"

"ညာလက်ပေါ်ကကြက်တူးရွေးကရော"

"ငါးထောင်ပါ"

"ဈေးကြီးလှချည်လား"

"ဒီကောင်က သချာင်္၊ဓာတုဗေဒတင်တတ်တာမဟုတ်ဘူး။

အင်္ဂလိပ်၊ တရုပ်စကားတွေကိုပါ ကောင်းကောင်းပြောတတ်တယ်လေ"

"ဒီလိုဆိုရင် ခေါင်းပေါ်က အကောင်ကရော"

"တစ်သောင်းပါ"

"ဟ၊ ဒီကောင်က ဈေးအကြီးဆုံးပါလား၊သူဘာတတ်လို့လဲ"

"ဘာတတ်သလဲတော့မသိဘူး။

ဟိုနှစ်ကောင်က သူ့ကို ဆရာကြီးလို့ခေါ်ကြတယ်"


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com