Friday, December 31, 2010

“ ငိုစရာလားကွယ်… ”


တစ်ခါတုန်းက

လယ်သမား သားအဖ နှစ်ဦးဟာ လယ်လုပ်ငန်းလုပ်ဖို့ လယ်တောကို သွားတယ်။

မကြာခင်မှာပင် သားဖြစ်သူဟာ မြွေကိုက်ပြီးသေဆုံးသွားပါတယ်။

ဖခင်က သားသေမှန်းသိလျက် လုပ်စရာကို ဆက်လုပ်ပါတယ်။

ပြီးမှ ကျန်မိသားစုအဖွဲ့ဝင်တွေကို လူကြုံနဲ့အခေါ်လွှတ်လိုက်တယ်။

အားလုံးစုရုံးမိတော့ သားသေကို မီးသင်္ဂြုလ်ကြတယ်။

ဘယ်သူမှ မငိုကြွေးကြဘူး။


လယ်သမားမိသားစုဟာ သားသေဆုံးသွားပေမယ့်လည်း

ဝမ်းနည်းကြေကွဲတာ မရှိတော့

လူတစ်ယောက်က အံ့သြပြီးမေးကြည့်ရာ


ဖခင်က

မြွေဟာ အရေလဲသလိုပဲ သေတဲ့သားဟာလည်း

မိမိကိုယ်ကို စွန့်ပြီးဘဝသစ် တမလွန်ဘဝကို သွားတာဖြစ်ပါတယ်။

ဒါကြောင့် ဝမ်းမနည်းပါ။

မိဘမောင်ဖွားတွေ ၊ ဆွေမျိုးတွေ ငိုတာကိုလည်း သေသူသားက မသိပါ။

သူ့ကံအတိုင်း သူသွားပါပြီ


မိခင်က

မခေါ်ဘဲနဲ့ လာပြီး နူတ်ဆက်ခွင့်မပြုဘဲ သွားသလိုပါပဲ။

သတ္တဝါတွေဟာ အိမ်သူအိမ်သား အသိုင်းအဝိုင်းမှာ

အလိုအလျောက်လာပြီး ခွင့်မလွှတ်ပေမယ့်လည်း

ဘဝတစ်ပါးကို သွားတဲ့အတွက် ငိုကြွေးစရာမလိုပါ


ညီမငယ်က

သေသူအတွက် ငိုကြွေးတာဟာ မျက်ရည်ကုန်ခမ်း

လူပင်ပန်းပြီး ပိန်သွားဖို့ပဲဖြစ်တယ်။

အကျိုးမရှိပါ။ ဒါကြောင့်မငိုပါ


ဇနီးသည်က

သေတဲ့သူကိုတောင့်တပြီး စိုးရိမ် ငိုကြွေးတဲ့သူဟာ

လပြည့်ဝန်းကို မြင်ပြီး ပေးပါ၊ ပေးပါ

တစာစာ ငိုကြွေးတဲ့သူငယ်လိုပဲ မဖြစ်နိုင်ဖွယ်ရာသာ ဖြစ်တယ်


ကျွန်မက

သေတဲ့သူကို တမ်းတပြီး စိုးရိမ်ငိုကြွေးတဲ့သူဟာ

ကွဲသွားတဲ့အိုးကို ပြန်လည်ဆက်သလိုပါပဲ

မဖြစ်နိုင်ဖွယ်ရာသာ ဖြစ်တယ်။

ဒါကြောင့် မငိုပါ။


မိသားစုအားလုံးရဲ့အဖြေတွေကို အနှစ်ချုပ်ကြည့်လိုက်တော့

သေတဲ့သူဟာ

မိဘ၊ဆွေမျိုး၊ ညီအစ်ကို၊ မောင်နှမတို့ရဲ့ စိုးရိမ်ပူဆွေး၊

ငိုကြွေးနေတာကို မသိနိုင်ပါ။

ဘဝတစ်ပါးကို သွားပြီးဖြစ်တဲ့အတွက် ဝမ်းမနည်း၊

မငိုကြွေးကြတာကိုတွေ့ရပါတယ်။

Ref; (ဥရဂဇာတ်မှ.)

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com