Saturday, October 29, 2011

"တန်ရာတန်ဖိုးကို အမြင့်ဆုံးယူပါ..."


တစ်ခါတုန်းက ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆိုဟာ

စားသောက်ဆိုင်တစ်ခုမှာ ထိုင်စားနေတုန်း

အမျိုးသမီးကြီးတစ်ယောက်က ပီကာဆိုကို မိတ်ဆက်လာပါတယ်။

ပြီးတော့ ကမ္ဘာကျော်ပန်းချီဆရာကြီးမှန်းလည်း သိသွားတဲ့အခါ

စားသောက်ဆိုင် မှာရှိတဲ့ တစ်သျှူးစက္ကူနဲ့ ပုံတစ်ပုံကို ဆွဲခိုင်းပါတယ်။

ပီကာဆိုက ဆွဲပေးပြီး

ဒေါ်လာ တစ်ထောင် ပေးပါ

လို့တောင်းပါတယ်။

အမျိုးသမီးက

အိုစက္ကန့် ၃၀ လောက်ပဲကြာတဲ့ဥစ္စာ၊

ဒီလောက်တောင် ပေးရသလား

လို့ ပြောတဲ့အခါ

ပီကာဆိုက

ဒီလို ဆွဲတတ်အောင်

ကျုပ် နှစ်ပေါင်း ( ၄၀ ) တိတိလေ့ကျင့်ခဲ့ရတာဗျ

လို့ပြန်ပြောလိုက်ပါတယ်။

++++++++++++++++++

အကောင်းဆုံး ဝန်ဆောင်မှုပေးပြီး

တန်ရာတန်ဖိုးကို အမြင့်ဆုံးယူပါ။

++++++++++++++++++

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com