Wednesday, August 3, 2011

"ယောကျာ်များရဲ့  စေတနာ..."


တစ်နေ့တွင်

သွားအထူးကုဆရာဝန် တစ်ဦးထံဖုန်းဝင်လာတယ်။

ကိုအေးကိုက

“ဆရာ……ဆရာဆီမှာသွားနှုတ်ရင်ဘယ်လေက်ကုန်မလဲ”


ဆရာဝန်ဒေါက်တာမောင်မောင်က

………………..

“အကောင်းဆုံးနှုတ်မယ်ဆိုရင်ဒေါ်လာ ၅၀ ပါ”


ဖုန်းဆက်သူကိုအေးကိုက

“ဒီထက်နည်းတာရှိသေးလား”


ဆရာဝန်က

“အင်းဒီထက်ဈေးနည်းတာဆို

ထုံဆေးမထိုးဘူး နည်းနည်းတော့နာမယ်

ဒေါ်လာ ၄၀ ကျမယ်”

…………………………..

“ဒီထက်နည်းတာရှိသေးလား”

ဆရာဝန်က စိတ်ရှုတ်လာပါတယ်။

“ဒီထက်နည်းတာဆို လက်ထောက်ဆရာဝန်နဲ့နှုတ်ရမယ်

စိတ်တော့ချရပါတယ်

ဒေါ်လာ ၃၀ နဲ့ ရမယ်”


“ဒီထက်နည်းတာရှိသေးလား”

ဆရာဝန်က ပိုပြီးစိတ်ရှုတ်လာဟန်နဲ့...


“ဒီထက်နည်းချင်ရင်တော့

ဒရ၀မ်နဲ့နှုတ်လိုက်မယ် တော်တော်တော့နာမယ်

လက်ရာလည်းမကောင်းဘူး

ဒေါ်လာ၂၀နဲ့ရမယ်”


“ဒီထက်နည်းတာတော့မရှိတော့ဘူးပေါ့”

ဆရာဝန်

“အင်း…”

“အဲ့ဒါဆို သူနဲ့ပဲ နှုတ်မယ်ဆရာ

ခဏနေ ကျွန်တော့မိန်းမကိုလွှတ်လိုက်မယ်”

ဆရာဝန်မောင်မောင်က

စိတ်မပါတပါနဲ့

“အင်း………..”

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com