ရှေးရှေးတုန်းက ရွာတစ်ရွာမှာ သားသေတဲ့ အသုဘတစ်ခုက 
ရွာဦးကျောင်းက ဘုန်းကြီးကိုပင့်လို့ လိုက်ပါသွားသတဲ့။ 
သုဿန်မှာ သီလပေး ရေစက်ချပြီး ဘုန်းကြီးက တရားဟောသတဲ့။ 
တရားကတော့ လူ့ဘဝမှာ သေမျိုးချည်းပဲ၊ 
ဘုရား၊ရဟန္တာသော်မှ လွန်ဆန်လို့မရသော အနိစ္စတရားကြီး ဖြစ်ကြောင်းများကို 
ဟောကြားတော်မူတာပေါ့။
ဒီလိုဘုန်းကြီးက ကျကျနန ဟောပေမယ့် တရားနာတဲ့ အထဲက 
အသုဘရှင်အဒေါ်ကြီးကတော့ သူ့မရဲ့သားသေတဲ့ကိစ္စပဲ စိတ်ရောက်နေလေတော့ 
တရားသံဟာ မကြားတစ်ချက်၊ ကြားတစ်ချက်ပေါ့လေ။ 
တရားအဆုံးသတ်ပြီးတဲ့နောက် 
ဘုန်းကြီးက“ ဒကာမကြီး ဘုန်းကြီးဟောတဲ့ တရားများမှတ်မိရဲ့လား?”လို့မေးတော့
“သားစိတ်ကြောင့် မမှတ်မိပါဘုရား၊ ဒါကြောင့် ပြန်ဟောပါဦး”လို့တောင်းပန်သတဲ့။ 
ဒီတော့ ဘုန်းကြီးက
“အင်း….ဒကာမကြီးလဲ ဘုန်းကြီးဟောတဲ့တရားလဲမမှတ်မိ၊ 
ဘုန်းကြီးကလဲ အလှူပစ္စည်းကနည်းပါး၊ 
တပည့်တွေကများလို့ ကျောင်းကဦးပဉ္စင်းတွေ ဝေလောက်ပါ့မလား
လို့ တွေးရင်းဟောရတာမို့ ကိုယ်ဟောတဲ့တရား 
ကိုယ်မမှတ်မိလို့ ထပ်ဟောလို့မဖြစ်ပါဘူး”လို့ ပြောသတဲ့။ 

 
 

No comments:
Post a Comment