Tuesday, November 8, 2011

" နိုးသွားမှာ စိုးလို့ပါကွယ်..."



တစ်ခါတုန်းက

လူငယ်စာရေးဆရာတစ်ယောက်ဟာ

စာပေဟောပြောပွဲ အတွေ့အကြုံမရှိတဲ့အတွက်

ပြင်သစ် စာရေးဆရာကြီး ထရက်ဆင် ဘားနတ်ဆိုသူကို ဆရာတင်ပြီးမေးမြန်းနေတယ်။

“ဆရာကြီး ခင်ဗျား၊

မိမိဟောပြောနေတာတွေကို နောက်ဆုံးမှာ ဘယ်လိုနိဂုံးချုပ်ရပါသလဲခင်ဗျာ”

ဘားနတ်က

“လွယ်ပါတယ်ကွာ၊

နိဂုံးချုပ်တော့မယ်ဆိုရင် မင်းရဲ့စာရွက်စာတမ်းတွေကို

အသာအယာ အရင်ကောက်ယူလိုက်ပါ။

ပြီးတော့ ပရိသတ်ကို ဦးညွတ် နှုတ်ဆက်ပြီး

အသာကလေး အသံမကြားအောင်ခြေဖျားထောက်ပြီး

အခန်းထဲက ထွက်သွားပေတော့”

“ဘာဖြစ်လို့ ခြေဖျားထောက်ပြီးထွက်သွားရမှာလဲခင်ဗျာ”


ဘားနတ်ပြန်ဖြေလိုက်တာက...

“ အိပ်ပျော်နေတဲ့ ပရိသတ်တွေ နိုးသွားမှာ စိုးလို့ပေါ့ကွာ”


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com