Thursday, December 1, 2011

" မေးဖို့ဘယ်တော့မှ မရှက်ပါနဲ့..."




တစ်ခါတုန်းက ဂျပန်မှာ 'ဘိမုရာဇံ' ဆိုတဲ့
ဂျပန်ဘုန်းကြီးကျောင်းသားတစ်ယောက်ရှိတယ်။
အလွန်ဆင်းရဲလှပါတယ်။ ဘိမုရာဇံက ဥာဏ်ကောင်းတဲ့ကလေးဖြစ်တာကြောင့်
အမေရိကန်လင်မယားနှစ်ယောက်က မွေးစားလိုက်ပါတယ်။
စစ်ကြီးပြီးတော့ ဘိမုရာဇံကို အမေရိကားကိုခေါ်လာခဲ့ပါတယ်။
အမေရိကားကိုရောက်ပြီးမကြာခင်မှာပဲ
အမေရိကန်လင်မယားနှစ်ယောက်စလုံးရှေ့ဆင့်နောက်ဆင့်
ကွယ်လွန်သွားကြပါတယ်။
အားကိုးရမယ့်မွေးစားမိဘတွေကသေဆုံးသွားတော့
ဘိမုရာဇံ ဟာ တော်တော်ဒုက္ခရောက်ပါတယ်။
စားရေးတတ်၊ဖတ်တတ်တာမို့ လူငယ်လေးဟာ စာကြည့်တိုက်မှာ
အချိန်ပိုင်းအလုပ်လုပ်ရပါတယ်။
အလုပ်လုပ်ရင်းနဲ့ကျောင်းပြန်တက်ပါတယ်။
ဒါနဲ့ပဲ အထက်တန်းကျောင်းပညာကို အောင်မြင်သွားပါတယ်။
အမှတ်ကောင်းတာမို့ တက္ကသိုလ်ကျောင်းတက်တော့ စကော်လာရှစ်ရပါတယ်။
စကော်လာရှစ်ဆိုတာ ချမ်းသာလို့ရတာမဟုတ်ပါဘူး။
စာတော်လို့ရတာပါ။
ဆင်းရဲပေမယ့်စာတော်အောင်ကြိုးစားရင်ပညာသင်ဆုငွေဆိုတဲ့စကော်လာရှစ်ရနိုင်ပါတယ်။
ဆင်းရဲတာစိတ်အားငယ်စရာမဟုတ်ပါဘူး။
ဘိမုရာဇံ ဟာ စာမေးပွဲတွေအောင်မြင်ပြီး အဲဒီတက္ကသိုလ်ကျောင်းမှာပဲဆရာဖြစ်လာပါတယ်။
နောက်ပိုင်းမှာ ပါမောက္ခဖြစ်လာပါတယ်။
ဂျပန်မှာ အရမ်းဆင်းရဲတော့ ဇိမ်နဲ့မနေနိုင်ပါဘူး။
အရမ်းအလုပ်လုပ်ရပါတယ်။အရမ်းလည်းပင်ပန်းပါတယ်။
အမေရိကန်မှာက အလုပ်လုပ်ရတယ်ဆိုပေမယ့် ဇိမ်နဲ့နေနိုင်တယ်။

ရုပ်ဝတ္ထုပစ္စည်းတွေလည်းအရမ်းကိုပေါပါတယ်။

စည်းကမ်း၊ဥပဒေကလည်းအရမ်းကောင်းတယ်။

ပြည်သူတွေကိုအကာအကွယ်တွေပေးတယ်။

သတိပြုမိတာတစ်ချက်က

အခုအလုပ်လုပ်နေတဲ့တက္ကသိုလ်မှာ နိုဗယ်ဆုရသူတွေအများကြီးတွေ့ရတယ်။

နိုဗယ်ဆုက ဆွီဒင်နိုင်ငံကပေးတာပါ။

အမေရိကန်နိုင်ငံက အများဆုံးရတာကိုတွေ့ရတယ်။

ဂျပန်နိုင်ငံမှာ နိုဗယ်ဆုရသူတွေကိုရှာဖွေကြည့်တယ်။

ရသူတွေကိုမတွေ့ရဘူး။

စာသင်တာညံ့လို့ဖြစ်မယ်ထင်ပြီး

ဂျပန်တိုကျိုတက္ကသိုလ်ကို အလုပ်ပြောင်းလျှောက်လိုက်တယ်။

လွယ်လွယ်ကူကူပဲ အလုပ်ရလိုက်ပါတယ်။

တိုကျိုတက္ကသိုလ်ရောက်တော့ အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာနေရတယ်။

