သက်တော်(၁၀၂)နှစ် နေသွားရတဲ့ 
စစ်ကိုင်းရွှေဟင်္သာတောရဆရာတော်ကြီးကို
အသက်ရှည်အောင်နေနည်း ခဏခဏမေးမြန်းလွန်းလို့
ဆရာတော်က 
သက်ရှည်၊ကျန်းမာခြင်းရဲ့ အဓိက အချက်သုံးချက်ကို 
ဟောပြောခဲ့ပါတယ်။
“နည်းနည်းစား၊
များများလျှောက်၊
ခေါင်းကြည်အောင်ထား၊ ”
လို့ ဟောပြောခဲ့ပါတယ်။
ခေါင်းကြည်အောင်ထားဆိုတာက
စိတ်ချမ်းသာစရာ၊
ကုသိုလ်ဖြစ်စရာကိုသာတွေးပါ။
စိတ်ဆင်းရဲစရာ၊
အကုသိုလ်ဖြစ်စရာကိုမတွေးနဲ့လို့ပြောလိုရင်းပါပဲ။

 
 

No comments:
Post a Comment