Thursday, August 11, 2011

“ ဗုဒ္ဓရဲ့အဆုံးအမ…”


၁။ ။နေ့စဉ်ဝင်ငွေရဲ့လေးဖို့ နှစ်ဖို့ကို

လည်ပတ်ငွေ အဖြစ်သတ်မှတ်ပါ။

(2/4)=(1/2)=50%

၂။ ။တစ်ဖို့ကို အရေးပေါ်လိုအပ်ချက်အတွက်

အရန်သင့် ဆောင်ထားပါ။

(1/4)=25%

၃။ ။တစ်ဖို့ကို စားသောက်၊

လှူဒါန်းရေးအတွက် သုံးစွဲသင့်ပါတယ်။

(1/4)= 25%

+++++++++++++++++++++++++++++++++++++++++++++++++

ဘယ်နေရာရောက်ရောက်

ဘာအလုပ်ပဲလုပ်လုပ်၊

မိမိလုပ်မယ် လို့ ဦးတည်ထားတဲ့အာရုံပေါ်

စိတ်ကို ကျရောက်နေစေဖို့

သတိနဲ့အမြဲထိန်းပေးရမယ်။

စိတ်ကို သတိနဲ့အမြဲထိန်းပေးရင်

ဘာဝနာဖြစ်တယ်။

( ယောဆရာတော် )

+++++++++++++++++++++++++++++++++++++++++++++++++

သတိထား၊ သတိရှိ…”


စိတ်ပါရင် အိပ်ရာက ရိပ်သာဖြစ်တယ်။

စိတ်မပါရင် ရိပ်သာက အိပ်ရာဖြစ်တယ်။

+++++++++++++++++++++++++++++++++++++++++++++++++

သတိဆိုတာ

၁။ ။ဘာလုပ်မယ်၊

ဘာကို အာရုံပြုမယ်ဆိုတဲ့

အာရုံကို ပုံဖော်ပေးတယ်။

၂။ ။ဒီအာရုံနဲ့စိတ်ကို တွဲကပ်ပေးတယ်။

၃။ ။ရည်ရွယ်ချက် မပြီးမြောက်သမျှ

အာရုံမပျောက်အောင်

အသိနဲ့အာရုံကိုလည်း တွဲစပ်ပေးထားတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com