Sunday, May 1, 2011

“ စိတ်ရဲ့အလှ...”


စိတ်ရဲ့အလှဟာ အဆင့်မြင့်တယ်။

အမှန်တရားဟာ အဆင့်မြင့်တဲ့အလှဖြစ်တယ်။

စိတ်ထားသန့်ရှင်းလှပလေ၊

အမှန်တရားကို သိဖို့လွယ်လေပဲ။

+++++++++

အလှတရားဆိုတာ

ကိုယ့်စိတ်ကို ရွှင်လန်းမှုနဲ့ ငြိမ်းချမ်းမှုဆိုတဲ့

ခံစားမှု နှစ်မျိုးကို

တပြိုင်နက် ပေးနိုင်တဲ့ အတွေ့အကြုံပါ။

+++++++++

တရားဟာ စိတ်ကို

သန့်ရှင်းစေတယ်။

တည်ငြိမ်စေတယ်။

အေးချမ်းစေတယ်။

ရွှင်လန်းစေတယ်။

ကောင်းတာမှန်သမျှ လှတာချည်းတွေပဲ။

+++++++++

As a white candle in a holy place.

So is the beauty of an aged face,

( Joseph Campbell )

အသက်ကြီးရင့်တဲ့ သူရဲ့ ( တည်ငြိမ်အေးဆေးတဲ့ ) မျက်နှာအလှ

ဟာ မြင့်မြတ်တဲ့နေရာ (ဘုရားစင်ခန်း)မှာ တွန်းထားတဲ့

အဖြူရောင် ဖရောင်တိုင်ကြီးလိုပဲ။

+++++++++

အေးဆေးတည်ငြိမ်ပြီး ကျက်သရေရှိတဲ့

ကိုယ်အမူအရာ၊

နူတ်အမူအရာရှိတဲ့

သူဟာ ချစ်သူခင်သူပိုများတယ်။

+++++++++

တိတ်ဆိတ်မှုဟာ

အသိဉာဏ် လေးနက်မှုအတွက်

အရေးကြီးတယ်။

+++++++++

တိတ်ဆိတ်နေခြင်း၊

အေးချမ်းနေခြင်း၊

ငြိမ်သက်ခြင်းဟာ

လှပခြင်းရဲ့ အနှစ်သာရ တစ်ခုဖြစ်ပါတယ်။

+++++++++

စည်းကမ်းရှိတဲ့စိတ်ဟာ

အင်မတန်ခံစားလို့ကောင်းတယ်။

အရသာရှိတယ်။

နှစ်သက်စရာ ကျေနပ်စရာကောင်းတယ်။

+++++++++

အလှအပမှာ healing effect ရှိတယ်။

အလှအပဟာ

စိတ်အတွက် ဆေးတစ်မျိုးဖြစ်တယ်။

ရောဂါ ပျောက်သွားအောင် လုပ်ပေးနိုင်တဲ့

အစွမ်းသတ္တိရှိတယ်။

ကျန်းမာရေးမကောင်းရင်

သန့်ရှင်းတဲ့နေရာ၊

လှပတဲ့နေရာမှာ နေဖို့ပိုပြီး

လိုအပ်ပါတယ်။

စိတ်ကို အနားပေးသင့်တယ်။

+++++++++

တကယ်စွမ်းအားကြီးတဲ့သူဖြစ်ချင်ရင်

စိတ်ထားတည်ငြိမ်အေးချမ်းအောင်

လေ့ကျင့်ရမယ်။

ဉာဏ်ပညာရင့်ကျက်အောင် လေ့ကျင့်ရမယ်။

စစ်မှန်တဲ့မေတ္တာစိတ်ရှိအောင် လေ့ကျင့်ရမယ်။


(ဆရာတော်ဦးဇောတိက)

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com