
အင်္ဂလန်နိုင်ငံမှ လောင်စ်ဟန်းက ရဲသားတစ်ဦးက 
ကားသူခိုး လူငယ်နှစ်ဦးကို လက်ပူးလက်ကြပ်ဖမ်းမိပါတယ်။
ကားသူခိုးနှစ်ဦးဟာ အဖမ်းခံရချိန်မှာ ကားကို တစ်မိုင်လောက်ကို 
တွန်းခဲ့ပြီးဖြစ်ကြောင်းပြောတယ်။
ဘာကြောင့် ကားစက်မနိုးတာကို သူတို့နားမလည်ကြောင်း
ရဲသားအားသူတို့ဝန်ခံပါတယ်။
ကားသော့ကို စက်နှိုးတဲ့သော့ပေါက်မှာတတ်ထားပြီး သော့ဖွင့်ထားပါတယ်။
ရဲသားများစစ်ဆေးကြည့်တော့မှ အကြောင်းရင်းကို တွေ့ပါတော့တယ်။
ကားမှာအင်ဂျင်မရှိပါ။
ကားပိုင်ရှင်က အင်ဂျင်အဟောင်းကို ဖြုတ်ထုတ်ပြီး 
အင်ဂျင်အသစ်ကို မတပ်ဆင်ရသေးချိန်မှာ ကားကို အခိုးခံရခြင်းဖြစ်ပါတယ်။
တန်ရာတန်ဖိုးမပေးပဲနဲ့ ရတယ်ဆိုတာ မရှိသလို
အလကားစားရတဲ့ ထမင်းဆိုတာလည်း မရှိပါ။
တကယ်အောင်မြင်ဖို့အတွက် အလွယ်လမ်းဆိုတာမရှိပါ။
စွန့်လွှတ်မှု မရှိဘဲ အောင်ပွဲ မခံနိုင်ပါ။
တစ်နေ့တာ ရယူထားတဲ့ အဖိုးအခနဲ့ညီတဲ့အလုပ်ကို 
မလုပ်ဆောင်ခြင်းတာလည်း 
အင်ဂျင်မပါတဲ့ ကားကို တွန်းပြီး စက်နှိုးတာနဲ့တူပါတယ်။
တွန်းရလေလေ ရေရှည်မှာ အရှုံးသမားဖြစ်လေလေဖြစ်ပါတယ်။
 
 

No comments:
Post a Comment