Saturday, December 25, 2010

“ ဒေါသ…”



ရေမပါဘဲ သဲကန္တာရထဲကို ခရီးသွားနိုင်တဲ့ စွမ်းရည်ရှိသလိုပင်

ကုလားအုပ်များတွင် ရန်တုံ့ပြန်တတ်တဲ့ စိတ်ထားနဲ့ စိတ်ပျက်စရာ၊

ကြောက်စရာကောင်းတဲ့ စိတ်နေစိတ်ထားလည်း ရှိပါတယ်။

တစ်နည်းနည်း မတုံ့ပြန်ရရင် မကျေနပ်တတ်ပါ။

မှားမှားယွင်းယွင်းသော်လည်းကောင်း၊

မှန်မှန်ကန်ကန်သော်လည်းကောင်း၊

သူမသိ၊

ဒါမှ သူကျေနပ်ပါတယ်။


အဲဒီသဘာဝကို သိထားတဲ့ ကုလားအုပ်နဲ့ခရီးသွားသူများ

ကုလားအုပ်ကို ကြာရှည်စွာ အသုံးပြုများဟာ

လူကို မထိခိုက်စေဘဲ

သူရဲ့ ကလဲ့စားချေလိုတဲ့ ဆန္ဒကို

ဖြည့်ဆည်းပေးတဲ့နည်းကို သုံးကြပါတယ်။

ကုလားအုပ်မောင်းသူဟာ ကုလားအုပ်ကို ဒေါသထွက်အောင်

တစ်နည်းမဟုတ် တစ်နည်း လုပ်မိခဲ့ရင်

သူဟာ ချက်ခြင်း ကုလားအုပ်ရဲ့မျက်ကွယ်ရာကို ပြေးသွားတတ်ပါတယ်။


ကုလားအုပ်ဖြတ်သွားမယ့် လမ်းဘေးနားမှာ ပုန်းကွယ်နေပါတယ်။

အဲဒီနောက် သူရဲ့ အဝတ်အထည်များကို ချွတ်ပြီး

လမ်းမှာ ပုံထားပါတယ်။

ကြည့်လိုက်ရင် လူတစ်ဦး အိပ်နေသလို ထင်စေပါတယ်။

ကုလားအုပ်မှာ အဲဒီလမ်းအတိုင်း ရောက်လာပါတယ်။

သူအား နာကျင်အောင်လုပ်သူရဲ့ အဝတ်တွေကို မြင်ရင်

အဲဒီအဝတ်အထည်တွေကို အနံ့ခံကြည့်ပါတယ်။

အဲဒီနောက် အဲဒီအဝတ်ပုံကို နည်းမျိုးစုံ နင်းချေမွပါတော့တယ်။

အဝတ်စတိုင်းကို လှုပ်ရမ်းခါပြီး အားလုံး တစ်စစီဖြစ်အောင်

ခြေနဲ့ကြမ်းကြမ်းရမ်းရမ်း နင်းချေပစ်ပါတယ်။


အဲဒီလိုလုပ်ပြီးနောက် ကျေနပ်သွားတဲ့အခါမှ

ခရီးဆက်သွားပါတော့တယ်။

အဲဒီအချိန်ရောက်တော့မှ ကုလားအုပ်မောင်းသမားဟာ

ကွယ်ရာက ထွက်လာပြီး သူ့စိတ်ကြိုက်လက်စားချေပြီးတဲ့

ကုလားအုပ်အပေါ်ကို တက်စီးပြီးခရီးဆက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com