Thursday, June 9, 2011

“အရှုံးထဲက အမြတ်…”



အင်္ဂလန်ပြည် ကျေးရွာလေးတစ်ရွာမှာ

ဘုရားရှိခိုးကျောင်းတစ်ကျောင်းရှိပါတယ်။

အဲဒီဘုရားရှိခိုးကျောင်းဟာ

လယ်ကွင်းများမှာရှိတဲ့ ကျောက်တုံးတွေနဲ့ဆောက်လုပ်ထားပါတယ်။

တစ်ချိန်တုန်းကတော့ လယ်ကွက်တွေထဲမှာ အဲဒီကျောက်တုံးတွေရှိနေတဲ့အတွက်

ထွန်ယက်ရာမှာ အခက်အခဲများစွာရှိခဲ့ပါတယ်။

လယ်သမားအများစုကတော့ အဲဒီကျောက်တုံးတွေကို ကျိန်ဆဲကြပါတယ်။

ဒါပေမယ့်

လယ်သမားတွေထဲက လယ်သမားနှစ်ဦးကတော့ အဲဒီကျောက်တုံးတွေကို

အသုံးချပြီး ဘုရားရှိခိုးကျောင်းတစ်ကျောင်းဖြစ်အောင် တည်ဆောက်ခဲ့ကြပါတယ်။

အဲဒီအကြောင်းကို တရားဟောဆရာက အားလုံးသိနေပါတယ်။

ဘုရားကျောင်းပြီးစီးတဲ့အခါမှာတော့ တရားဟောဆရာက

“ သာမန်ကျောက်တုံးတွေကို သုံးပြီး အလွန်လှပတဲ့ဘုရားကျောင်းကို

အနားမှ ဖြတ်သွားတဲ့လူတိုင်း

သိစေချင်ပါတယ်။

ဒီလိုလှပတဲ့ ဘုရားကျောင်းဟာ

လယ်ကွက်ထဲမှာ အခက်အခဲအဟန့်အတားဖြစ်နေတဲ့ ကျောက်တုံးတွေနဲ့

တည်ဆောက်ထားတယ်ဆိုတာ အမြဲတမ်းသတိရစေချင်ပါတယ်။

အဲဒီလိုပါပဲ

ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲ အဟန့်အတားတွေနဲ့

သာယာလှပတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်တယ်ဆိုတာ

အမြဲတမ်းသတိရနေစေချင်ပါတယ်”

လို့ တရားထဲမှာ ထည့်သွင်းဟောကြားခဲ့ပါတယ်။


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com