Friday, September 2, 2011

“ လူနာက ဘယ်သူလဲ?...“


တာချီလိတ်မြို့ကဟိန်းဆေးခန်းမှာဖြစ်တယ်။

တစ်နေ့တော့

ညဖက်မှာ အိပ်မပျော်ဘူး၊

မိသားစုကိစ္စကြောင့် စိတ်ဓာတ်တွေကျတယ်လို့ပြောတဲ့

လူနာ ကိုသိန်းအောင်ကို သေသေချာချာစမ်းသပ်ပြီး

စိတ်ငြိမ်ဆေးပေးလိုက်ပါတယ်။

နောက်တစ်ပတ်အကြာမှာ လူနာက ဆေးခန်းကို

ပြန်ရောက်လာပြီး အားရပါးရလာပြောပါတယ်။


စိတ်ငြိမ်ဆေးသောက်ပါ။

လုံးဝ အနားယူပါလို့ ဒေါက်တာ

ကျနော့်ကို ပြောခဲ့တယ်နော်


ဟုတ်တယ်၊

ကျနော်ပြောခဲ့တယ်


လူနာကိုသိန်းအောင်က...

ကျေးဇူးတင်လိုက်တာဆရာရယ်


ကျနော်က

ဘာလဲ၊ ခင်ဗျား နေကောင်းသွားပြီးလား


လူနာကိုသိန်းအောင်က

လုံးဝ ကောင်းသွားပြီ ဆရာ၊

ကျနော့်မိန်းမကို စိတ်ငြိမ်ဆေး ပေးသောက်လိုက်တယ်


"ဘာကြောင့်လဲကိုသိန်းအောင်"


လူနာကိုသိန်းအောင်က

" ကျနော့်မိန်းမကြောင့် ကျနော် စိတ်ဓာတ်တွေကျနေတာ၊

သူ့ကိုဆေးတိုက်တော့ သူကောင်းကောင်းအိပ်တယ်လေ၊

သူဆူတာ၊အော်တာ၊စကားများတာမရှိတော့ ကျနော်လည်းကောင်းသွားတာပေါ့"

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com