အိမ်ခန်းအနားက ပါမောက္ခကလည်းအခေါ်အပြောမရှိဘူး။

ဘယ်လိုပါလိမ့်။

အမေရိကန်မှာက သိသိ၊မသိသိ အလုပ်ခွင်မှာဆိုရင်ပြုံးပြုံးရွှင်ရွှင် နူတ်ဆက်ကြတယ်။

ဖော်ရွေမှုရှိကြတယ်။

ဘာဘဲဖြစ်ဖြစ် ကျောင်းသူကျောင်းသားတွေကို စာကြိုးစားပြီးသင်ပေးခဲ့ပါတယ်။

ကျောင်းသူ၊ကျောင်းသားတွေကလည်းအလွန်တော်ကြပါတယ်။

ကြိုးစားပြီးရေးကြ၊မှတ်ကြပါတယ်။

စားမေးပွဲဖြေတဲ့အခါမှာလည်း သင်တဲ့အတိုင်း ‘၏၊သည်မလွဲ’

ဖြေနိုင်ကြပါတယ်။

အမှတ်တွေလည်းအရမ်းကောင်းကြပါတယ်။

နောက်ဆုံးမှာ နိုဗယ်ဆုမရကြဘူး။

ဘာကြောင့်လဲဆိုတာလေ့လာကြည့်တော့

ဂျပန်ကျောင်းသူကျောင်းသားတွေက

ဆရာသင်သလောက်ပဲတတ်ကြတာကိုး၊

အမေရိကန်ကျောင်းသူ၊ကျောင်းသားတွေက တစ်မျိုး။

အမေးအမြန်းအရမ်းထူတယ်။

စောဒကလည်းအရမ်းတက်တယ်။

ဆင်ခြေတွေလည်းအမျိုးမျိုးပေးတယ်။

ဆရာသင်တာကို တတ်ချင်မှတတ်တယ်။

သူတို့တွေတတ်တာကျတော့ ဆရာတွေနဲ့မတူဘူး။

အသစ်အဆန်းအမျိုးမျိုးကို တွေးနိုင်တယ်။စမ်းသပ်နိုင်တာမို့

နိုဗယ်ဆုတွေကို ရတာဖြစ်ကြောင်းကိုသိလိုက်ရတယ်။

++++++++++++++++++

ရောမခေတ် ပညာရှိတစ်ဦးကို လူတစ်ယောက်က မေးကြည့်ဖူးပါတယ်။

“အရာအားလုံးလိုလိုကိုမေးတိုင်း ဘာကြောင့်များ သိနေရပါသလဲ”

ပညာရှိပြန်ဖြေတာက

“ကျုပ်ဟာ သိချင်တာကို မေးဖို့ဘယ်တုန်းကမှ မရှက်ခဲ့ဖူးဖူး။

မေးလို့သိတာပါ။

ပညာရှိဖြစ်ချင်ရင် မေးဖို့ဘယ်တော့မှ မရှက်ပါနဲ့”

++++++++++++++++++

‘၏၊သည်မလွဲ’

ကျက်ခိုင်းနေသမျှကာလပတ်လုံး

အကျိုးဖြစ်ထွန်းမယ့်ကျောင်းသူ၊ကျောင်းသားတွေထွက်ပေါ်လာမှာမဟုတ်ဘူး။

ပညာတတ်ဖြစ်ချင်ဖြစ်မယ်။

ပညာရှင်တော့ ဖြစ်ဖို့မလွယ်ဘူး။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးကိစ္စမှာလည်း

‘၏၊သည်မလွဲ’

ကျက်မှတ်တဲ့ပညာရေးစံနစ်ဟာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်လျက်ရှိနေပါတယ်။

နိုင်ငံကိုတိုးတက်စေချင်ရင်

‘၏၊သည်မလွဲ’ကျက်မှတ်တဲ့ပညာရေးပုံစံကိုပြောင်းလဲဖို့

အချိန်ရောက်ပြီဖြစ်ကြောင်း

သံချောင်းခေါက်လိုက်ချင်ပါတယ်။




No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com