ကလေးမလေးတစ်ဦးဟာ လန်ဒန်ရှိ ပျံကျရပ်ကွက်တစ်ခုအတွင်း
မှောင်မိုက်တဲ့ လမ်းကျဉ်းကလေးတစ်ခုတွင် နေထိုင်ပါတယ်။ 
ဒါပေမယ့် ပန်းအလှပြိုင်ပွဲ တွင်
သူမဟာ ပထမဆု ဆွတ်ခူးခဲ့ပါတယ်။
ဆုရွေးချယ်ရေးအဖွဲ့ဝင်လူကြီးများက ပထမဆုရသွားတဲ့ ကလေးမလေးကို
 “ဒီလောက် မှောင်မိုက်ပြီး နေရောင်ရဖို့ ခက်ခဲတဲ့နေရာမှာ 
သမီးစိုက်ခဲ့တဲ့ ပန်းပင် ဘယ်လိုရှင်သန်နေတာလဲ” 
လို့မေးကြပါတယ်။
ကလေးမလေးက သူမရဲ့ လျှို့ဝှက်ချက်ကို ရှင်းပြပါတယ်။ 
“ ကျူမနေတဲ့လမ်းထဲကို နေရောင်တန်းလေးစဝင်လာနဲ့
 တစ်ပြိုင်နက် ပန်းအိုးကို အဲဒီနေရောင်တန်းတည့်တည့်တွင် 
ရွှေ့ပြောင်းပြီး ချထားလိုက်ပါတယ်။ 
နေရောင်ခြည်တန်းသွားတဲ့လမ်းကြောင်းအတိုင်း ပန်းအိုးကို လိုက်ရွှေ့ပေးပါတယ်။
ဒီနည်းနဲ့ ကျမ စိုက်ထားတဲ့ ပန်းအိုးဟာ တစ်နေ့တာလုံး နေရောင်ကို ရနေပါတော့တယ်။”
လို့ပြောပြပါတယ်။ 

 
 

No comments:
Post a Comment