Monday, September 26, 2011

“ အမှားမရှိရင် ဘာဖြစ်မလဲ…”



အမှားမရှိရင် ကိုယ့်မှာ

ကြီးပွားမှု၊

တိုးတက်မှု၊

အောင်မြင်မှု၊

မရှိနိုင်ဘူး။

+++++++++++++++++++++++

အထီးကျန် မဖြစ်ချင်ရင် ဘာလုပ်ရမလဲဆိုတော့

ကိုယ့်ကိုကို ချစ်ပါ။

ကိုယ့်အလုပ်ကို ကိုယ်စိတ်ဝင်စားပါ။

လူတွေကို တန်းတူရည်တူဆက်ဆံပါ။

လူတွေကို စိတ်ဝင်စားပါ။

လူတွေကို မေတ္တာပေးပါ။

နားလည်မှုပေးပါ။

သူ့အလိုအလျောက်ပေးလာတဲ့ချစ်ခင်မှုကို တန်ဖိုးထားပါ။

+++++++++++++++++++++++

ရင့်ရင့်ကျက်ကျက်၊

ခိုင်ခိုင်မာမာ

တစ်ကိုယ်တည်းနေနိုင်အောင်

ကြိုးစားကြပါ။

+++++++++++++++++++++++

ကိုယ့်အမှားတွေကို ကိုယ်ကြည့်ပြီး

သိပြီးတော့ ပြင်ပြီးနေသွားရတာ

ဘဝမှာကျေနပ်စရာ အကောင်းဆုံးအလုပ်ပါ။

အားရစရာ အကောင်းဆုံးအလုပ်ပါ။

+++++++++++++++++++++++

အမှားကို လက်ဆင့်ကမ်းလိုက်တာဟာ

ရောဂါတစ်မျိုးကို ကူးစက်အောင်

လုပ်လိုက်တာနဲ့ အတူတူပဲ။

ရောဂါကူးအောင်လုပ်တာဟာ အပြစ်ရှိသလို၊

အမှားကို လက်ဆင့်ကမ်းတာဟာ လည်း အပြစ်ရှိပါတယ်။

+++++++++++++++++++++++

ဆရာတော် ဦးဇောတိက



No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com